Friday, July 6, 2007

အသည်းကွဲနတ်သမီး

တိမ်ပေါ်တလွှား ပျံကာသွား
မိုးပေါ်ကနတ်သားမဟုတ်လဲ
အချစ်မိုးတိမ်တုတခုဖန်ဆင်း
စွမ်းအားပြင်းတွေများ
နင်..ပိုင်ဆိုင်ခဲ့ လေသလား။

တကယ်တမ်းလက်တွေ့ ကျ
ကွက်ကျားမိုးတွေရွာချ
အက်ဆစ်လိုအမုန်းတရားတွေက
ငါ့ ဘ၀ရဲ့ ပျော်ရွှင်ခြင်းတွေကို
ဆွေးမြေ့ စေမှာ ..
ငါ..မသိခဲ့ လေသလား။

မြူမှုန်မျှ အပြစ်မမြင်စွာချစ်ခင်
တရှိုက်မက်မက် စွဲလန်းစဉ်
ရက်စက်စွာ စွဲချက်တင်ပြီး
နှုတ်မဆက်ပဲ လမ်းခွဲသွားတော့
(ခုတော့ ..ငါဟာ.. နစ်မွန်းဆဲ..)
အသည်းကွဲနတ်သမီးပုံပြင်ထဲ။

5 comments:

pandora said...

ဒီနေ့က ဒီအစ်မကြီး.. မယ်မောင်ရေ.. တကယ်ကွဲတာလား.. တို့တော့ယုံဘူး.
(တကယ်က သူများတွေက သိချင်နေတာ.. မမေးရဲလို့တဲ့.. ကူမေးပေးလိုက်တာ သိလား..)

jimmy said...

aww my ama melody is breaking HEART ----

MELODYMAUNG said...

မပန်ရေ တကယ်ကွဲမကွဲတော့ မမေးပါနဲ့ တော့ ရက်ရက်စက်စက် ဟက်တက်ပါပဲလေ :(

MYO HAN HTUN said...

ကဗျာလေးဖတ်ပြီး ငိုတောင်ငိုချင်လာပြီ ..
ဒီကလည်း ကဗျာသမားမို့ .. ပြန်ပြီး ငိုချင်ရဲ့လက်တို့လိုက်တယ် ..

သူအကြောင်းနဲ့သူ

ဟက်တက်ကွဲ
တစက်စက်ပဲ
အသည်းကိုသူယူ
နှလုံးကိုသူချွေကာစားတယ်
ဒီလောကဇာတ်ခုံ
ငါစိတ်ကုန်လာတယ်

တစ်နေ့သောအခါ
သူ့အိမ်ရှေ့မှာ
တီးတိုးကာ ငါဒီလိုဆိုတယ်
“ဒါနဆန် မေတ္တာရပ်ခံအပ်ပါတယ်”

ကိုတိုး

ဂျစ်တူး - gyit_tu said...

မယ်မောင်ရဲ့ အလွမ်းကဗျာလေးကို ခံစားလို့မှမဆုံးသေး ၊ ကိုတိုးကဗျာကိုဖတ်ပြီး ရီလိုက်ရတာ .. ကိုတိုးရယ် သူများ အဆွေးကဗျာမှာ လုပ်ရက်ပလေတယ်း)