Monday, September 17, 2007

ဓာတ်ပုံမူပိုင်ခွင့် နှင့် သိကောင်းစရာများ

ဓာတ်ပုံရိုက်တာ ၀ါသနာပါပြီး ဓာတ်ပုံဘလော့ဂ်လုပ်ထားတဲ့ သူငယ်ချင်းလေး (၃) ယောက်ရှိတယ်။
ကိုနေဘုန်းလတ်ရဲ့ ဓာတ်ပုံဘလော့
ကိုစိုးဇေယျရဲ့ ဓာတ်ပုံဘလော့
ကိုသန့်ရဲ့ ဓာတ်ပုံဘလော့

သူတို့နဲ့ ပါတ်သက်ပြီး ဓာတ်ပုံမူပိုင်ခွင့်ကိစ္စလေးကို စဉ်းစားကြည့်ဖူးတယ်။

တိုက်တိုက်ဆိုင်ဆိုင် ဒီမှာ ဖတ်မိတော့ သူတို့ ရယ် တခြားစိတ်ဝင်စားသူ တွေရယ်ကို ဝေမျှချင်လို့ ဒီပို့စ်လေးတင်လိုက်တာပါ။


ဓာတ်ပုံမူပိုင်ခွင့် သဘောတူညီချက် ချုပ်ဆိုရာတွင် ပါဝင်သင့် သောအချက်များ

၁။ အသုံးပြုမည့် ရည်ရွယ်ချက်

၂။ အသုံးပြုမည့် ကာလ

၃။ အသုံးပြုမည့် အကြိမ်

၎။ ပညာရှင်အမည်ကို ဖေါ်ပြခွင့်

၅။ မူလကိစ္စမှ ပြောင်းလဲလျှင် ခွင့်ပြု၊ မပြု

၆။ အကြိမ်အရေအတွက်ပြောင်းလဲလျှင် ခွင့်ပြု၊ မပြု

၇။ ရပိုင်ခွင့် ရှိသူ၏ ရပိုင်ခွင့်ကို ရှင်းရှင်းလင်းလင်းဖေါ်ပြရန်


ဓါတ်ပုံမူပိုင်ခွင့်နှင့် အကျုံးဝင်သော ဓာတ်ပုံများ

၁။ အပျော်တမ်းဓာတ်ပုံများ

၂။ မှတ်တမ်းတင်ဓာတ်ပုံများ

၃။ ပတ်စပို့ ဓာတ်ပုံများ

၎။ စတူဒီယို အလှဓာတ်ပုံများ

၅။ စီးပွားရေး ကြော်ငြာ ဓာတ်ပုံများ

၆။ ပြက္ခဒိန်နှင့် ပိုစတာ ဓာတ်ပုံများ

၇။ စာအုပ်ထုတ်ဝေရန် ရည်ရွယ်၍ ရိုက်ထားသော ဓာတ်ပုံများ

၈။ သတင်းဓာတ်ပုံများ

၉။ သတ်မှတ် သက်တမ်းထက် မကျော်သေးသော ဓာတ်ပုံများ (မြန်မာနိုင်ငံ၏ ဓာတ်ပုံမူပိုင်ခွင့် သက်တမ်းမှာ စတင်ရိုက်ကူးချိန်မှစ၍ နှစ်၅၀)


မြန်မာနိုင်ငံ ဓာတ်ပုံအသင်း အတွင်းရေးမှူး ကိုဟန်မင်းဦးကတော့ ရွှေတောင်တန်း အောက်လမ်း၊ အမှတ် 20 ၊ မြေညီထပ်မှာ Best Photo Art Galary and Studio ဆိုပြီး ဖွင့်ထားပါတယ်။ ဖုန်းနံပါတ်က- 227199 ပါ။ သိချင်တာတွေရှိရင် ဆက်သွယ်လို့ ရအောင်နော်။

ဓါတ်ပုံ ၀ါသနာရှင်များအတွက် Photographic Enthusiasts Group Forum ကို http://pegroup.dailyforum.net မှာ စီစဉ်ပေးထားကြောင်းပါ ခင်ဗျားတဲ့ ဆီဗုံးကနေ တဆင့်ရလာတဲ့ message လေးပါ။ fotobuddy ရေ သိုင်းကြူးနော်

1 comment:

သန့်ဇော်မင်း said...

မမီရေ.. ဒီအင်ဖေါ်မေးရှင်းလေးအတွက် ကျေးဇူးကမ္ဘာပါ...
ဒီစနေကြရင်.. ကိုဟန်မင်းဦးဆီ သွားပြီးမေးမြန်းလိုက်ဦးမယ်။