Thursday, August 9, 2007

အောင်မြင်ခြင်းတရားဆယ်ပါး

ဆားချက်တယ်ရယ်တော့ မဟုတ်ပါဘူး။ ကြုံရင်ကြုံသလို စာတိုပေစလေးတွေ ဖတ်ဖူးမှတ်ဖူးတာလေးတွေကို မှတ်စုမှတ်ရာအနေနဲ့ ပြန်ရိုက်တင်လိုက်တာပါ။ သိပြီးသား အောင်မြင်ပြီးသားသူများကလည်း လွဲနေမှားနေတာလေးတွေရှိရင် ကွန့်မန့်မှာ ၀င်ရေးပေးသွားပါလေ။ အတွေးအခေါ် ကောင်းတဲ့သူတွေကလည်း ၀င်ရောက် ဆွေးနွေးပေးသွားကြပါ။ ကိုယ်လိုပဲ အကောင်ပြတောင် အရိပ်မထင်တဲ့သူတွေ ရှိမယ်ဆိုရင်လဲ မှတ်မှတ်သားသား ထားလိုက်ကြပါနော်။


“အောင်မြင်ခြင်းတရားဆယ်ပါး”

၁။ ပျော်ပါးမှုကို ပဓါနမထားပါနှင့်။

၂။ နေ့ စဉ်နှင့် အမျှ ပညာတခုခု ရပါစေ။

၃။ ငြီးငွေ့စရာကောင်းသော လုပ်မြဲအလုပ်ကို အကျိုးမထိခိုက်စေပဲ ရှောင်နိုင်သမျှရှောင်ပါ။

မငြီးငွေ့ရန်ကြိုးစားပါ။

၎။ အသားတင်အမြတ်ကိုရှာပါ။ (ပညာ၊ ကုသိုလ်၊ ဥစ္စာ ဟူသည့် “ရ” သုံးပါးတွင် တပါးရအောင်ကြံ)

၅။ ကိုယ့် ကျေးဇူးကို သူများ အသိအမှတ်ပြုအောင်လုပ်ပါ။



၆။ အသေးအဖွဲကိစ္စများတွင် ဘယ်တော့မှ သောကမဖြစ်ပါနှင့် ။

၇။ ကိစ္စ အ၀၀တွင် ခပ်မြန်မြန် ခပ်ပိုင်ပိုင် ဆုံးဖြတ်နိုင်ပါစေ။

၈။ ကျွမ်းကျင်မှုသာမက လုပ်ငန်းပညာရပ်များကိုပါ ဆည်းပူးပါ။

၉။ သူတပါး၏ ယုံကြည်ကိုးစားမှုရအောင် ပြုကျင့်ပါ။ သူတပါး၏ အကူအညီရအောင် ဆက်ဆံပါ။

၁၀။ စာရိတ္တကို အခြားကိစ္စများထက် ပို၍ အရေးထားပါ။


ကဲ ဘယ်နှစ်ချက်ကိုယ့်မှာ ပြည့်စုံနေလဲ ပြန်ပြီး စဉ်းစားကြည့် ကြရအောင်လေ။

မယ်လိုဒီကိုတော့ လာမမေးနဲ့ နော်။ ဖြေဘူး၊ အသေသတ်ချင်သတ်လိုက်။ :P

3 comments:

M.Y. said...

မယ်လိုဒီရေ..

တရား၁၀ပါးမှတ်သားစရာကောင်းပါတယ်။ နည်းနည်းလေးဆွေးနွေးခွင့်ပြုပါနော်..နံပါတ်၅ တရားကတစ်မျိုးအဓိပ္ပါယ်သက်ရောက်နေသလိုပဲ။ကျွန်တော့်အမြင်ပါ။ စိုသောလက်မခြောက်စေနှင့် ဆိုပြီးမိမိအပေါ်သူတပါးကကျေးဇူးပြုခဲ့ဖူးက မမေ့မလျော့ဆင်ခြင်ပြီး ကျေးဇူးပြန်သိတတ်ရမည်လို့ မှတ်ခဲ့ဖူးပါတယ်။ ကျေးဇူးပြုဖူးသော မိတ်ကောင်းဆွေကောင်းကိုမိတ် မပျက်စေနှင့်လို့ ဆိုလို တာပါ။

ကိုယ့်ကျေးဇူးကိုသူများအသိအမှတ်ပြုအောင်လုပ်ပါ..ဆိုတဲ့တရားက ကိုယ့်ကျေးဇူးကို -သိအောင်တမင်တကာ ဖော်ပြခိုင်းတာလား။
ဒီလိုဆိုလိုချင် တာတော့ မဟုတ်ဖို့ များပါတယ်..
-ဒါဆို သူများက အသိအမှတ်ပြုတာခံရမှ သူတပါးအပေါ် ကျေးဇူးပြုသင့်တာလား..

-ကိုယ်ကသူတပါးကိုကျေးဇူးပြု ကူညီလိုက်တာကို ကျေးဇူးအပြုခံရသူ အသိအမှတ်ပြုစေတဲ့ပုံစံမျိုးနဲ့ လုပ်ဆောင်ခိုင်းတာလား..appreciable ပုံစံမျိုးလို ပေါ့..
ဒီလိုအနက်ဖွင့်ရင်တော့ သိပ်မဆိုးဘူးထင်ရဲ့ ..မြန်မာစကားကလဲအရှုပ်သား..

ဝင်ဆွေးနွေးလို့ မယ်လိုဒီပြောသလို အောင်မြင်ပြီးသား သိပြီးသားလူတစ် ယောက်တော့မဟုတ်ပါဘူးဗျာ.. အညတရကလေးပါ…
တစ်ချို့ အလုပ်တွေကြတော့ လုပ်မြဲလုပ်နေရပေမယ့် ငြီးငွေ့ တတ်တယ်။မလုပ်လို့ ကလဲမဖြစ်ပြန်တဲ့အနေအထား အောက်မှာဆက်လုပ်နေရတဲ့အခါမျိုးမှာအောင်မြင်မှုနဲ့ တော့ ဝေးသွားတတ်တယ်။ဒါတော့ဟုတ်တယ်။ ကိုယ်တိုင်လဲ အချက်တွေနဲ့ လဲမပြည့်စုံသေးပါဘူး။အသေလဲမသတ်ရဲတော့မယ်လိုဒီလဲမမေးတော့ပါဘူး.. :D

Mg Yin

MELODYMAUNG said...

>> M.Y : “ကိုယ်ကသူတပါးကိုကျေးဇူးပြု ကူညီလိုက်တာကို ကျေးဇူးအပြုခံရသူ အသိအမှတ်ပြုစေတဲ့ပုံစံမျိုးနဲ့ လုပ်ဆောင်ခိုင်းတာလား..appreciable ပုံစံမျိုးလို ပေါ့..
ဒီလိုအနက်ဖွင့်ရင်တော့ သိပ်မဆိုးဘူးထင်ရဲ့”
အဲဒီလိုမျိုးဖြစ်မှာပါ။ ကျမလဲတွေးမိတယ်။
ကိုယ်ကကူညီပေမဲ့ အကူညီခံရတဲ့သူက ပေါ့ပေါ့တန်တန် သဘောထားမိတဲ့ အခါမျိုးကျ သူတို့ဆီက ကိုယ့်ကို တုန့်ပြန်ကူညီမှုမဟုတ်ရင်တောင် မျက်နှာနာပြီး လုပ်မပေးလဲရပေမဲ့
ကိုယ့်ရဲ့ ကူညီမှုက သူတို့ အသိအမှတ်မပြုပဲမနေနိုင်အောင် ချည်ပြီးတုပ်ပြီး သဘောမျိုးမဟုတ်ပေမဲ့ ကိုယ်လိုအပ်တဲ့ အချိန်ကျရင် မလွှဲသာမရှောင်သာ အနေအထားမျိုးအနေနဲ့ ကျေးဇူးဆပ်တဲ့ အနေအထားမျိုးမဟုတ်တောင် သူတို့ဆီက appreciable ပုံစံမျိုးလို ရှိထားပြီးသားမလို့ ကိုယ့် လိုအပ်ချက်ပြည့်အောင် စွမ်းဆောင်နိုင်တာမျိုးတွေကို အောင်မြင်တဲ့သူတွေဆီမှာ အရည်အချင်းတခုအနေနဲ့ တွေ့ဖူးပါတယ်။
ကိုယ့်ကျေးဇူးကို သူများကအသိအမှတ်မပြုလဲဖြစ်တယ် အမြဲတမ်းကူညီနေကြသူတွေကျတော့ တခါတလေ ငပေါကြီးပုံစံမျိုးထိ တုန့်ပြန်ခံရတော့မှ ကျေးဇူးရှိမှ ကျေးစွပ်တယ်ဆိုတဲ့ အနေအထားတွေထိ နာကျင်ခံစားရတဲ့ သူမျိုးတွေလဲ တွေ့ဖူးပါတယ်။
ဒါက ကျမရဲ့ အတွေးသက်သက်ပါ။ မှန်ချင်မှလဲမှန်မှာပေါ့နော်။

“တစ်ချို့ အလုပ်တွေကြတော့ လုပ်မြဲလုပ်နေရပေမယ့် ငြီးငွေ့ တတ်တယ်။မလုပ်လို့ ကလဲ မဖြစ်ပြန်တဲ့အနေအထား အောက်မှာဆက်လုပ်နေရတဲ့အခါမျိုးမှာအောင်မြင်မှုနဲ့ တော့ ဝေးသွားတတ်တယ်။”
ဟုတ်ပါတယ် “အလုပ်လုပ်ကာစအရွယ် အချိန်ရှိခိုက်တွင် သင်အလုပ်ကိုစစ်ပြီးလျှင် သင့်အဖို့ တသက်လုံး အကျိုးဖြစ်ထွန်းမည့် အလုပ်သို့ ကူးပြောင်းသင့်သည်တဲ့။
အလုပ်ကြောင့်လဲ လူညွန့်တက်နိုင်သည်။ အလုပ်ကြောင့်လဲ လူညွှန့်တုံးနိုင်သည်တဲ့။”
တာဝန်ကျေ ၀တ္တရားကျေ လောက် အလုပ်လုပ်ရင်း ငြီးငွေ့နေတဲ့ ၀န်ထမ်းတွေနဲ့ ပြည့်နေတဲ့ ခုလက်ရှိဒီခေတ်ပျက်ကြီးမှာ အောင်မြင်မှုဆိုတာလဲ ရွှေပြည်တော်မျှော်တိုင်းဝေးစေတဲ့ အချက်တချက်ဖြစ်မယ်လို့ ထင်တာပါပဲ။

ဘာပဲဖြစ်ဖြစ် ကွန့်မန့်မှာ ၀င်ဆွေးနွေးတာ သိုင်းကြူးနော်။

M.Y. said...

ဒီလို ဆိုရင်ကျွန်တော်တို့ နှစ်ယောက်ဆိုလိုချက်ချင်းတူသွားပါပြီ။ We are speaking in same language..ဆိုသလိုပေါ့ ။ ဒါ ဟာ အောင်မြင်ခြင်းသော့ချက်တစ်ခုပေါ့နော်..ကိုယ်ပြုလိုက်တဲ့(ကျေးဇူးမဟုတ်ရင်တောင်)ကူညီမှုမျိုးတွေကို အရယူသွားပြီး ၊ အဆင်ပြေသွားတဲ့အခါ ကိုယ့်ကို အသိ အမှတ်တောင်မပြုတာမျိုး၊ ကိုယ်ပြန်လိုအပ်နေတဲ့အခါမျိုးကျတော့ ထိုသူ တစ်ဦးက ဘယ်တုန်းကမျှကိုယ့်ဆီကဘာမှ မရခဲ့ ဖူးသလို မျိုး ကြုံလဲကြုံခဲ့ဖူးပါတယ်။ ဒီလို လူမျိုးနဲ့  တွေ့ တဲ့အခါ နံပါတ်၅ တရားက မိမိကိစ အောင်မြင်ခြင်း အတွက် အထောက် အပံ့ တစ်ခု ဖြစ်လာမယ် ဆိုတဲ့ Key point တစ်ခုပေါ့…ထိုကဲ့သို့ သောလူမျိုးတွေနဲ့ အလုပ်လုပ်ရတဲ့အခါမှာ သုံးရမယ့် လူမှုဆက်ဆံရေး နည်းလမ်းကောင်းတစ်ခုလို့ လဲထင်ပါတယ်..

ဒုတိယတစ်ချက်ကတော့ ယေဘုယျအားဖြင့် (in general) ထောက်ခံပါတယ်.. ဒီလို ပို့ (စ)လေးတွေအတွက်ရော.. brainstorm discussion အတွက်ရော မယ်လိုဒီ့ ကို ကျေးဇူးတင်ပါတယ်…