Friday, August 3, 2007

ပဒေါင်ဆိုတာ ငှက်လား

ခေါင်းစဉ်ကိုဖတ်မိရင်တော့ ဝေေ၀၀ါးဝါးစဉ်းစားမိစရာပါ။

ကျမက ခရီးသွားလာရေး ကုမ္ပဏီတခုမှာအလုပ်လုပ်ပါတယ်။

ဒီတော့ မြန်မာပြည်နဲ့ ပါတ်သက်တဲ့ အချက်အလက်တော်တော်များများကို သိရှိအောင်လေ့လာထားရပါတယ်။ စာတွေများများဖတ်ရပါတယ်။ ကျမလက်အောက်မှာ လုပ်နေကြတဲ့ ညီမလေးတွေကိုလဲ ကိုယ်သိထားတာတွေ ပြန်ပြောဖို့ တာဝန်အရရော ၀တ္တရားအရပါ အချိန်အားရရင်ရသလောက် ကြုံရင်ကြုံသလို သင်ပြပေးနေကြပါ။

ဒါပေသိ တချို့ ထင်ရှားတဲ့ အကြောင်းအရာတွေကိုတော့ သူတို့ သိပြီးသားမှတ်ထင်ပြီး ကြိုပြောမထားမိတဲ့ ကိစ္စလေးတွေကနေ အမှားအယွင်းလေးတွေဖြစ်သွားတတ်ပါတယ်။ အမှားသေးရင်တော့ နောက်ပြန်ပြောဖြစ်ရင် ရယ်စရာဟာသလေးတွေအနေနဲ့ ပြောစမှတ်ဖြစ်ကျန်စမြဲပါ။


ဖြစ်ပုံက.. မြန်မာမှာ တိုင်းရင်းသား လူမျိုးစိတ်ပေါင်း ၁၃၅ မျိုးလောက်ရှိတဲ့ အထဲက ပဒေါင် လူမျိုးများဟာဆိုရင် နိုင်ငံခြားသားတိုးရစ်တွေ အထူးစိတ်ဝင်စားခြင်းခံရတဲ့ လူမျိုးတမျိုးဖြစ်လို့ ကျမတို့ ခရီးသွားလုပ်ငန်းလုပ်တဲ့ ကုမ္ပဏီဝန်ထမ်းတွေအနေနဲ့ က အထူးအထွေရှင်းပြစရာမလိုအောင် သိပြီးသားဖြစ်နေကြပါ။ ဒါပေသိ တနေ့မှာတော့ ကျမတို့ တိုးအဖွဲ့တဖွဲ့ အတွက် ခရီးစဉ်တခုထဲက လေ့လာကြည့်ရှုစရာ တခုအနေနဲ့ ပဒေါင်လူမျိုးမိသားစုဆိုပြီး ထည့် ထားရာမှာ အင်းလေးက ဟိုတယ်တခုက မန်နေဂျာဆီမှာ ဒီပဒေါင်လူမျိုးတွေ လက်ရှိနေနေသေးလား ပြန်သွားလားဆိုတာကို ဟိုတယ် reservation ၀န်ထမ်းကောင်မလေးကို မေးမြန်းစုံစမ်းခိုင်းပါတယ်။


ဒီတော့ သူမက ဖုန်းဆက်ပြီး..

“ကိုဘယ်သူ…လား”

“ကျမ.ဘယ်သူ ဘယ်က. ပါ”

“ကျမ စုံစမ်းချင်တာလေးတခုရှိလို့ပါ“

“ကိုဘယ်သူတို့ဆီမှာ ပဒေါင်တွေရှိတယ်ဆို ဟုတ်ပါသလား”

“ဟုတ်ပါတယ် အရင်ကတော့ သူတို့ တွေ ဒီမှာနေနေတာပါ၊ ခုတော့ မိုးရာသီဆိုတော့ သူတို့ မရှိတော့ဘူးခင်ဗျ”

“ရှင်.. သူတို့ကဘယ်ရောက်သွားတာလဲ”

“အဲဒါတော့ ကျွန်တော်တို့လဲ မပြောတတ်ဘူးခင်ဗျ.. ပြန်သွားတာပဲ”

“ဟုတ်လား..သူတို့ကဘယ်ပြန်သွားတာလဲမသိဘူးနော်..”

“ဒါဆို နောက်ထပ်ပြန်မွေးလို့ မရဘူးလားရှင့်..”

“ဗျာ.. အဲဒါ ကျွန်တော်တို့ မွေးထားတာမဟုတ်ဘူးခင်ဗျ..သူတို့ဟာသူတို့ လာနေတာပါ”

“မဟုတ်ဘူးလေ..နောက်အကောင်တွေထပ်မွေးပေါ့..အဲဒီဟာ ပဒေါင်ငှက်တွေမဟုတ်ဘူးလား”

“အမလေးဗျာ..ပဒေါင်ကိုငှက်လို့ ဘယ်သူပြောသလဲဗျ..အဲဒါ..လူတွေပါဗျာ၊ သူတို့ကပျင်းရင်.သူတို့ဟာသူတို့ ၊သူတို့လူမျိုးတွေနေနေကြ တောတွေထဲပြန်သွားတာကိုပြောတာဗျ”

“အော်..ဟုတ်ကဲ့ ဟုတ်ကဲ့ မသိလို့နော်၊ စိတ်မဆိုးပါနဲ့”


ကဲ.. ပဒေါင်ဆိုတာ ငှက်မှတ်လို့ပါတဲ့။

2 comments:

ညလေး said...

မေးတဲ့သူနဲ့ ဖြေတဲ့သူက ကွက်တိဖြစ်နေတာကိုး
မိုးတွင်းကျ ပျံ သွားတယ်ဆိုတော့ မသိပဲ ဖုန်းဆက်မေးရတဲ့သူက ငှက်ပဲထင်မှာပေါ့။ နားကြားလွဲတာလဲ ကြည့်မလွဲဘူး :P

MELODYMAUNG said...

ဒါပေါ့ ဒါပေါ့
လွဲနဲ့ အခါလဲ လွဲပေမပေါ့