Tuesday, September 18, 2007

သွေးအမျိုးအစားနှင့် ကိုယ်ရည်ကိုယ်သွေး

သင့်ရဲ့ သွေးအမျိုးအစားကဖေါ်ထုတ်ပြသော သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေး

သွေးအုပ်စု “အို”

ခေါင်းဆောင်ဖြစ်လိုသူ၊ တခုခုကို လိုချင်လို့ တွေ့တိုင်း ရည်မှန်းချက်ပန်းတိုင်မရောက်မချင်း အသည်းအသန်ကြိုးစားကာ ပြိုင်ဆိုင်တိုက်ခိုက်ရယူလိုသူ၊ ရှေ့ဆောင်လမ်းပြ လမ်းညွှန်မှုပြုနိုင်သူ၊ သစ္စာရှိသူ၊ စိတ်ဓာတ်ပြင်းထန် လှုပ်ရှားတက်ကြွသူ၊ မိမိကိုယ်ကို ယုံကြည်မှုရှိသူ ဖြစ်သည်။ အားနည်းချက်မှာ ပလွှားဝင့်ဝါတတ်ခြင်း၊ မနာလိုစိတ်ရှိခြင်းနှင့် အပြိုင်အဆိုင်များမှု ဘက်သို့ ယိမ်းယိုင်ခြင်း ဖြစ်သည်။

သွေးအုပ်စု “အေ”

ဟာမိုနီ(ဆီလျော်ညီညွတ်ခြင်း)၊ ငြိမ်းချင်းခြင်း နှင့် အုပ်စုဖွဲ့နေရခြင်းကို နှစ်သက်သူ ဖြစ်သည်။ တခြားသူအများနှင့် ကောင်းစွာ အတူတွဲလုပ်ကိုင်တတ်၍ ထိခိုက်ခံစားလွယ်တတ်ခြင်း၊ သည်းခံခြင်း၊ ချစ်ခင်မြတ်နိုးတတ်ခြင်းများရှိသူ။ အားနည်းချက်များမှာ ခေါင်းမာခြင်းနှင့် အနားယူ၍ပင်ပန်းမှုပြေလျော့စေခြင်းအတွက် မတတ်နိုင်ခြင်း ဖြစ်သည်။

သွေးအုပ်စု “ဘီ”

ကြမ်းတမ်းခက်မာသော တသီးပုဂ္ဂလဖြစ်သူ၊ ပွင့်လင်း၍ရိုးသားဖြောင့်မတ်ပြီး မိမိ ခံယူချက်အတိုင်း နေထိုင်ရန် နှစ်သက်သူ၊ တီထွင်ဖန်တီးနိုင်စွမ်းရှိသူ၊ ပျောင်းညွတ်လွယ်သူဖြစ်၍ မည်သည့် အခြေအနေမဆို လွယ်ကူစွာ လိုက်လျောညီထွေကူးပြောင်းနိုင်သူ ဖြစ်သည်။ သို့သော် လွတ်လပ်မှုရှိခြင်းအပေါ် စွဲမြဲစွာ ပြောဆိုမှုသည် တခါတရံ ဝေးကွာစေပြီး အားနည်းချက်ဖြစ်တတ်ပါသည်။

သွေးအုပ်စု “အေဘီ”

အေးဆေးသူ၊ ထိန်းချုပ်နိုင်စွမ်း ချုပ်တည်းနိုင်စွမ်းရှိသူ၊ ယေဘုယျအားဖြင့် ကောင်းစွာ နှစ်လိုဖွယ်ရှိသူ၊ လူအများကို သက်တောင့်သက်သာရှိစေသူ ဖြစ်သည်။ နေရာတကျ ပြုလုပ်တတ်သည့် ပင်ကိုယ်ဥာဏ်ရှိ၍ တရားမျှတသူဖြစ်ပြီး သဘာဝကျသော ဖြေဖျော်သူ လည်း ဖြစ်သည်။ သို့သော် စိတ်ခံစားမှု ကင်းမဲ့ကာ မထက်မြက်သော ထုံထိုင်းထိုင်းဖြစ်သည်။ ဆုံးဖြတ်ချက်ချရန် ခက်ခဲတတ်သူလည်းဖြစ်သည်။


ကျမကတော့ ဘီသွေး အမျိုးအစားဖြစ်ပါသည်။ ငယ်စဉ်ကလေးဘ၀တည်းက တသီးပုဂ္ဂလနေရမှာ သေမတတ်ကြောက်သူဖြစ်ပါသည်။ ကျန်သည့် အချက်များတော့ မှန်သည်ဟု ထင်ပါသည်။ မည်သည့် အခြေအနေမဆို လွယ်ကူစွာ လိုက်လျောညီထွေကူးပြောင်းနိုင်သူဖြစ်ကာ ရောက်သည့် အရပ် ပျော်တတ်၍ “ရွက်ကျပင်ပေါက်” ဟုတောင် သူငယ်ချင်းများက ခေါ်ဝေါ် စနောက်လေ့ ရှိကြသည်။ သို့သော် ကျမ မန်းလေးသူ ဖြစ်တာ မြန်မာက ဖြစ်တာ အမြဲတမ်း ဂုဏ်ယူပါသည်။ အရိုးကိုတော့ အရွက်အဖုံးခံမည့်သူ မဟုတ်ကြောင်း တိုက်ဆိုင်တုန်း ပြောပါရစေ။ လွတ်လပ်မှုရှိခြင်းကိုတော့ အင်မတန် နှစ်သက်ပါသည်။ ဘောင်ခတ်ခံရခြင်းကို အင်မတန် မုန်းပါသည်။


သင်ရော? သင်၏သွေး အမျိုးအစားက ဘယ်အုပ်စုမှာပါဝင်ပါသလဲ။
အထက်ပါ ဖေါ်ထုတ်မှုသည် သင်၏ ကိုယ်ရည်ကိုယ်သွေးနှင့် ကိုက်ညီပါသလား ဆန်းစစ်ကြည့်ပါ။

19 comments:

kzy1980 said...

ဒါက လူပေါင်းများစွာကို ဆန်းစစ်လေ့လာပြီးမှ ဖြစ်ပေါ်လာတဲ့ ယေဘုယျ ကောက်ချက်တွေပါ အစ်မရယ် တစ်ချို့ တော်တော် များများတော့မှန်ပါလိမ့်မယ်....

tayzar said...

သွေးက အေ ဘီ သွေးဆို အေ သွေးရော ဘီသွေးရော သွင်းလို့ရတယ်ဆို အမ ဟုတ်လား ဟင်။

တပြည်သူ အိမ့်ချမ်းမြေ့ said...

မမီရေ..
ကျမကတော့ အေသွေး
မှန်တယ်ရှင် အုပ်စုဖွဲ့နေရခြင်းပဲ မှားတယ်
တစ်ယောက်ထဲ နေတတ်တာများတယ်။

ဂျစ်တူး - gyit_tu said...

ကိုယ့်သွေးကိုယ်ဖောက်.. အနီရဲ၂ သွေးစက်တွေကို.. မျက်လုံးထဲမြင်ကြည့်ပြီး.. စမ်းစစ်သွားပါတယ်..း)

MELODYMAUNG said...

တေဇာရေ အေ ဘီ သွေးဆို အေဘီသွေးပဲ သွင်းလို့ ရသတဲ့ ဒါဆို နင်က အေဘီထင်ပ ဟုတ်လား

ပီကေ said...

သွေးကတော့ AB ပဲ။
အတော်မှန်တယ်။ သွေထွက်သံယိုပဲ။
ဒါပေမယ့် တစ်ခုတော့ရှိတယ်။ အူတူတူ အထဲကဆိုတာကိုတော့ အတော်လက်ခံရခက်သား။ ကိုယ့်ဖာသာကို မေးတာထက် အတွင်းသိ အဆင်းသိကိုပဲ မေးတာကောင်းပါတယ်။ ပီကေဆိုတဲ့ကောင် တကယ်ပဲ အူသလားဟင်။

MELODYMAUNG said...

>>ပီကေ တူနယ်ဂျင်း ကြောရမှာတော့ အားနာသဟ နာနင်နဲ့ ဆိုင်တဲ့ ပို့စ်တင်ဦးမယ် အဲဒီကြမှ ဖတ်ကြည့် ရှင်းရှင်းလင်းလင်းသိ အဟိ :P

စိုင်းစိုင်း said...

ကိုယ့်ကိုယ် ကို ဘာ သွေးမှန်း ကို မသိတာ အဟိ

naylinn said...

ကျွန်တော်ကလည်း ဘီသွေးပဲ ...အတူတူနော် ..ပိစ်:P

နေမိုး said...

သံဃာတော်များအား အားဖြည့်အနေဖြင့် မေတ္တာသုတ်ကို ရွတ်ဖတ်ပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

အောက်တွင် မေတ္တသုတ်ကို အသင့်ရှိနေသော အရှင်မဏိဇောတ ပူဇော်ရေးသားသည့် ပရိတ်ကြီး ၁၁သုတ် အသံထွက်ရွတ်ဖတ်နည်း စာအုပ်မှ ရွတ်ဖတ်လိုသူများ အလွယ်တကူရွတ်ဖတ်နိုင်စေရန် ပြန်လည်၍ ကူးယူဖော်ပြလိုက်ပါသည်။

ဒီနေ့သည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စံနစ်ဆိုးအောက် ကျရောက်နေသော၊ ဒုက္ခဆင်းရဲခြင်း အမျိုးမျိုးကို ခံစားနေရသော မြန်မာနိုင်ငံသား ပြည်သူလူထုတရပ်လုံးအတွက် ကောင်းကျိုးချမ်းသာ ဖြစ်ပေါ်စေရေးကို ရည်စူးလျှက် ဗုဒ္ဓဘာသာ သံဃာတော်အရှင်မြတ်များမှ စစ်အစိုးရအား ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြသည့် ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲကို တနိုင်ငံလုံးအ၀ှမ်း စတင်လိုက်ပြီဖြစ်ပါသည်။ ကျနော်တို့ မြန်မာနိုင်ငံသားအပေါင်းမှလည်း မိမိတို့တတ်နိုင်သမျှ စိတ်ဆန္ဒအင်အား၊ ကိုယ်ကာယအင်အားတို့ဖြင့် သံဃာတော်အရှင်သူမြတ်များနှင့်အတူ ပူးပေါင်းပါဝင်သင့်ပါသည်။ သံဃာတော်အရှင်မြတ်များအား အားဖြည့်သည့်အနေဖြင့် ကျနော်ကိုယ်တိုင်လည်းပဲ ဒီနေ့မှစတင်ပြီး အချိန်အားရခိုက်များတွင် ကြမ်းကြုတ်ရိုင်းစိုင်းနေသောသူများကို ယဉ်ကျေးပျော့ပျောင်းလာပါစေရန် မေတ္တာစိတ်ထား၍ ဗုဒ္ဓမြတ်စွာဘုရားရှင် ဟောကြားတော်မူသွားခဲ့သည့် တရားတော်များကို ရွတ်ဖတ်နေမည်ဖြစ်ပါသည်။

*****မေတ္တသုတ်*****
၁။ ယဿာနုဘာဝတော ယက္ခာ၊ (ယတ်သာနုဘာဝတော ယက်ခါ)
.....နေ၀ ဒေဿန္တိ ဘီသနံ။ (နေ၀ ဒတ်သင်တိ ဘီသနံ။)
.....ယဥှိ စေ၀ါနုယုဉ္ဇန္တော၊ (ယင်ညှိ စေ၀ါနုယုန်ဇန်တော။)
.....ရတ္တိန္ဒိဝ မတန္ဒိတော။ (ရတ်တိန်ဒိဝ မ တန်ဒိတော။)

၂။ သုခံ သုပတိ သုတ္တော စ၊ (သုခံ သုပတိ သုတ်တော စ၊)
.....ပါပံ ကိဉ္စိ န ပဿတိ။ (ပါပံ ကိန်စိ န ပတ်သတိ။)
.....ဧ၀မာဒိ ဂုဏူပေတံ၊ (အေ၀မာဒိ ဂုဏူပေတံ။)
.....ပရိတံ္တ တံ ဘဏာမ ဟေ။ (ပရတ်တံ တံ ဘဏာမ ဟေ။)

၃။ ကရဏီယာ မတ္တကုသလေန၊ (ကရဏီယာ မတ်ထကုသလေန၊)
.....ယန္တသနံ္တပဒံ အဘိသမေစ္စ။ (ယန်တ သန်တံ ပဒံ အဘိသမစ်စ။)
.....သက္ကော ဥဇူ စ သုဟုဇူ စ၊ (သက်ကော ဥဇူ စ သုဟုဇူ စ၊)
.....သုဝစော စဿ မုဒု အနတိမာနီ၊ (သု ၀စော စတ်သ မုဒု အနတိမာနီ။)
(အန-တိမာနီဟု မရွတ်ပါနှင့်၊ အနတိမာနီဟု တဆက်တည်း ရွတ်ပါ။)

၎။ သန္တုဿကော စ သုဘရော စ၊ (သန်တုတ်သကော စ သုဘရော စ၊)
.....အပ္ပကိစ္စော စ သလ္လဟုက၀ုတ္တိ။ (အပ်ပကိတ်စော စ သန်လဟုက၀ုတ်တိ)
.....သန္တိန္ဒြိယော စ နိပကော စ၊ (သန်တိန်ဒရိယော စ နိပကော စ)
.....အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။ (အပ်ပဂတ်ဘော ကုလေသွ န နုဂိတ်ဓော)
(အပ္ပ-ဂတ်ဘော ဟုမရွတ်ပါနှင့်၊ အပ်ပဂတ်ဘောဟု ရွတ်ပါ။)

၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ (န စ ခုတ်ဒ မာစရေ ကိန်စိ)
.....ယေန ၀ိညူ ပရေ ဥပ၀ဒေယျုံ။ (ယေန ၀ိညူ ပရေ ဥပ-၀ဒေယုံ)
.....သုခိနောဝ ခေမိနော ဟောန္တု၊ (သုခိနောဝ ခေမိနော ဟွန်တု)
.....သဗ္ဗသတ္တာ ဘ၀န္တု သူခိသတ္တာ။ (သတ်ဗ သတ်တာ ဘ၀န်တု သုခိတတ်တာ)

၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊ (ယေ ကေစိ ပါဏဘူတတ်ထိ)
.....တသာ ၀ါ ထာဝရ၀ န၀သေသာ။ (တသာ ၀ါ ထာဝရာဝ န၀သေသာ)
.....ဒီဃာ ၀ါ ယေ၀ မဟန္တာ၊ (ဒီဃာ ၀ါ ယေ၀ မဟန်တာ)
.....မဇ္စျိမာ ရဿကာ အဏုကထူလာ။ (မစ်ဈိမာ ရတ်သကာ အဏုကထူလာ)

၇။ ဒိဋ္ဌာ ၀ါ ယေ၀ အဒိဋ္ဌာ၊ (ဒိတ်ထာ ၀ါ ယေ၀ အဒိတ်ထာ)
.....ယေ၀ ဒူရေ ၀သန္တိအ၀ိဒူရေ။ (ယေ၀ ဒူရေ ၀သန်တိ အ၀ိဒူရေ)
.....ဘူတာ၀ သမၻေ၀သီ၀၊ (ဘူတာ-၀ သမ္ဘေ၀သီ-၀)
.....သဗၺသတၱာ ဘ၀ႏၱဳ သုခိတတၱာ။ (သတ္ဗ-သတ္တာ ဘ၀န္တု သုခိတတ္တာ)

၈။ န ပရော ပရံ နိကုဗ္ဗေထ၊ (န-ပရော ပရံ နိကုပ်ဗေထ)
.....နာတိမညေထ ကတ္ထစိ န ကဉ္စိ။ (နာတိမင်ညေထ ကတ်ထစိ န-ကင်စိ)
.....ဗျာရောသနာ ပဋ္ဋိဃသည၊ (ဗျာရောသနာ ပတိယ သင်ည)
.....နာညမညဿ ဒုက္ခ မိစ္ဆေယျ။ (နင်ညမင်ညတ်သ ဒုတ်ခ မိတ်ဆေယ)

၉။ မာတာ ယထာ နိယံပုတ္တ၊ (မာတာ ယထာ နိယံပုတ်တ)
.....မာယုသာ ဧကပုတ္တ မနုရက္ခေ။ (မာယုသာ အေက-ပုတ်တ မနုရတ်ခေ)
.....ဧ၀မ္ပိ သဗ္ဗဘူတေသု၊ (အေ၀မ်ပိ သတ်ဗဘူတေသု)
.....မာနသံ ဘာဝယေ အပရိမာဏံ။ (မာနသံ ဘာဝယေ အ-ပရိမာဏံ)

၁၀။ မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ (မစ်တင်စ သတ်ဗလောက-သမိ)
.....မာနသံ ဘာဝယေ အပရိမာဏံ။ (မာနသံ ဘာဝယေ အပရိမာဏံ)
.....ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ (အုတ်ဓံ အဓော စ တိရိယင်စ)
.....အသမ္ဗာဓံ အဝေရ မသပတ္တံ။ (အ-သတ်ဗာဓံ အဝေရ မ-သပတ်တံ)

၁၁။ တိဋ္ဌံ စရံ နိသိန္နော ၀၊ (တိတ်ထံ စရံ နိသန်နော ၀)
.....သယာနော ယာဝတာဿ ၀ိတမိဒ္ဓေါ။ (သယာနော ယာဝတတ်သ ၀ိတ-မိတ်ဓော)
.....ဧတံ သတိံအဓိဋ္ဌေယျ၊ (အေတံ သတိန် အဓိတ်ထေယ)
.....ဗြဟ္မ မေတံ ၀ိဟာရ မိဓ မာဟု။ (ဗြန်မ မေတံ ၀ိဟာရ မိဓ မာဟု)

၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ (ဒိတ်ထိန်စ အနုပက်ဂမ်မ)
.....သီလ၀ါ ဒဿနေန သမ္ပန္နော။ (သီလ၀ါ ဒတ်သနေန သမ်ပန်နော)
.....ကာမေသု ၀ိနယ ဂေဓံ၊ (ကာမေသု ၀ိနယ ဂေဓံ)
.....နဟိ ဇာတု ဂၢဗ ၻေသယ် ပုန ရေတိ။ (န-ဟိဇာတုတ် ဂတ်ဘ သေယ ပုန ရေတိ)
မေတ္တသုတ္တံ နိဋ္ဌိတံ။

Zin Ko Latt said...

ကျွန်တော့်အတွက်တော့ မှန်တယ်ဗျ။ အိုသွေးပါ ခင်ဗျ။

သန့်ဇော်မင်း said...

မမီရေ.. ကျွန်တော်က အေသွေးပါ။
၁။ ဟာမိုနီ တော့မဖြစ်ဘူးထင်တယ်.. ဒါပေမယ့် အုပ်စုဖွဲ့နေရတာကိုတော့ တကယ်ကို သဘောကျပါတယ်။ အသင်းအဖွဲ့ ၀တ်စုံတွေ တံဆိပ်တွေဆိုလဲ သဘောကျတယ်။ ငယ်ငယ်ကဆို ဦးလေးရဲ့ ဘောလုံးကန်ဝတ်စုံတွေ အမြဲတောင်းတာ။ ကျောင်းဝတ်စုံဆိုလည်း တအားကြိုက်။
၂။ တခြားသူအများနဲ့ ကောင်းစွာအတူတွဲလုပ်ကိုင်တတ်တယ် ဆိုတာလည်းမှန်ပါတယ်။ ဒါပေမယ့် တန်းတူရည်တူ ဆက်ဆံခံရမှ သဘောကျတယ်။ ထိခိုက်ခံစားလွယ်တာကတော့ အတိအကျပဲ။
၃။ သည်းခံခြင်း၊ ချစ်ခင်မြတ်နိုးတတ်ခြင်းများရှိတယ်။ ဒါလည်း မှန်ပါတယ်။
၎။ ခေါင်းမာခြင်း။ ဒါကတော့ မှားပါတယ်။
၅။ အနားယူ၍ ပင်ပန်းမှုပြေလျော့စေခြင်း အတွက် မတက်နိုင်ခြင်း.. ဒါကတော့ အနားယူပုံပေါ်မူတည်မယ်ထင်တယ်။ ခရီးတွေထွက်ပြီး အပန်းဖြေတာမျိုးတော့ မလုပ်ဖြစ်ဘူး။

s_potato said...

မမယ်ရေ potato က ဘီသွေးလေ၊အမလိုပဲ တစ်သီးပုဂ္ဂလနေရမှာကြောက်တာကလွဲပြီး ကျန်တာအားလုံးက ကြည့်ဟောသလားအောက်မေ့ရတယ်။
မမယ်ရေသွေးတူညီအမလုပ်မယ်နော်

စိုးထက် - Soe Htet ! said...

အို သွေးပါဗျို့ ... 50 % တူပါတယ် ... ကောင်းတာလေးတွေ ... :D

MELODYMAUNG said...

ကိုယ့်ကိုယ်ကို ဘာသွေးမှ မသိတဲ့ စိုင်းစိုင်းရယ် အိုသွေးတွေ များတာရယ်ကြောင့် ငယ်ငယ်တုန်းက သူငယ်ချင်းမလေးတစ်ယောက်ကို သတိရမိသေးရဲ့။ ဟဲ့.. နင်ဘာသွေးလဲဆိုတော့.. စဉ်းစားပြီးတော့ ငါက “အို”သွေးတဲ့ ။ ဘယ်လိုသိလဲ စစ်ကြည့်ပြီးပြီလားဆိုတော့ ဟုတ်ဘူးတဲ့ သူချောလဲပြီး ဒူးပြဲတော့ ထွက်လာတဲ့ သွေးက ၀ိုင်းဝိုင်းလေး တဲ့။ အဲဒါကြောင့်မလို့ သူက အိုသွေးဖြစ်ရမယ်တဲ့ အဟိ .. သူလေ ရယ်ရတယ်နော် (အဲဒီတုန်းကပေါ့)

မောင်ဂျက် said...

အနော်လည်း ဘီ ပဲ ။ တယောက်ထည်းနေရလေ ကြိုက်လေပဲ။ စာအုပ် နဲ့ ဂီတရှိရင်ပြောတာ ။ ဘီ သမားတွေတွေ့လို့ ၀မ်းသာသွားတာပဲ ။ ၉၈% မှန်ပါတယ် မမီ ရေ..

demo said...

mine is "B"
မှန်တယ်.. =)

Anonymous said...

အမ
သမီးက အိုသွေး ၉၅%လောက်တော့မှန်တယ်။

Michael Sync said...

Mine is "B" (as same as yours) :)