Saturday, September 8, 2007

တက်ခဲ့တဲ့ သင်တန်းအကြောင်း

စင်ကာပူ Temasek Polytechnic ကနေ Initiative For ASEAN Integration အနေနဲ့ လာရောက်ဖွင့် လှစ်သင်ကြားပေးတဲ့ Destination Development and Marketing Course ကို မြန်မာ-စင်ကာပူ သင်တန်းကျောင်းမှာ 27th Aug-7th Sep အထိ နှစ်ပါတ်တာ သွားရောက် သင်ကြားဖြစ်ခဲ့တာ မနေ့က သောကြာနေ့ ဟာဆိုရင် နောက်ဆုံးရက်ပါ။


ဒါက သင်တန်းကသူတွေနဲ့ အတူ လာသင်ပေးတဲ့ ဒုတိယအပါတ်ရဲ့ ဆရာနဲ့ သင်တန်းကျောင်းရှေ့မှာ အမှတ်တရ ရိုက်ဖြစ်တဲ့ ပုံပါ။


သင်တန်းမှာ ခရီးသွားလာရေးကုမ္ပဏီကသူတွေရယ်၊ ဟိုတယ်နှင့် ခရီးဝန်ကြီးဌာနက သူတွေရယ်၊ ဟိုတယ်လုပ်ငန်းကသူတွေရယ်ဆိုပြီး အားလုံး အယောက် ၃၀ တက်ရောက်ခဲ့ကြပါတယ်။ မြန်မာတွေရဲ့ အလွယ်တကူ ရင်းနှီးမှု ထုံးစံအတိုင်းကတော့ အားလုံး ရင်းနှီးပျော်ရွှင်စွာနဲ့ အတူတကွ လေ့လာသင်ယူခဲ့ကြပါတယ်။ သင်တန်းတက်ရောက်ခွင့်ကတော့ သက်ဆိုင်ရာ UMTA၊ MHA နဲ့ MTT ကနေ ရွေးချယ်လွှတ်တဲ့ သူတွေ ဖြစ်ပြီးမှ ရတဲ့ quota အရေအတွက်နဲ့ ပြန်လည်စီစစ် ရွေးချယ်ခဲ့တာပါ။ တခြားသင်တန်းအမျိုးအစားတွေလည်း ရှိပါသေးတယ်။ လေ့လာချင်သေးရင် ဒီမှာ နှိပ်ပါ။


သင်ခန်းစာတွေက ခက်လွန်းတာရယ်တော့ မရှိပေမဲ့ နေ့တဓူဝ projects တွေ presentations တွေနဲ့ မလို့ တော့ နဲနဲ ပင်ပန်းပါတယ်။ သင်တန်းချိန်ပြီးရင်လဲ ရုံးကိုပြန်ပြီး ည 7နာရီကျော် 8နာရီထိ အလုပ်ဆက်လုပ်ရသေးတာမလို့ တကယ်ပဲ မလှုပ်သာတဲ့ အခြေအနေဖြစ်ခဲ့တာပါ။


သင်တန်းမှာသင်ရတဲ့ သင်ခန်းစာတွေကနေ အလုပ်အတွက်ရော personal အတွက်ပါ ရလိုက်တဲ့ အကျိုးကျေးဇူးတွေက များပါတယ်။ သင်တန်းပြီးတော့လဲ ပေးတဲ့ certificate အတွက် မက်မောစရာရှိသလို သင်တန်းချိန်အတွင်းက team works တွေနဲ့ အတူ ရရှိခဲ့တဲ့ ခင်မင်ရင်းနှီးမှုတွေကလဲ ကိုယ့်ရဲ့ social network(ပေါင်းသင်းဆက်ဆံမှု လူမှုရေးနယ်ပယ်)ကို ကျယ်ပြန့်စေပြီး ဆက်စပ်နေတဲ့ လုပ်ငန်းခွင်က သူတွေမလို့ ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်မှုတွေကို ဦးတည်စေပါတယ်။ သင်တန်းကြောင့်တော့ ရာထူးတက်တာရယ်တော့ မရှိသေးပေမဲ့ လက်တွေ့ နယ်ပယ်အသီးသီးမှာ ပြန်လည်အသုံးချနိုင်မယ်ဆိုရင် အင်မတန် အကျိုးထူးတွေရပါတယ်။


သင်တန်းလာပေးတဲ့ ဆရာ၊ ဆရာမတွေရဲ့ သင်ကြားမှုပုံစံက multimedia learning(with projector, Video showing, PowerPoint presentation) နဲ့ brain storming with group discussion ကို သူတို့ Singapore မှာ သင်တဲ့ ပုံစံအတိုင်း အခြေခံတာမလို့ ခုမှ ဒီလိုသင်တန်းမျိုး တက်ဖူးသူတွေအတွက်တော့ မြန်မာက အခြေခံပညာရေးစနစ်နဲ့ တော်တော်ဟနေလို့ လိုက်လျောညီထွေဖြစ်ဖို့ တော်တော် ကြိုးစားကြရပါတယ်။ ဒီသင်တန်းမှာမှတော့ မဟုတ်ပါဘူး။ တခြား International certificate, Diploma တွေအတွက် တက်ရတဲ့ သင်တန်းတွေလဲ ဒီလိုပဲဖြစ်နေကြပါ။


သင်တန်းကြေးမပေးရပေမဲ့လဲ သင်တန်းအသွားအပြန် တက္ကစီခ နဲ့ နေ့လည်စာရယ် သင်တန်းမှာ field trip ထွက်တာ fare well အနေနဲ့ လုပ်တာတွေအတွက်ကတော့ ကုန်ကျတာတွေရှိလို့ လခ တ၀က်လောက်ပြုတ်သွားပါတယ်။ :P
သင်တန်းနှစ်ပတ်အတွင်းမှာ Why do we blog? စီမီနာအတွက် ပြင်ဆင်စရာတွေရှိလို့ သင်တန်းနဲ့ ရုံးနဲ့ service + နဲ့ ဟိုကူးဒီကူး သွားရတာလဲ ပါပါတယ်။
သင်တန်းကသူအားလုံး စီမီနာကိုမလာအားပေမဲ့ တ၀က်လောက်ကတော့ ကိုယ်ပိုင်ဘလော့ဂ်တွေ လုပ်ဖို့လို့ စိတ်အားထက်သန် နေကြပါတယ်။ (လုပ်ပေးခဲ့လိုက်ရတာ လက်တောင်မလည်လိုက်ဘူး အဟိ)


သင်တန်းမှာ ရခဲ့ တဲ့ ဗဟုသုတတွေနဲ့ ပါတ်သက်တာတော့ အချိန်ရရင် နောက်ထပ် ပို့စ်တခုအနေနဲ့ တင်ချင်ပါသေးတယ်။

ခုတော့ ရုံးအလုပ်တွေ မနားတမ်း လုပ်လိုက်ဦးမယ်ဗျို…. :D

2 comments:

Karaweik ကရ၀ိတ် 妙声鸟 (Alvin) said...

Melody,
Congratulations! Thanks for sharing about your training experiences. It is always good to learn new things for the benefit of all in the future. Please accept my blessings for you and your fellow course-mates.
:)

s_potato said...

မယ်မယ်လေးတော့ ပိန်သွားတော့မှာပဲနော်


များများစား များများလုပ်