Monday, August 20, 2007

အကျဉ်းစံ နှလုံးသား

စတွေ့ကတည်းက ရင်ခုန်ခဲ့တာတော့ မဟုတ်ခဲ့လေဘူး။
တစတစနဲ့ တွေ့ပါမြင်ဖန်များလာတော့မှ
အကြင်နာမျက်ဝန်း အကြည့်နက်နက်တွေအောက်မှာ
ငါ့ နှလုံးသားဟာ ကျရှုံးသွားတာပါ။

ရိုးသားစွာ ချစ်မြတ်နိုးလို့
ဖြူစင်တဲ့ အတွေးတွေနဲ့ နှလုံးသွေးတို့ လှည့်ပတ်နေတုန်း
“သူဟာ ချစ်သင့်သူမဟုတ်ပါလား”
သိတဲ့ အခိုက် မူးမိုက်ရီဝေ ငေးငိုင်ခဲ့ရတာ။

ဘယ်ကမ္ဘာရန်ငြိုး ကြမ္မာဆိုးတို့
ရိုက်ချိုးဖျက်လဲ ဘယ်မပျက်ပဲ
တိတ်တခိုး မြတ်နိုး ကြင်နာစိတ်တို့
ဖိတ်လျှံစဉ်ထွက် သူမသိစေလျက်
သော့ခတ်သိမ်းထား ဒီနှလုံးသား..................

6 comments:

ကိုဖြိုး said...

ဟိတ် ထွက်လာတော့ ဒီမှာသော့ရှိတယ် .. (မိုက်တယ် ခံစားချက်လေး)

MELODYMAUNG said...

ဟုတ်ဘူး သော့ကချိတော့ဘူး လွှင့်ပစ်လိုက်ပီ

သန့်ဇော်မင်း said...

ဝေးးး.. မမီ.. ခုတလောကဗျာတွေ ရေရေလည်လည်ကောင်းတယ်ဗျာ.. ခံစားချက်တွေ ပြင်းထန်နေတယ်လား.. :P

ဂျစ်တူး - gyit_tu said...

ကဗျာလေးကို ခံစားသွားတယ် ။

ဘယ်သူ့ အတွက်လဲလို့လည်း စဉ်းစားသွားတယ်း)

MELODYMAUNG said...

ကိုသန့် >> ခံစားချက်တွေကတော့ ရင်နှင့် အမျှ အပြည့် ပဲကွ
မဂျစ် >> တစ်ယောက်သော သက်ဆိုင်သူအတွက်ဗျ (မသက်ဆိုင်သူများ စိတ်ကူးမယဉ်ရ၊ အဟိ ကြော်ငြာဝင်တာ ကြုံလို့ )

MYO HAN HTUN said...

အကျဉ်းစံ နှလုံးသား ဆိုတာတဲ့ ခေါင်းစဉ်လေးနဲ့ရေးထားတဲ့ ကဗျာလေးကတော့ မိုက်တယ်။

ဒါပေမယ့် အမြဲတမ်း စ တတ်တဲ့ ကိုတိုးတစ်ယောက် နဲနဲတော့ စ သွားပါရစေ ..

နှလုံးသွေးတို့ လှည့်ပတ်နေတုန်း .. တို့ .. မူးမိုက်ရီဝေ ငေးငိုင် .. တာတို့က မမယ်လိုဒီ
သွေးတိုးနေတုန်း ရေးထားတာလား ဗျာ။ သွေးတိုးစေတတ်တဲ့ ငပိရည်တို့ ငံပြာရည်တို့ လျော့စားပါ .. မမယ်လိုဒီမောင်

စ တာကို ချိတ်မချိုးရ ဘူးနော် .. ဟီး

ကိုတိုး