Monday, September 10, 2007

“ပန်းတစ်ပွင့် ပုံပြင်”




တေဇာ့ ဆီကရတာ။ လိုချင်ရင် get this flash

အရောင်အသွေးစုံလင် ပန်းမွေ့ယာတောတွင်

ဖူးရာကငုံ၊ ငုံရာကပွင့်

ငါလဲ ပန်းတစ်ပွင့် ဖြစ်ခဲ့တယ်..


အဖူးအငုံဘဝ

မြူမှုန်မျှမတင် အပြစ်ကင်းစင်

ချစ်ခြင်းသင်ဖို့ စောသေးတယ်..


ပန်းတို့ဘဝ

အပင်ပေါ်မှာ လှထူး ပျိုးခဲ့ ဥယျာဉ်မှူး

ခူးဖို့မပြင် ကြည်နူးအစဉ်..


ငုံရာကပွင့် လှဂုဏ်တင့်လို့

ရနံ့လည်းဝေတော့

ခြွေမဲ့ မုဆိုးများလှတယ်..


ပန်းဆိုတာက ၀တ်ရည်စုပ်ခံ

ပျားပိတုန်းဒဏ်လည်း

ခံနိုင်သမျှ ခံရလေတယ်..


ပျော်တုန်းမော်တုန်း ငွားငွားစွင့်စွင့် ပွင့်နေတုန်း

ပန်းမုဆိုးနဲ့ တိုးချင်တိုးတော့

အငြိုးကံကြမ္မာ ခေလှတယ်..


သို့မဟုတ်ပြန်လည်း

မဆွတ်ခင်က ညွတ်ချင်စိတ်နဲ့

သခင့်လက်တွင်း သက်ဆင်းတယ်..


ရာသီကုန်အောင် ဝေလည်းဝေပြီး

ပန်းတပွင့် တာဝန် ကျေပွန်ပြီးတော့

လေအဝေ့မှာ ကြွေရတယ်..

ပန်းတစ်ပွင့် ပုံပြင် သည်မျှကွယ်…

4 comments:

စိုင်းစိုင်း said...

ဘလောက်ရေးတာ အလုပ်ပြုတ်နိုင်တယ်ဆိုဘဲ.. ဒါဆိုအနော် ဘလောက်ရေးတာနားတော့မယ်..အဟီး.. ကဗျာလေးက Model လားခင်ဗျာ.. မသိလို့နော်..

MELODYMAUNG said...

ကဗျာလေးက Modelလား modern လားတော့ နာလဲသိဝူး ဒီလိုပဲ စိတ်ကူးတည့်ရာ တွေးပြီး စပ်လိုက်မိတာပဲ
ဘလော့ဂ်ရေးတာတော့ နားပါနဲ့ ဟာ နာ နင့် သူဌေးကို ပြန်တိုင်ပြောဘူးလေ နော်..နော် 

hninhnin said...

မမမယ်လိုဒီ... ခုတလော ပန်းကို ဓာတ်ကျနေတာ... သိုးလေးရောပဲ... ဖတ်လို့ကောင်းတယ်။ မမသင်တန်းတက်ရတာလည်း အားကျစရာကြီးနော်။

ကိုဖြိုး said...

အင်း ကာရံချိုတဲ့ ကဗျာလေးတစ်ပုဒ်ပါ .. ။
တော်ဝင်သံစဉ်က တော်ဝင်ကဗျာတွေ ရေးတော့မယ်ပေါ့လေ .. ။