Monday, August 6, 2007

“ကျိန်စာသင့် နှလုံးသားငယ်”

ညကောင်းကင်မှာ ထွန်းလင်း
လတစင်းနဲ့ အတူ ကြယ်စင်များစွာဖန်ဆင်း
(ငါ့) ချစ်ခြင်းတရားရဲ့ မျှော်လင့် ခြင်းက
လတစင်းမှာသာ တည်ခဲ့တယ်..

ကန်ရေပြင်မှာ ထင်တဲ့ လရိပ်
သူများဦးမှာ ငါ စိုးထိတ်
တိတ်တခိုးရင်မှာ မျှော်လင့်တယ်…

လမင်းရဲ့ အေးမြခြင်း
စိတ်ဘ၀င်မှာ ပွေ့ပိုက်ရင်း
တဦးတည်း ပိုင်ဆိုင်ဖို့ တမ်းတတယ်…

ဒါပေမဲ့လဲ လမင်းရယ်
ငါ့ အတွက် မင်းမှာ နေရာမရှိတယ်
ကျိန်စာသင့် တဲ့ (ငါ့ ) နှလုံးသားငယ်…

2 comments:

တပြည်သူ အိမ့်ချမ်းမြေ့ said...

မမယ် ဒီကဗျာကြိုက်တယ်..
ကျွန်မကို ပေးနော်…
ယူသွားပြီ အဖြေမရခင်ကို…
ဟွန်းဟွန်း

hninhnin said...

မမမယ်လိုဒီဆိုတဲ့ ပေးထားတဲ့ နာမည်နဲ့လိုက်အောင် ကဗျာလေးတွေမှာ သံစဉ်လေးတွေပါနေတယ်။ မရောက်တာကြာလို့ အခုမှ တစ်ဝကြီး ခံစားသွားတယ်။ very good.