Monday, August 20, 2007

အကြိုက်ဆုံး (၅) ပို့စ်

တက်... တက်... တက်...
ဒီ.. တက်တယ်ဆိုတဲ့ ဇာတ်လမ်းလေးက ကိုတက်ကြီးက စလိုက်တယ်ဆိုပဲတဲ့ ခုတခေါက်တော့ ကိုယ်ရေးပြီးသားတွေထဲက အကြိုက်ဆုံး ၅ခု ကိုရွေးပေးပါတဲ့။ မောင်လေး စိုင်းစိုင်း နဲ့ သူငယ်ချင်းလေး ကိုသန့် တို့က တက်ပါတယ်။ စာဖတ်သူအကြိုက်ကတော့ တိုက်ဆိုင်ပါ့မလားမသိပါဘူး။ ကိုယ့် အနေနဲ့ကတော့ ကာရံညီအောင် မစပ်တတ်ပေမဲ့ ခံစားပြီးထွက်ကျလာတဲ့ စကားလုံးလေးတွေကို စီထားဖြစ်တဲ့ ကဗျာမဆန် ကာရံမဲ့လေးတွေကို ပိုကြိုက်တာပါ။ ဒါပေသိ ကဗျာဆရာမပြောပါနဲ့ တခြားကဗျာဝါသနာပါတဲ့ ဘလော့ဂါရောင်းရင်းတွေကို အားနာလို့ ကဗျာ(၃)ပုဒ်ပဲ ရွေးလိုက်ပါတော့တယ်။

ကဲ..ဒီနေ့အထိ ရေးပြီးသမျှ ပို့စ်(၆၅)ခုထဲက အကြိုက်ဆုံး (၅) ပို့စ်ကတော့
(၁) အမည်မသိဝေဒနာ
(၂) အသည်းကွဲနတ်သမီး
(၃) အချစ်ဆိုသည်မှာ(၁) နှင့် အချစ်ဆိုသည်မှာ(၂)
(၄) “မန္တလေးအချဉ်ပေါင်း”
(၅) ကြင်နာလာမဲ့ တနေ့ နေ့ အတွက်


ထပ်ပြီး တက်ချင်တဲ့သူတွေကတော့ အများကြီးပါ။
ဒါပေသိ ခါတိုင်း ရွေးမိတဲ့ သူတွေထဲမှာ ကျန်ခဲ့တဲ့ သူငယ်ချင်းများကို ဦးစားပေးလိုက်တယ်။
(၁) ညီမဆိုးလေး ပင့်ဂိုးလ်
(၂) ရှေ့နေမလေး အနှင်း
(၃) မောင်ငယ်လေး တိုလီမုတ်စ
(၄) မောင်လေး တေဇာ နဲ့
(၅) ချစ်ညလေး တို့ပါ။
ကဲ .. ရေးလိုက်ကြဦးနော်

6 comments:

သန့်ဇော်မင်း said...

အမည်မသိ ဝေဒနာတွေ ခံစားပြီး ကြင်နာလာမဲ့ တနေ့နေ့ကို စောင့်နေတဲ့ မမီရဲ့ "အချစ်ဆိုသည်မှာ" ကို မန္တလေးအချဉ်ပေါင်းစားရင်း ဖတ်သွားပြီးသကာလ အသည်းကွဲ နတ်သမီးလေး အမြန်ဆုံး နတ်သားလေးနဲ့ တွေစေကြောင်း.. ဆုတောင်းပေးလိုက်ရပေသတည်း...။ ။

tzm

စိုင်းစိုင်း said...

မန္တလေးလွမ်းပြီး မန္တလေးအချဉ်ပေါင်း စားချင်လိုက်တာနော်.
နတ်သားလေး..အမြန်ဆုံး.... တောင်းဆုပြုလိုက်ကြောင်းပါဗျာ..

MELODYMAUNG said...

ကိုသန့် >> ကွန့်မန့် က မိုက်သကွ ဆုတောင်းပေးတာ သိုင်းကြူး အဟီးဟီး(လူကြီးရှက်တော့ ရယ်သကွ)
စိုင်းစိုင်း >> နင်က နတ်သားလေး လုပ်ချင်တာတော့ ဟုတ်ပါဘူးနော် (ရဘူးလေ နင်က နာ့မောင်လေးပဲဥစ္စာ)

hninhnin said...

မမီရဲ့ အကြိုက်ဆုံးထဲမှာ သိုးလေး အရမ်းကြိုက်တာလည်းပါတယ်။ ပြောပြရမလား၊ မပြောပြရဘူးလား။ ဟဲဟဲ...

MYO HAN HTUN said...

ကာရံမဲ့တော့ မလုပ်ပါနဲ့ .. အမြင်မတော်ပါဘူး .. အနည်းဆုံး ၀င်းနံရံလေးတော့ ကာထားပေါ့ .. :P

ကိုတိုး

tayzar said...

အမ တက်ထားတာရေးပြီးပါပီ ခင်ညား =P