Saturday, September 15, 2007

စာတိုပေစ(၃)

ယနေ့သည် သူ၏ ကိုယ်ပိုင်အချိန်ဖြစ်သည်ဟု ပြောနိုင်သူသာ အမှန်တကယ် ပျော်ရွှင်သူဖြစ်ပါသည်။
အဟိ ကျမကတော့ တပတ်ကို ၆ရက် အလုပ်လုပ်၊ လိုအပ်ရင် ကိစ္စပေါ်ရင် ၇ရက်လုံး အလုပ်လုပ်။ ဒီဘ၀က ဘယ်တော့များမှ လွတ်နိုင်ပါ့ 

အရင်တုန်းကထက် စိတ်ထားတွေ သဘောထားတွေ အသိဥာဏ်တွေ သာတဲ့ လူတစ်ယောက်ဖြစ်လာအောင် လုပ်နေတာကိုက ကိုယ့် ရဲ့ လိုအပ်ချက်ကို ကိုယ်ဖြည့်ဆည်းနေခြင်း တဲ့
အဲဒါက physically needs တွေအရင်ပြည့် စုံနေပြီးမှ နောက်တဆင့် ဖြည့်ဆည်းခြင်း ဖြစ်မလား မသိဘူး။ လောလောဆယ်တော့ ထမင်းဝအောင် ဗိုက်အရင်ဖြည့် ဖို့ မနည်းကြိုးစားရုန်းကန်နေကြရတုန်းပါပဲ။

ကြီးကျယ်သော လုပ်ရပ်များကို စွမ်းအားနှင့် လုပ်ကိုင်သည်မဟုတ်၊ ဇွဲနှင့် လုပ်ကိုင်ခြင်းသာ ဖြစ်သည် တဲ့။
အဲတော့ ဘာကိစ္စဖြစ်ဖြစ် ၁% အမှန်တရားမြတ်နိုးသူတွေ ၁၀၀%ပြည့် ဖွေးဖွေးမလှုပ်ခင် ရှိထားတဲ့ အင်အားစုလေးနဲ့ ဇွဲနှင့် လုပ်ကိုင် အောင်မြင်နိုင်ဖို့ ပဲလိုတာကို စဉ်းစားမိတယ်။

ကမ္ဘာပေါ်မှာ သတ္တိရှိမရှိ အကြီးမားဆုံး စစ်ဆေး အကဲဖြတ်ခြင်းသည် စိတ်ဓါတ်မကျပဲ ရှုံးနိမ့်မှုကို ခံနိုင်စွမ်းရည် ရှိမရှိကို စစ်ဆေးခြင်းပင်ဖြစ်သည်။
ကဲ Never never give up! နော်။ လဲကျသွားတိုင်း ပြန်ထကြမယ်။ အထုအထောင်းခံရလေ တောက်ပတဲ့ စိန်ပွင့်တွေ ဖြစ်လာမယ်။ (ကာဗွန်ချင်း အတူတူ မီးသွေး မလုပ်ပဲ စိန်ဖြစ်ကြမယ်။)

တန်ဖိုး၊ သော့ချက်၊ လျှို့ဝှက်ချက် နှင့် ဖြေဆေး
ထာဝရ နိုးကြားတက်ကြွနေခြင်းဟာ လွတ်လပ်မှုရဲ့ တန်ဖိုးပါ တဲ့
နှိမ့်ချခြင်းကတော့ လျင်မြန်သော အောင်မြင်မှုအတွက် သော့ချက်
ပျော်ရွှင်ခြင်း၏ အကောင်းဆုံး လျှို့ဝှက်ချက်မှာ စွန့် လွှတ်ခြင်း
ဝမ်းနည်းကြေကွဲခြင်း၏ အကောင်းဆုံး ဖြေဆေးမှာ အလုပ်လုပ်ခြင်း

2 comments:

hninhnin said...

ဖြေဆေးတွေယူသွားတယ်နော် မမ။

ဂျစ်တူး - gyit_tu said...

မယ်လိုဒီရေ.. ဒါလေးဖတ်ပြီး ကိုယ့်ဘာသာ ဇွဲ ရှိဖို့ ၊ အရှုံးကို ခံနိုင်ရည် ရှိဖို့ နဲ့ နောက်ဆုံးစာပိုဒ်က စာသားတွေကို ပြန် remind လုပ်သွားတယ် ။

အာဘွားလေးလည်း ပေးသွားမယ် ။ ယူပါ.. မငြင်းပါနဲ့း)