Tuesday, October 16, 2007

အထွေထွေဗဟုသုတ

၁. အကယ်၍ သင်ဟာ ၈ နှစ် ၇ လ နဲ့ ၆ ရက်တိတိသာ အော်ခဲ့မယ်ဆိုရင် ကော်ဖီတစ်ခွက်ကို အပူပေးနိုင်သော လုံလောက်တဲ့ အသံစွမ်းအင်ကို ထုတ်လုပ်နိုင်ပါတယ်။

၂. Atomic ဗုံး စွမ်းအင်ကို ဖန်တီးရန် လုံလောက်သော Gas ကို ၆ နှစ် နဲ့ ၉ လ မရပ်မနား အီးပေါက်ခြင်းအားဖြင့် ရနိုင်ပါတယ်။

၃. လူရဲ့ နှလုံးဟာ သွေးကို အမြင့်ပေ ၃၀ ထိအောင် ပန်းထုတ်နိုင်တဲ့ pressure ကို ထုတ်လုပ်နေပါတယ်။

၎. ၀က်တစ်ကောင်ရဲ့ လိင်ခံစားမှု အမြင့်ဆုံးအချိန်ဟာ မိနစ် ၃၀ ကြာပါတယ်။

၅. ငါးသိုင်းငါးတစ်ကောင်ဟာ ခေါင်းမရှိပဲနဲ့ အစာငတ်လို့ မသေခင် ၉ ရက်ခန့် အသက်ရှင်နေနိုင်ပါတယ်။

၆. တိုင်ကို ခေါင်းနဲ့ ဆောင့်ခြင်းသည် တစ်နာရီကို ၁၅၀ ကယ်လိုရီ ကုန်ပါတယ်။

၇. Praying Mantis လို့ ခေါ်တဲ့ အစိမ်းရောင် အင်းဆက်အထီးဟာ သူ့ရဲ့ ခေါင်းက သူ့ရဲ့ ကိုယ်မှာ ရှိနေရင် မိတ်လိုက်လို့ မရပါဘူး။ အမက အထီးရဲ့ ခေါင်းကို မိတ်လိုက်ရန် အလို့ငှာ ဖြုတ်ပေးရပါတယ်။

၈. သန်းတစ်ကောင်ဟာ သူ့ ခန္ဓာကိုယ်အရှည်ရဲ့ အဆပေါင်း ၃၅၀ အကွာအဝေးကို ခုန်နိုင်ပါတယ်။ လူတစ်ယောက်အတွက် ဆိုရင်တော့ ဘောလုံးကွင်းတစ်ကွင်းလုံးကို ခုန်ရမယ့် အကွာအဝေးနဲ့ အတူတူပင် ဖြစ်ပါတယ်။

၉. ပါးစပ်နားမှာ မာပြီးရှည်တဲ့ အမွေးတွေပါသော ငါးအကြီးတစ်မျိုး Catfish မှာ အရသာကို ခံစားနိုင်တဲ့ ရသာဖူးပေါင်း ၂၇၀၀၀ ကျော် ပါဝင်ပါတယ်။

၁၀. အချို့ ခြင်္သေ့များဟာ တစ်ရက်ကို အကြိမ်ပေါင်း ၅၀ ကျော် မိတ်လိုက်ကြပါတယ်။

၁၁. လိပ်ပြာတွေဟာ အရသာကို သူတို့ရဲ့ ခြေဖ၀ါးတွေနဲ့ အရသာခံနိုင်ကြပါတယ်။

၁၂. လူ့ခန္ဓာကိုယ်မှာ အသန်မာဆုံး ကြွက်သားဟာ လျှာဖြစ်ပါတယ်။

၁၃. ပျှမ်းမျှအားဖြင့် ညာသန်သောသူများသည် ဘယ်သန်များထက် ၉ နှစ်ခန့် ပို၍ အသက်ရှည်ကြပါတယ်။

၁၄. ဆင်တွေဟာ မခုန်နိုင်သော တစ်ခုတည်းသော တိရိစ္ဆာန် ဖြစ်ပါတယ်။

၁၅. ကြောင်တွေဟာ ဆီးကို မဲမှောင်နေစဉ်အတွင်းမှသာ စွန့်ကြပါတယ်။

၁၆. ငှက်ကုလားအုတ်တစ်ကောင်ရဲ့ မျက်လုံးဟာ သူ့ရဲ့ ဦးနှောက်ထက်ကို ပိုကြီးပါတယ်။

၁၇. လက်ငါးဖက်ပါပြီး ကြယ်ပုံစံရှိတဲ့ ပင်လယ်သတ္တ၀ါတစ်မျိုး starfish မှာ ဦးနှောက် မရှိပါဘူး။

၁၈. ပိုလာ ၀က်ဝံတွေအားလုံးဟာ ဘယ်သန်တွေ ဖြစ်ကြပါတယ်။

၁၉. လူသား နှင့် လင်းပိုင်တို့သာလျှင် လိင်ကိစ္စကို သာယာမှုအတွက် ခံစားကြပါသည်။

All credit goes to Frank1500's sharing post.

5 comments:

tayzar said...

အော်း ဒါကြောင့် ဆာမူရိုင်းကားတွေမှာ လူကို လည်ပင်းခုတ်ရင် သွေးတွေ ထောင်ပြီးပန်းထွက်တာကိုး =)

ပီကေ said...

ဟိုလူ့အိမ်ကို ဗုံးနဲ့ခွဲလို့ရအောင် ဒီနေ့ကစပြီး ပုလင်းနဲ့သိမ်းထားမှ ဖြစ်မယ်။ ကျေးဇူးဗျို့၊ လက်နက်ရပြီ။
ဆင်တွေဟာ မခုန်နိုင်သော တစ်ခုတည်းသော နို့တိုက်သတ္တ၀ါဖြစ်မယ် ထင်တယ်။ ဘာလို့လဲဆိုတော့ လိပ်ပြာခုန်တာ မြင်ဖူးလို့လား။

ကလိုစေးထူး said...

တယ်ဟုတ်တဲ့ ဗဟုသုတတွေပါလား။ :D

Mr.Pooh @ မောင်ပွတ် said...

မမီရေ - ဘယ်လိုများ စုဆောင်းထားတဲ့ ဗဟုသုတတွေလဲဗျာ။ ရှားပါးတွေပဲ။ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် မယုံတာတစ်ခုရှိလို့ တိုင်နဲ့ခေါင်းနဲ့စောင့်ကြည့်နေတယ်... သိလား။ ကယ်လိုရီ ၁၅၀ ကုန်မကုန် စမ်းနေတာ။

နေဘုန်းလတ် said...

တောဘုရင်လို့ ခေါ်ထိုက်ပါပေ့ ကိုရွှေခြသေ့င်္ရယ် ...