Saturday, July 14, 2007

စိတ်ချမ်းသာချင်ရင် ချင်တွေသတ်ရမယ်တဲ့

ချက်ချင်း နားမလည်ဘူးဖြစ်သွားမလား

တကယ်ပြောတာပါ

ကျမ ဘလော့ တွေ အများကြီး သွားလည်ပြီး ဖတ်ချင်တယ်

သူတို့ ရေးထားတာတွေကနေ ပညာတွေလဲ ရမယ်၊ အတွေ့ အကြုံ၊ ဗဟုသုတတွေလဲ ရမယ်။

အပြင်မှာ မရတဲ့ အတွေးအခေါ်တွေလဲ ရမယ်၊ အမှန်တရားတွေလဲ သိရမယ်။

ပြောမယ်ဆိုရင် အများကြီး အများကြီးပဲ။

ပြီးတော့ ကိုယ့် ဘလော့ လေးကိုယ် အလှဆင်ချင်တာ

ပို့စ်အသစ်တွေတင်ချင်တာ၊ လာလည်တဲ့ သူတွေ တခုခု ရသွားစေချင်တာ။

ဒါပေမဲ့ အဲဒါအတွက် အချိန်တွေပေးရမယ်။

သွားချင်တယ်၊ လာချင်တယ်၊ စားချင်တယ်၊ တွေ့ချင်တယ်၊ ၀ယ်ချင်တယ်၊ လည်ချင်တယ်၊

အား……..တခြား လုပ်ချင်တာ ဖြစ်ချင်တာတွေလဲ အများကြီးပဲ

အဲဒီချင်တွေ နဲ့ စတဲ့ ဆန္ဒတွေနောက်လိုက်ဖို့ တော်တော်ပင်ပန်းလိုက်တာနော်။

အဲဒါတွေအတွက် ငွေတွေ၊ အချိန်တွေ၊ အားထုတ်မှုတွေပေးရမယ်။

ဖြစ်သင့်တာတွေ ဖြစ်နိုင်တာတွေ မစဥ်းစားပဲ အဲဒီဖြစ်ချင်တာကို အောင့် အီးထားရတာတော့ တော်တော် စိတ်ပင်ပန်းပါတယ်။

သူငယ်ချင်းတစ်ယောက်ကပြောတယ်၊ နင်လုပ်ချင်တာတွေများတယ်၊

The right things doing လား

Doing the things right လားတဲ့ ။ မှန်တာတွေပဲလုပ်တာလား လုပ်တာတွေပဲ မှန်တာလားဆိုတာကိုတော့ ကိုယ်ကိုယ်တိုင်လည်းမသိတော့ ပါဘူး။

စဉ်းစားဖို့ လဲ အချိန် သိပ်မရှိပါဘူး။ ခဏခဏ စဉ်းစားခိုင်းတဲ့ သူတွေကိုတော့ သိပ်မကြည်ချင်ပါဘူး။(ဥာဏ်စမ်းတွေမပါ)

ခုလဲ ဘလော့ ရေးချင်ရက်နဲ့ ရုံးမှာ ပိနေတဲ့ အလုပ်တွေနဲ့ နပမ်းလုံးရင်း စနေလိုနေ့မျိုးမှာတောင် စောစော ရုံးမဆင်းရပဲ ညနေ ၆နာရီမှာ ဧည့်သည်နဲ့ သွားတွေ့ တဲ့ အလုပ်ကို အချိန်ပို လုပ်ရဦးမှာမလို့ စိတ်ပင်ပန်းတယ်။

ငြီးချင်လို့ ပါဆိုတဲ့ ခေါင်းစဉ်အစား ခေါင်းစဉ်လေးပြောင်းတင်ကြည့်တာပါ။

အမှန်မှာကတော့ ငြီးတာပါပဲနော်။

လောလောဆယ် အဲဒီ ငြီးချင်တာလေးရယ် ဘလော့ ရေးချင်တာလေးရယ်ကို သတ်နိုင်မယ်ဆိုရင်တော့ စိတ်ပင်ပန်းတာ သက်သာသွားမယ်မှန်းသိပေမဲ့လဲ…

ဒီဘလော့ ပင်လယ်ကြီးထဲက ဆားငန်ရေကို ငတ်မပြေရယ် ဖြစ်နေတာ ဘယ်ကာလထိ ကြာမယ်မှန်းတော့ သိနိုင်ပါဘူးလေ။

3 comments:

Zin Ko Latt said...

ကွန်မန့်ရေးချင်တာ ချင်တွေကို သတ်ရမယ်ဆိုလို့ ဘာမှမရေးပဲ ပြန်သွားပါပြီ။

naylinn said...

ဟုတ်တယ်ဗျှို နောက်တစ်နည်းပြောရရင် လောဘပေါ့။ လောဘက
လူကို ပူလောင်စေတယ်လေ။

ကလိုစေးထူး said...

အဲဒီ ချင်တွေကို သတ်ရင် တကယ် စိတ်ချမ်းသာမယ်လား..။ ကျနော်တော့ သိပ်မထင်။ :)