Thursday, September 20, 2007

လောကဓမ္မတာ နဲ့ ဘ၀သစ္စာ

ဒီမှာ အဆီးအတားမဲ့တံခါးတချပ်ရှိတယ်

ဝင်တဲ့သူက ၀င်လာနေတုန်းမှာ

ထွက်တဲ့သူတွေလဲ ထွက်သွားကြတာ

အဲဒါ သေခြင်းတရားလဲဖြစ်မယ်

သို့မဟုတ် နှုတ်ဆက်ခွဲခွါခြင်းတွေပေါ့


တင်စားခိုင်းနှိုင်းပြီးပြောကြတယ်

ပန်းလေးတွေလို သစ်ရွက်တွေလို

ဝေတဲ့ အခါဝေ ကြွေတဲ့ အခါကြွေမတဲ့


လူ့ဘ၀က ရေပွက်ပမာ

မျက်စိတမှိတ် လျှပ်တပြက်အတွင်းမှာ

ကြိုတင်ခန့်မှန်းစရာအကူပစ္စည်းတမယ်

ခရစ်စတယ်လ်(crystal) ထက်ဆန်းကြယ်

အမျိုးမျိုးအဖုံဖုံ ဖြစ်ပျက်ပြောင်းလဲသတဲ့…


နွေဆိုရင်တော့ နေပူမှာပဲ

မိုးမှာလဲ မိုးတွေရွာဆဲ

ဆောင်းမှာတော့ နှင်းတွေနဲ့ပေါ့

သဘာဝတရားကတော့

သူ့အထုပ်သူထမ်းပြီးခရီးဆက်မြဲ


ဒီလိုပဲ ငါလဲ

မှီတဲ့အခါမှီ ချီတဲ့ အခါချီ

လက်တဘက်က တွဲခေါ်ရင်း

ကျန်လက်တဘက်က မှီတွဲရင်း

ဘ၀ဇာတ်ခုံမှာ ကြုံရာကကွက်နဲ့

လောကဓမ္မတာနဲ့ ဘ၀သစ္စာကိုကျက်မှတ်

နေတတ်သလို နေလိုက်တော့လဲ

ဘာမှဖြစ်မလာပေမဲ့

ဘ၀က ကျေနပ်စရာပါပဲ…


စာကြွင်း။ ။ ဘလော့ ဂ်ရပ်ဝန်းထဲကို သူငယ်ချင်းတစ်ယောက် ၀င်လာချိန်မှာ ဒီရပ်ဝန်းထဲက ထွက်သွားဖို့ ပြင်ဆင်နေတဲ့ သူငယ်ချင်းကဗျာဆရာတစ်ယောက် အတွက် ခေတ္တနှုတ်ဆက်ထွက်ခွာခြင်းသာဖြစ်ပါစေလို့ မျှော်လင့်ရင်း တွေးမိတဲ့ ကာရန်မဲ့ အတွေးအပိုင်းအစကဗျာလေးပါ။


3 comments:

ကလိုစေးထူး said...

သူငယ်ချင်းအချင်းချင်း အခုလို ဖေးဖေးမမ စိတ်ရှိတာ မင်္ဂလာ။ :)

ပီကေ said...

သဘာဝတရားက သူ့အထုပ်သူထမ်းပြီး ခရီးဆက်နေတာတော့ မှန်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ သူ့အထုပ်ထဲ ကျွန်တော်တို့ ပစ္စည်းတွေ ကောက်ကောက်သိမ်းသွားတာတော့ မကောင်းဘူးထင်တယ်။ သဘာဝတရားကြီးကို နည်းနည်းတော့ သွားပြောပေးပါ မယ်တော်ရယ်။

ကိုဖြိုး said...

မပူနဲ့ဗျ .. သူက ပြန်လာဘီ .. နောက်က တွန်းတဲ့လူရှိလို့လေ