Saturday, October 27, 2007

ခေါင်းမာတဲ့ အကျင့်

တမူထူးခြားတဲ့ အမူအကျင့် ဆိုပြီး ပို့စ်တခုလဲ တင်ဖူးတယ်။ အဲဒီတုန်းကတော့ tag လုပ်ထားလို့ (၁၀)ချက်ဆိုပြီး ရေးလိုက်ဖူးတယ်။ နောက်ထပ် ကလေးဘ၀ အမှတ်တရ ဆိုပြီး ကျမ ငေးတတ်တဲ့ အကျင့် လေးအကြောင်းလဲ ပို့စ်တခု ရေးဖူးတယ်။ ခုတခါ သုံးစားမရတဲ့ အကျင့် တခုအကြောင်းရေးဦးမယ်။ အဲဒါက ခေါင်းမာတာပဲ။ ဘယ်လောက်ထိခေါင်းမာသလဲ မမေးနဲ့ ။(ခေါက်ကြည့် ဒေါင် ဒေါင် မြည်၏။ အဟိ စတာနော်)

ငယ်ငယ်တုန်းက ဆိုရင် အိမ်ရှေ့မှာ ဈေးသည်တွေ တသည်ပြီး တသည်အော်ပြီး ဖြတ်သွားတိုင်းလဲ တံမြက်စည်းသည်ကို သပြက်သီး(စပျစ်သီး) မှတ်လို့ ၀ယ်မကျွေးရကောင်းလားဆိုပြီး ဆိုဖာခုံအောက် မုံ့ပုံးဖွက်စားပြီး တနေကုန်ပုန်းလို့ စိတ်ကောက်ဖူးသကွ။

မုံ့ဖိုးပေးတိုင်းလဲ အဲဒီခေတ်တုန်းက ၁ကျပ်မှ လိုချင်တာ ငါးမူးပဲရရင် မကျေမချမ်းနိုင်ပဲ တံခါးကြားထဲ ၀င်ဝင်ပုန်းပြီး စိတ်ကောက်နေတတ်တာ။ ၁ကျပ်မပေးမချင်း ထွက်ကိုမလာတာလေ။

ထမင်းစားတိုင်းလဲ ဟင်းကို အသီးအရွက်စားဖို့ သေမလောက်ငြင်းတာ။ အသားပဲ ရွေးစားလို့ အသီးအရွက်မစားမချင်း ကျောင်းပေးမသွားလို့ ကျောင်းနောက်ကျတဲ့ ရက်တွေလဲ ရှိသဗျ။


ဒါပေသိ အဲဒါတွေက ငယ်တုန်းကလေ။ အသက်ကလေးကြီးလာတော့လဲ ခေါင်းမာမာနေတာထက် အားလုံးနဲ့ အလိုက်အထိုက် လိုက်လျောညီထွေ နေတတ်အောင် ပြုပြင်ပြောင်းလဲရင်း ကိုယ့်ခံယူချက်တွေ ဘယ်လောက်ပြင်းထန်နေပါစေ အလျှော့ပေးလို့ ပေါင်းသင်းဆက်ဆံတတ်ခဲ့တယ် လို့ ထင်ပါတယ်။

မနေ့ညကတော့ မီးပုံးပျံတွေလွှတ်ကြတယ်။ သူငယ်ချင်းတစ်ယောက်က မိတ်ဆွေကောင်းပီသစွာနဲ့ ဒီနေရာမှာ ဒီလို မလွှတ်ဖို့တားတယ်။ ငါက လက်နဲ့ ရေးတယ်။ နင်က ခြေနဲ့ ဖျက်တယ် (အဲ ခြေနဲ့ ဖျက်တာတော့ ဟုတ်ဘူးဟ)။ နောက်ဆုံးတော့ ကိုယ်ကလဲ ခေါင်းမာစွာနဲ့ လွှတ်ဖြစ်အောင် လွှတ်လိုက်တယ်။ ရန်ဖြစ်မလိုဖြစ်ခဲ့လို့ စိတ်မကောင်းပါဘူး။ တကယ်တော့ ငါတို့က ဘောလုံးကွင်း တခုထဲက သူငယ်ချင်းတွေလေ။ ငါ့ရဲ့ ခေါင်းမာတတ်တဲ့ အကျင့်ကို နင်နားလည်ခွင့်လွှတ်နိုင်ပါစေလို့။

တကယ်တော့ ဒီကဗျာလေး မဖတ်ခင်ထိ စိတ်ဆိုးနေဆဲပေမဲ့ ဒီကဗျာလေးဖတ်ပြီး ငါ့ဒေါသတွေလဲ ပြေသွားတယ်။ သူငယ်ချင်း ကဗျာဆရာကိုလဲ ကျေးဇူးဗျို။ (ရန်ဖြစ်ခဲ့တဲ့ သူငယ်ချင်းကတော့ တခြားတစ်ယောက်လေ။)

5 comments:

KhunMoung said...

Kommentare ဆိုတာ ဘာဘာသာစကားပါလိမ့် သိချင်လို့ပါ...မယ်မယ်....စကားမစပ် ဘောလုံးတူတူကန်တဲ့ သူငယ်ချင်းနဲ့ စိတ်ဆိုးတာလားဟင်....ဆောရီး ဟီး စတာ

MELODYMAUNG said...

ဘောလုံးတူတူကန်တာက မန်းမှာဗျ ဒီသူငယ်ချင်းက ကောလင်းက (ဘယ်သူမှတ်လဲ အဟဲဟဲ) ခုတော့ သူနဲ့ ပိစ်ပိစ် အဟိဟိ

ဂျေဂျေ said...

ခေါင်းမာပြီး ဟင်းရွက်မစားရင် ခင်ဗျားတော့ ခေါင်းပြောင်ကြီး မြန်မြန်ဖြစ်လိမ့်မယ် အချိန်မနှောင်းတုန်း ဟင်းသီးဟင်းရွက် အသီးများများစားပါ

MELODYMAUNG said...

အဲဒါ ငယ်ငယ်တုန်းကပါဆို ခုတော့ စားလွန်းလို့ ဗိုက်ထဲမှာတောင် အခင်းဖြစ်နေလောက်ပီကွ ဘယ်လိုလဲ ဖေါက်သည်ယူဦးမလား အဟဲဟဲ

KhunMoung said...

Kommentare ဆိုတာ ဘာဘာသာစကားလဲဆိုတာ ဖြေလည်း ဖြေဘူး။ စိတ်ချိုးဒယ် ။ :D :P :(