Tuesday, July 31, 2007

ချစ်ခဲ့ ဖူးတဲ့ “မ” အတွက်

အရှက်အကြောက်ကြီးလွန်းသူမို့
“မောင်” နဲ့ တွဲသွားရမှာ ရှက်သတဲ့လား..
မှားသွားတယ်ဆိုတဲ့ နောင်တနဲ့
“မ” ရဲ့ သိက္ခာထိခိုက်သွားတယ် ထင်သတဲ့လား…

သံယောဇဉ်ကြိုးမျှင်လေးပေါ် လမ်းလျှောက်
မနွေးထွေးတဲ့ တုန့်ပြန်မှုကြောင့် အသည်းပေါက်
လွမ်းနေရဒဏ်ကို ခါးသီးစွားခံစားပြီးနောက်….

“မ” ရင်ထဲမှာလဲ “မောင်” မရှိပါ
ချစ်တာတခုထဲလည်း အလုပ်မဟုတ်တာ
အပိုနှလုံးသားလေး နောက်ဆုတ်ရမှာ
သေချာတာက အဆွေးဝေဒနာ…

“မ” ရဲ့ နှလုံးသား အခန်းကျဥ်းထက်
တထောင့် တနေရာစာ ခိုလှုံခွင့် ရဖို့ ခက်
ချစ်ခွင့် ရမဲ့ ရင်ခုန်သံ နေ့ ရက်တွေအတွက်
(မူးယစ်ရီဝေတဲ့ တနေရာမှာ…)
ထာဝရ ရှင်သန်ကာ စောင့်မျှော်လျက်…ပါ။


ဝန်ခံချက်။ ။ဒီကဗျာလေးကို ကိုယ်တိုင်ပြန်ခံစားပြီးရေးကြည့်တာပါ။ စာသားတွေကတော့ တဦးတယောက်ဆီက ရခဲ့ဖူးတဲ့ အမှတ်တရပါ။ ဒိုင်ယာရီအနေနဲ့ သိမ်းထားတာ။

3 comments:

Layma said...

မမောင်…ကဗျာထဲက “မောင်” က မမယ်လိုဒီမောင် လား မမယ်လိုဒီရဲ့ မောင်လား….သိချင်လိုက်တာ….သိလို့ ရလား

MELODYMAUNG said...

ပြောပြရမှာလား ချက်ချာကြီး
တဦးတယောက်ဆီက ရခဲ့ဖူးတဲ့ အမှတ်တရမလို့ မယ်လိုဒီမောင်ရဲ့ “မောင်”ဖြစ်ချင်တဲ့ တဦးတယောက်ပေါ့ကွယ် (ဒါဆိုရှင်းပြီ ဟုတ်)

Layma said...

ဂလိုလား…ဟတ်..ဟတ်..ဟတ် (ကိုရန်အောင်ကို အတုခိုးထားတာ)