Monday, July 2, 2007

အောင်မြင်သူနှင့် ရှုံးနိမ့်သူ

လူ့လောကတွင် အောင်မြင်သူများနှင့် ရှုံးနိမ့် သူများဟူ၍ နှစ်မျိုးနှစ်စားရှိရာ ထိုသူနှစ်မျိုး၏ ကွာခြားချက်များသည် အောက်ပါအချက်များအတိုင်းဖြစ်ပေသည်။ သင်သည် အောင်မြင်သူဖြစ်နေပါသလား ရှုံးနိမ့်သူ ဖြစ်နေပါသလား ဆိုသည်ကို ဤအချက်များနှင့် ဆန်းစစ်ကြည့် နိုင်ရန်အလို့ငှာ ဖေါ်ပြလိုက်ပါသည်။

၁။ အောင်မြင်သူဟာ စကားကို အလုပ်နဲ့ သက်သေပြတယ်။
ရှုံးနိမ့်သူက သူ၏ရှုံးနိမ့်မှုကို ဆင်ခြေဆင်လက်နဲ့ ကာကွယ်တယ်။

၂။ အောင်မြင်သူဟာ ဘ၀ကို တာဝန်ယူပြီး တည်ဆောက်တယ်။
ရှုံးနိမ့်သူက မတည်နိုင်တဲ့ ကတိတွေကိုပဲ ပေးနေတတ်တယ်။

၃။ အောင်မြင်သူက အပြစ်ပေးခံရမှာ မကြောက်ပဲ စွန့်စားပြီး ဆုကို ရအောင်ယူတယ်။
ရှုံးနိမ့်သူဟာ မတရားနည်းလမ်းတွေနဲ့ ပရိယာယ်တွေသုံးပြီး ဆုနောက်ကို အရှက်နည်းစွာနဲ့ လိုက်တယ်။

၎။ အောင်နိုင်သူဟာ လုပ်ဖေါ်ကိုင်ဖက်တွေ အတွက် ကူညီဆောင်ရွက်ပြီး၊ မြင့် မားတဲ့ အဆင့် အတန်းကို ရယူတယ်။
ရှုံးနိမ့်သူက အဆင့် အတန်းကို ကိုးကွယ်ပြီး နောက်ဆုံး အရှက်တကွဲ အကျိုးနည်း ဖြစ်ရတယ်။

၅။ အောင်နိုင်သူဟာ အမှား တစ်စုံတစ်ရာ လုပ်မိရင် အမှားကို ၀န်ခံတယ်။
ရှုံးနိမ့်သူဟာ ညည်းတွားရင်း သူများကို အပြစ်လိုက်တင်တယ်။

၆။ အောင်နိုင်သူရဲ့ နှုတ်မှာ အမှန်တရားတွေ ပြည့် နေပေမဲ့ ရှုံးနိမ့်သူရဲ့ နှုတ်ဖျားမှာတော့ ဆင်ခြေဆင်လက်တွေနဲ့ ပဲ ပြည့် နေပါတယ်။

၇။ အောင်နိုင်သူက ဟုတ်တယ်၊ မဟုတ်ဖူးလို့ ပဲ ပြောမယ်။
ရှုံးနိမ့် သူက ဖြစ်ချင်ဖြစ်မယ်လို့ ပဲ ပြောတယ်။

၈။ အောင်နိုင်သူဟာ ကလေးငယ်တစ်ဦးကိုတောင် တောင်းပန်ဖို့ ၀န်မလေးပေမဲ့ ရှုံးနိမ့် သူကတော့ လူကြီးသူမကိုလဲ အရိုအသေပေးဖို့ ခက်နေတယ်။

၉။ အောင်နိုင်သူက လဲကျတယ်၊ပြန်ထတယ်။ ရှေ့ကို မျက်နှာမူတယ်။
ရှုံးနိမ့် သူဟာ နောက်ပြန်လှည့် တော့ တာပဲ။

၁၀။ အောင်နိုင်သူအတွက် တစ်နေ့ မှာ ၂၅နာရီရှိပေမဲ့ ရှုံးနိမ့်သူအတွက် ၂၃နာရီပဲ ရှိတယ်။

၁၁။ အောင်နိုင်သူဟာ အလုပ်ကို ကြိုးစားလုပ်တယ်။ ပြီးမှ အနားယူတယ်။
ရှုံးနိမ့်သူက အလုပ်ကို အလျင်စလိုလုပ်တယ်။ ပြီးတော့ အချိန်တွေကို ဖြုန်းပစ်တယ်။

၁၂။ အောင်နိုင်သူက အချိန်ကို စီးနင်း မောင်းနှင်သူဖြစ်တယ်။
ရှုံးနိမ့်သူဟာ အချိန်ရဲ့ မောင်းနှင်ခြင်းကို ခံရသူဖြစ်တယ်။

၁၃။ အောင်နိုင်သူဟာ အရှုံးအတွက် စိုးရိမ်စိတ်မရှိဘူး။
ဒါပေမဲ့ ရှုံးနိမ့်သူက အောင်ပွဲကို မယုံရဲသူဖြစ်တယ်။

၁၄။ အောင်နိုင်သူက အောင်ပွဲရဖို့ အတွက် အလုပ်လုပ်တယ်။
ရှုံးနိမ့် သူက အလုပ်မလုပ်ပဲ အောင်ပွဲ ရချင်တယ်။

၁၅။ အောင်နိုင်သူဟာ တိမ်တွေကိုကျော်ပြီး နေကိုမြင်တယ်။
ရှုံးနိမ့်သူကတော့ တိမ်တွေထဲက မိုးသားတွေကိုပဲ မြင်ပါတယ်။

၁၆။ အောင်နိုင်သူဟာ လဲကျပြီးတိုင်း ပြန်ထရတဲ့ အရသာကို နှစ်သက်တယ်။
ရှုံးနိမ့်သူကတော့ လဲကျရခြင်းအတွက် ကံဆိုးလေစွလို့ ညည်းညူတတ်တယ်။

၁၇။ အောင်နိုင်သူက နှင်းခဲတွေအပေါ်မှာ လမ်းလျှောက်တယ်။
ရှုံးနိမ့်သူကတော့ နှင်းခဲတွေ အရည်ပျော်အောင် စောင့် နေတယ်။

၁၈။ အောင်နိုင်သူဟာ စင်မြင့် ပေါ် ရောက်နေတဲ့ အခါ ရှုံးနိမ့် သူကတော့ ပရိသတ်ထဲမှာ ထိုင်စရာ နေရာ ရှာနေဆဲ ဖြစ်တယ်။

၁၉။ အောင်နိုင်သူက မိမိအမှားကို ပြင်ဆင်ဖို့ သိမ်းထားတယ်။
ရှုံးနိမ့် သူဟာအောင်မြင်မှုကို အမှိုက်ပုံးထဲ လွှင့် ပစ်တတ်တယ်။

၂၀။ အောင်နိုင်သူဟာ လေလာတဲ့ အချိန်မှာ ရွက်တင်တယ်။
ရှုံးနိမ့် တဲ့ သူကတော့ လေလာမှ ရွက်ချတတ်တယ်။

၂၁။ အောင်နိုင်သူဟာ ငွေကြေးရဲ့ အရှင်သခင်ဖြစ်ပြီး ရှုံးနိမ့် သူဟာ ပိုက်ဆံရဲ့ ကျေးကျွန်ဖြစ်တယ်။

၂၂။ အောင်နိုင်သူဟာ စိတ်ကူးတွေကို အကောင်အထည်ဖေါ်ဖို့ သိမ်းထားတယ်။
ရှုံးနိမ့်သူကတော့ စိတ်ကူးယဉ်ပြီး လောဘတက်နေတယ်။

၂၃။ အောင်နိုင်သူက နောက်တကြိမ် ကြိုးစားကြစို့ လို့ ဆိုတယ်။
ရှုံးနိမ့် သူကတော့ ထူးတော့ မှာ မဟုတ်ပါဘူးလို့ ဆိုတယ်။

၂၄။ အောင်နိုင်သူဟာ အပြစ်ရှိပေမဲ့ အပြစ်ကို ရဲရဲ ၀ံ့ ၀ံ့ ရင်ဆိုင်တယ်။
ရှုံးနိမ့် သူက အပြစ်မရှိသည့် တိုင် သူရဲ ဘောကြောင်နေတယ်။

၂၅။ အောင်နိုင်သူဟာ ချွေးသံထွက်ရခြင်းမှာ ယုံကြည်မှုရှိသလောက် ရှုံးနိမ့်သူက ကံကောင်းမဲ့ အချိန်ကို စောင့် နေတယ်။

၂၆။ အောင်နိုင်သူဟာ အာရုံကိုနိုးထစေပြီး ရှုံးနိမ့်သူကတော့ အာရုံလာပြီးမှ နိုးတယ်။

၂၇။ အောင်နိုင်သူက ရှေ့ သို့ သွားရင်း တွက်ချက်တယ်။
ရှုံးနိမ့် သူဟာ ဘာမှ မလုပ်ခင် တွက်ချက်နေတယ်။

၂၈။ အောင်နိုင်သူဟာ သူများပြောစကားကို နားထောင်တယ်။
ရှုံးနိမ့် သူက ပြောရမဲ့ အလှည့် ကို စောင့် နေတယ်။

၂၉။ အောင်နိုင်သူဟာ သိမ်မွေ့ ပြီး ရိုးသားတယ်။
ရှုံးနိမ့်သူက တကိုယ်ကောင်းဆန်ပြီး လှည့် စားတတ်တယ်။

၃၀။ အောင်နိုင်သူက လမ်းများစွာကို ထွင်ပြီး စဉ်းစားတယ်။
ရှုံးနိမ့်သူဟာ တလမ်းတည်းသွားတယ်။

၃၁။ အောင်နိုင်သူဟာ မိမိထက် သာသူထံမှ သင်ယူဖို့ စဉ်းစားတယ်။
ရှုံးနိမ့်သူကတော့ ၀န်တိုမှုတွေနဲ့ ပြည့် နေတယ်။ (သူ့ ထက်သာသူရဲ့ ကိုယ်ကြပ်အင်္ကျီထဲက လစ်ဟာမဲ့ အပေါက်ကနေ ဓါးနဲ့ ထိုးဖို့ ချောင်းနေတယ်။)

၃၂။ အောင်နိုင်သူဟာ ကိုယ့် ထက်နိမ့် ကျသူနဲ့ တွေ့ တဲ့ အခါမှာ ၀မ်းမြောက်ဝမ်းသာနဲ့ ပေါင်းသင်းတယ်။
ရှုံးနိမ့်သူက မိမိထက် နိမ့်ကျသူကို အနိုင်ကျင့် စေခိုင်းတတ်တယ်။

၃၃။ အောင်နိုင်သူဟာ အကောင်းဆုံးဆောင်ရွက်ဖို့ အတွက် အလုပ်ကို လုပ်တယ်။
ရှုံးနိမ့် သူဟာ ပထမဆုဖို့ အတွက်ပဲ အလုပ်လုပ်တယ်။

၃၄။ အောင်နိုင်သူဟာ နောက်ဆုံးမှ ပန်းဝင်ခဲ့ ရင်တောင် တစ်စုံတစ်ခု ပြီးမြောက်မှုကို ခံစားရတယ်။
ရှုံးနိမ့် သူကတော့ ပထမဆုံးပန်းဝင်မှ သူ့ အတွက် အဓိပ္ပါယ်ရှိတယ်လို့ ထင်တယ်။

၃၅။ အောင်နိုင်သူဟာ ပြေးနေရင် ပျော်သလောက် ရှုံးနိမ့် သူကတော့ ပျော်မယ်မပျော်ဘူးဆိုတာ ပြေးပြီးမှ သိတယ်။

ဂျူးလူမျိုးတို့ ၏ ကျမ်းစာ ဒိုင်ယာစ်ပိုရာမှ ကောက်နှုတ်ဖေါ်ပြပါသည်။

6 comments:

သန့်ဇော်မင်း said...

မမီရေ.. ဒုက္ခဘဲဗျ.. ဒီအချက်တွေနဲ့တိုက်ကြည့်လိုက်တော့ အောင်မြင်သူ စာရင်းမှာ မပါနိုင်လောက်ဝူးထင်တယ်.. အဲ ရှုံးနိမ့်သူလည်း မဟုတ်ဝူးဗျ.. နောက်တမျိုးမျုား မရှိဝူးလား.. :P

မျက်လုံး said...

ဟေး မယ်လိုဒီမောင်ရေ..

ကျွန်တော် မြင်တာလေးတွေ နည်းနည်းပြောမယ်နော်..

ဒီလိုလူတွေလည်း တကယ်အပြင်လောကမှာ တွေ့ဖူးကြမှာပါလေ..

၁။ ကိုယ့်ကိုကိုယ် အောင်မြင်သူလို့ ထင်အောင်လို့ စကားလုံးတွေ ပြောတတ်ကြတဲ့သူတွေ

၂။ ကတိမပေးတာကို သို့မဟုတ် စကားမပြောတာကိုပဲ အလုပ်မလုပ်တာလို့ ထင်တဲ့သူ

၃။ မဟုတ်တဲ့နေရာမှာ စွန့်စားပြီး သူများ အထင်ကြီးတာ ခံချင်တဲ့သူ

၎။ သူများကို နည်းနည်း ကူညီတာပြီး ကိုယ့်ရဲ့ အတ္တကို ဖျော်ဖြေနေတဲ့သူ

၅။ အမှားကို ၀န်ခံပေမယ့် စေတနာ အမှားလိုလို ဘာလိုလိုနဲ့ ကိုယ့်ကိုကိုယ် ဖွဖွလေးပြော သူများကိုတော့ သာသာနဲ့ နာနာလေးနှက်တဲ့သူ

၆။ စာအုပ်ထဲက အမှန်တရားကို နှုတ်ပေါ်မှာ တင်နိုင်ရုံနဲ့ ကိုယ့်ကိုကိုယ် အမှန်တရားနဲ့ ပြည့်စုံသွားပြီးလို့ မသိစိတ် (မသိစိတ်-အဲဒါအရေးကြီးတယ်) ကထင်နေတဲ့သူ

၇။ နောင်ခါလာ နောင်ခါဈေး (ပြီးတော့မှ ငါမသိပါဘူးလို့ပြောတော့လည်း ဘယ်သူမှ အထောက်အထား ရှိတာမှမဟုတ်တာဆိုရင်) လောလောဆယ် အောင်နိုင်သူလို့ အထင်ခံရဖို့ အရေးကြီးတယ်လို့ တွက်ပြီး ဟုတ်တယ်မဟုတ်ဘူး လွယ်လွယ်ပြောတဲ့သူ

(လောကမှာ ဟုတ်တယ် မဟုတ်ဘူး လွယ်လွယ်ပြောလို့မရပဲ မမြဲခြင်းသဘောတွေ ပြောင်းလဲခြင်းသဘောတွေက ကြီးစိုးနေတာမို့ May be လို့ပြောရင် သာမန်လူတွေက မကြိုက်ချင်ဘူး)

၈။ လူတစ်ယောက်သည် ကိုယ့်လောက် ပညာမတတ်ဘူးလို့ ထင်ထားတဲ့သူ၊ အတွေ့အကြုံမရှိဘူးလို့ ထင်ထားတဲ့သူ၊ စိတ်ထားမကောင်းဘူးလို့ ထင်ထားတဲ့သူ၊ မရင့်ကျက်ဘူးလို့ ထင်ထားတဲ့သူ၊ ...သူ၊ ...သူ၊
အဲလို လူတွေကို တောင်းပန်ဖို့ ၀န်ခံဖို့ တော်တော်ခက်နေကြတယ်ဗျာ..

၉။ အောင်နိုင်သူဟာ လဲကျနေသူကို ပြန်ထူပေးတဲ့သူ၊ ရှုံးနိမ့်သူဟာ သူများကိုယ့်လို နည်းနည်းလေး ကောင်းစားလာရင် ဘယ်လို လဲအောင် လုပ်မလဲ ကြံစည်နေတဲ့သူ

၁၀။ တကယ့် အောင်နိုင်သူဟာ ၂၄ နာရီကို အများအတွက် များများ ကိုယ့်အတွက် နည်းနည်း အသုံးချပြီး ရှုံးနိမ့်သူဟာ ကိုယ့်အတွက်များများ သူများအတွက် နည်းနည်း အသုံးချတဲ့သူ

ဆက်ရေးဦးမယ်ဗျာ.. ကျွန်တော့်ဘလော့မှာလဲ တင်လိုက်မယ်.. လာဖတ်ဦးနော်..

အမြင်လေးတွေ ဆွေးနွေးကြတာပေါ့ဗျာ..

ဂျူးတို့ရဲ့ အောင်နိုင်သူပုံစံမျိုးကို လိုက်ပြီး အယောင်ဆောင်နေတဲ့သူမျိုးတွေ တွေ့ဖူးလို့ ရေးလိုက်တာပါ မယ်လိုဒီရေ..

ဒီပို့စ်အတွက် ကျေးဇူးပဲနော် မယ်လိုဒီမောင်..

MELODYMAUNG said...

တယ်ရင်းကြီး နင်က ဂယ်ပဲ အတွေးကောင်းသကိုး 
မျက်လုံး ဆိုတဲ့ အတိုင်း မြင်တတ်ပါပေရဲ့
ဘာပဲဖြစ်ဖြစ် ၀င်ဆွေးနွေးသွားတာ သိုင်းကြူး

MYO HAN HTUN said...

တော်တော်လေးကို သဘောကျမိတယ်။

Thu Rein said...

Melody ကကော ဘယ်လိုမျိုးပါလိမ့်။ ကျွန်တော်ကိုတော့ မေးနဲ့နော်။ :D

ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော် said...

အချို့အချက်လေးတွေတော့ သိပ်သဘောမတူချင်ဘူးဗျ။
ဒါပေမယ့် ကောင်းပါတယ် မမီ။