Wednesday, October 10, 2007

ခွဲနေရလို့ လွမ်းနေရတာ နှစ်ပေါင်း၂၀၀ ကြာ

ဒီဘလော့ဂ်လေးနဲ့ ဝေးနေရတာ ရက်ပေါင်း 20နီးပါး။

ဘယ်လောက်ကြာလဲ ခံစားမိတာက နှစ်ပေါင်း 200လောက်။

အင်တာနက်နဲ့လဲဝေး ဘလော့ဂ်နဲ့လဲဝေး အွန်လိုင်းမှာ တွေ့နေပြောနေ ရင်းနှီးနေကြတဲ့ သူငယ်ချင်းမောင်နှမတွေနဲ့လဲ ဝေး

အမလေး ဟစိဟစိနဲ့ ကုန်းပေါ်ရောက်တဲ့ ရွှေငါးလေး ကိုယ့်ဘ၀ပါကွယ် အဟိ

ဘယ်သူ့မှ မသနားလဲ ကိုယ့်ကိုယ်ကိုယ်ပဲ အားပါးတရ သနားလိုက်တယ်

ဘ၀ ဘ၀ ဒီလိုနဲ့ ဒီလိုအမြဲ အသက်တွေလဲ ကြီးသထက်ကြီးလို့


အင်တာနက် ဝေး ဝေး ဝေးတဲ့ နယ်မြေ

ဘယ်လိုပင် တွေးတွေး စိတ်ညစ်ခဲ့တယ်လေ

အဲဒါတွေ ပြန်မပြောတော့ ပါဘူး။

မယ်လိုဒီမောင် ငြိမ်းချမ်းရေးသံစဉ်တွေ ဆက်လက်သီကြူးဖို့ မကြာခင် ပြန်လာနိုင်ပါတော့မယ်လေ

(ဒါပေသိ အင်တာနက် ဒီနေ့လိုကနေ လျှပ်စစ်မီးလိုခွဲတမ်းနဲ့ မဟုတ်ပဲ နေ့စဉ်ပုံမှန် ပြန်ရဖို့တော့ ဆုတောင်းပေးကြနော်..နော်)

အော် ခုမှ သတိရတယ် ဘလော့ ဂ်တွေက ဘန်းထားတယ်လေဗျာ ဘယ်လိုလုပ်မလဲ ရှုးတိုးတိုး နော်

3 comments:

ကလိုစေးထူး said...

တိတ်တိတ်လေး ပို့စ်လာတင်သားတဲ့ လူကို တိုးတိုးလေး ဆုလာတောင်းသွားတယ်ဗျို့။ ငြိမ်းချမ်းရေး သံစဉ်တွေအတွက်ပေါ့။ :)

MELODYMAUNG said...

တိုးတိုးတိတ်တိတ်လေး လာဆုတောင်းပေးတဲ့ ကိုကြီးစေးထူးရေ အနော် ကြားလိုက်တယ်ဗျ
သိုင်းခရု မီလီယံနော်

Layma said...

MPT က အကုန်မဘန်းဘူးတဲ့...တို့ကိုလဲမဘန်းဘူး...အဲတော့ အဲဒါချိတ်ထားတဲ့ဆီသွားပြီး...ဘလော့လို့ရတယ်...။