Saturday, August 11, 2007

Let me.. Please (သို့မဟုတ်) ခွင့် ပြုပါတော့ ချစ်သူ

ချစ်သူ…. ၀န်ခံပါရစေ

ငါဟာ အရိုင်းပန်းတပွင့်တော့ မဟုတ်ခဲ့ ပေမဲ့

နင့် အတွက်တော့ အဖြူစင်ဆုံး ပွင့်လန်းဦးမှာပါ..


ချစ်သူ… .. ခင်တွယ်ပါရစေ

စိတ်တူကိုယ်တူ နင်လုပ်သမျှ ကြည်ဖြူလို့

အဖြူရောင် စည်းလေး ခြားလျက်နဲ့ ကလေ…


ချစ်သူ.. … ရင်ခုန်ပါရစေ

စက်လိုရပ်ဖို့ အချိန်မတန်သရွေ့တော့

ငါ့ နှလုံးသားလေး အရှိန်မတန့်ပါ….


ချစ်သူ… .. ကြင်နာပါရစေ

ဒီဘ၀ ဒီတသက်စာ မဟုတ်တောင်

တရက် တမနက် ဖြစ်ဖြစ်ပေါ့…


ချစ်သူ… .. အဆုံးသတ်တနေ့မှာ ဝေးလွင့် ပါရစေ

အထားမှားတဲ့ သံယောဇဉ်နဲ့ လွတ်မြောက်ရာထိ

အလွမ်းပန်းချီတွေ တပွေ့တပိုက် သယ်ဆောင်သွားရင်းပေါ့..


ချစ် သူ ရေ ခွင့် ပြုပါတော့…

2 comments:

hninhnin said...

မမမယ်လိုဒီရဲ့ ငြိမ်ျးခမ်းသံစဉ်လေးက လွတ်မြောက်ရာကိုပေါ့။

ဂျစ်တူး - gyit_tu said...

မောင်ရေ.. ခွင့်ပြုတယ်ကွယ် အဟီ ။