Wednesday, September 19, 2007

Warmly Welcome သူငယ်ချင်းရေ

'98 ကတည်းက ရန်ကုန်ရောက်မှ ပေါင်းလာတဲ့ သူငယ်ချင်း အရင်းကြီးတွေရှိတယ်။ ခုထိလဲ အဆက်အသွယ်မပြတ်ပဲ အခွင့်အရေးရတာနဲ့ အတူသွားလာ အတူကဲဆဲ။ သူတို့တွေကလဲ မြန်မာဘလော့ဂါ အသိုင်းအ၀ိုင်းနဲ့ ပါတ်သက်လာပုံလေး ပြောပြချင်တာ။


အဲဒီထဲက တစ်ယောက်ကလဲ 2007 နှစ်ဆန်းပိုင်းကတည်းက ဘလော့ ဂ်ရေးနေ ပါတယ်တဲ့ ။ ဘလော့ဂါတွေ စုထုတ်ကြမဲ့ စာအုပ်မှာတောင် သူ့စာမူတွေ ပါဦးမယ်ဆိုပဲ။ အဲဒီသူငယ်ချင်းကိုတော့ အပြင်မှာသိပေမဲ့ ဘလော့ဂါအနေနဲ့ ဘာနာမည်နဲ့ ရေးမှန်း မသိလို့ စဉ်းစားလိုက်ရတာ။ လာထား ဘလော့ဂ်တွေမှာ မွှေနှောက်ရှာဖတ်ရင်း သူ့ရဲ့ “ကိုယ်တိုင်ရေး ပုံမတူ့တတူ”ကိုလဲ တွေ့ပါရဲ့ ။ ဒီရုပ်ကြီးများ ခွေးဒရွတ်တိုက်ဆွဲချီသွားတောင် မှတ်မိပါသေး။ ပြီးတော့ တင်ပြီးသားပို့စ်တခုထဲမှာလဲ ရေးထားသေးတယ် အိမ်ကမိန်းမ မဖတ်ရတဲ့ ။ (လင့်ခ်ထည့်မလို့ ပဲ ခု ရှာတွေ့တော့ဘူး) အဲဒီ သူငယ်ချင်းကြီးကတော့ မျက်လုံး ပါဗျား။



နောက်ထပ် သူငယ်ချင်းမ တစ်ယောက်ကလဲ သူလဲ ရေးချင်ပါသတဲ့ ။ စီမီနာမှာတုန်းကတော့ မလာခဲ့ပါဘူး။ လာမယ်ပြောပြီး ပုံပြောနေကြမလို့ တော့ စိတ်မဆိုးဘူး။ လောလောဆယ် ချင်ကာပူ သွားလည်နေလို့ ပြန်လာမှပဲ အသည်းအသန် လုပ်ခိုင်းမှပဲ လုပ်ပေးရဦးမယ်။


သူငယ်ချင်း နောက်တစ်ယောက်ကတော့ မျက်လုံး ရဲ့ အကူအညီနဲ့ လုပ်ပြီးသွားလို့ သူ့ရဲ့ ကြာကြာဖတ်ရင် မျက်စိညောင်းမဲ့ ပို့စ်တွေကို အင်တိုက်အားတိုက် တင်နေလေရဲ့။ ပြီးတော့ သူများပို့စ်ထဲမှာလဲ ကွန့်မန့် ရေးသွားသေးသတဲ့။


ပီကေ said...

သွေးကတော့ AB ပဲ။
အတော်မှန်တယ်။ သွေထွက်သံယိုပဲ။
ဒါပေမယ့် တစ်ခုတော့ရှိတယ်။ အူတူတူ အထဲကဆိုတာကိုတော့ အတော်လက်ခံရခက်သား။ ကိုယ့်ဖာသာကို မေးတာထက် အတွင်းသိ အဆင်းသိကိုပဲ မေးတာကောင်းပါတယ်။ ပီကေဆိုတဲ့ကောင် တကယ်ပဲ အူသလားဟင်။

အဲဒီသူငယ်ချင်းက ပီကေ ပါဗျာ။ အဟိ ပြောရမှာတော့ အားနာလို့ ဒီပို့စ်လေးနဲ့ ဖြေပေးလိုက်ပါတယ်။ သူတင်ထားတဲ့ ပို့စ်လေး ရှိပါတယ်။ “ပြောပါများ စကားရ” တဲ့ ။ အဲဒီထဲက “တပည့် ၊ တရားခံ တို့ မောင်မဲ” တို့ က သူ့ ကိုယ်စားပြုလို့ တောင် ပြောလို့ ရပါတယ်။ ဟုတ်ကဲ့ ကျမသူငယ်ချင်းက အူတူတူ တော့ မဟုတ်ပါဘူး။ အူကြောင်ကြောင်ပါပဲ။ သွားပြီး ဖတ်ရှုဝေဖန်ပေးကြပါဦးနော်။


စာကြွင်း။ ။ သယ်ရင်းရေ ချစ်လို့ ချတာ ချိတ်ချိုးရ၀ူးနော်..


1 comment:

ပီကေ said...

ကိုယ့်နာမည်ပါလို့ comment ရေးတယ်ထင်လား။
အမှန်က (မမှားလို့ပါ) ကူပြီး အတင်းပြောမလို့ပါ။
သူများအတင်းမဟုတ်ပါဘူး။ ကိုယ်ါအတင်းပါ။
အူကြောင်ကြောင်ဆိုတာတော့ အမှန်ပဲ။
အကြောင်ကောင်းလေးမို့လို့ သည်းခံနေတာပါ။