Friday, June 29, 2007

ကျမ၏လခစားဝန်ထမ်းဘ၀ လစာထုတ်ရက် အတွေ့ အကြုံ

ဒီနေ့ ရုံးမှာလခထုတ်တယ်။ လခထုတ်ရက်ရောက်ရင် အကြွေးတွေဆပ်နေကျ။
သူများကိုဆပ်ရတာ ဟုတ်ပါဘူး။ ရုံးကနေ ကြိုကြိုထုတ်ပြီးသုံးထားတာတွေလေ။ လခထည့်ထားတဲ့ စာအိတ်လေးကို မယူခင် လက်မှတ်ထိုးတိုင်း ဒီလ ခွင့် ဘယ်နှစ်ရက်ယူထားလို့ သတ်မှတ်ရက်ထက် ကျော်မကျော်(ကျော်ရင်ကျော်သလောက် လစာ အဖြတ်ခံရတာ)၊ ပြီးတော့ လိပ်သေးသေးလားကြီးကြီးလား (တမျိုးမထင်ပါနဲ့ ) နောက်ကျတဲ့ late time တွေပေါ်မူတည်ပြီးအဖြတ်ခံရတယ်။ ရာထူးတစ်နေရာ ရောက်သွားသူတိုင်း အတွက် O.T ဆင်းကလဲ O.T ကြေးမပေးလေတော့ စုစုပေါင်း ဘယ်လောက်ဖြတ်ခံရလဲပဲ ကြည့်လိုက်တယ်။ ဒီလိုနဲ့ လက်မှတ်ထိုးပြီး စာအိတ်လေးဖွင့် လခကြိုထုတ်ထားတုန်းက debit voucher စာရွက်လေးတွေကိုစု calculator ထုတ်၊ ရတဲ့ လခထဲကနှုတ်၊ ဘယ်လောက်ကျန်လဲကြည့် ပြီး ရေတွက်လိုက်တိုင်း တလတလ သုံးဖို့ ကျန်တာက ၁သိန်းအောက်မှာပဲ ရှိလေရဲ့ ။


ကဲ …(သိပ်ကြည့် မရတဲ့ )ပိုက်ဆံသားပေါက် ခြင်္သေ့ လေးတွေ ၃ကောင်ကို ထုတ်ပြီးဖယ်လိုက်တယ်။ ဘုရားပန်း၊ ဖယောင်းတိုင်၊ စသည်ဖြင့် ၀ယ်ဖို့ ။ ချစ်သောမေမေကမှာထားတယ်။ ပိုက်ဆံရတိုင်း အဦးအဖျားကို ဘုရား(သို့မဟုတ်) အလှူအတန်းအတွက် သုံးဖို့လေ။ ပြီးမှကျန်တဲ့ ပိုက်ဆံကို ကိုယ်လိုသလိုသုံးရမယ်တဲ့ ။

လခထုတ်ပြီးပြီ။ တလလုံးအသုံးလိုတဲ့ ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့် စတဲ့ အိမ်သုံးပစ္စည်းတွေ အပါအ၀င် မနက်စာအတွက် ကော်ဖီသောက်ဖို့ မုံ့စားဖို့ တွေ ၀ယ်ဖို့ ညကျ shopping လုပ်။ ဘယ်လောက်ကျန်လဲတွက်။ ကျန်တဲ့ ပိုက်ဆံကို နေ့လည်စာ၊ ညစာအသုံးစားရိတ်အတွက် စာအိတ်လေးတွေပြန်ခွဲထည့် ။ ခန့် မှန်းအသုံးစားရိတ်ထက် ပိုနေသေးတာကို အိမ်လခပြန်ပေးဖို့ ဒါမှမဟုတ် မိန်းကလေးဆိုတော့ လည်း အလှအပ အသုံးအဆောင် ပစ္စည်းတွေ အလျဉ်းသင့် သလို ၀ယ်ဖို့ ဖယ်ထားလိုက်တယ်။ တခါတခါ လူမှုရေးအလုပ်တွေ လုပ်ရတာပဲဖြစ်ဖြစ် သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ သွားတာလာတာများသွားလို့ ပဲ ဖြစ်ဖြစ် ကိုယ်စီမံခန့် ခွဲထားတာထက်စောပြီး ပိုက်ဆံက ပြတ်သွားပြန်ရော။ အဲဒီတော့ ထုံးစံအတိုင်း ရုံးကနေလခထဲကနဲနဲ ချင်းကြိုထုတ်ပြီး သုံးရပြန်ရော။ ဒီလိုနဲ့ သံသရာ လည်…………….

ငယ်ငယ်တုန်းက ကိုယ့်မိဘတွေလုပ်တဲ့ ကုန်သည်ကြေးရေတတ်ထက် ပိုပြီးအသိအမြင် အတွေးအခေါ်တွေသာတဲ့ ပညာတတ်ကြီးလုပ်မယ်ဆိုပြီးကြိုးစားခဲ့တာက ကြီးလာတော့ ဒီလို လခစားဘ၀နဲ့ ဖုတ်လှိုက်ဖုတ်လှိုက် ရုန်းကန်နေရတဲ့ ဘ၀တခု ဖြစ်သော ကိုယ့် ရဲ့ ဖြစ်ရပ် အမှန်ကို ကြိုတင်သိခဲ့ မယ်ဆိုရင်…………………………………………….

9 comments:

သန့်ဇော်မင်း said...

ဟင်း... တူများဒွေက လစာဒွေ ထုတ်ကုန်ကြပြီ..
အနော်ဒို့က.. ရတေးဝူး..
လကုန်ရက်မှရတာ..
ဒါတောင်ညနေ ၆ နာရီကျော်လောက်မှရတာ...
ဒီလက စနေလကုန်ဆိုတော့....ရုံးကနေ့ဝက်
နေ့ဝက်ဆိုပေမဲ့ လစာကိုတော့ ညနေမှပေးမှာ..
စောင်နိုင်ရင်စောင့်.. မစောင့်နိုင်ရင် နောက်နေ့မှယူ...
အနော်က.. စောင့်လို့မရ၀ူး..
ဟင့်... တနင်္လာနေ့မှ လခထုတ်ရတော့မှာ...
ငီး...(ငိုသံ)
မမီ....မုန့်ဝယ်ကျွေး............
(ဟီး.. ဘာမှတော့မဆိုင်ဝူး..)
မုန့်ဝယ်ကျွေး....

pandora said...

ပထမတော့ မိတ်ဆွေကောင်း အကြောင်းပြောတယ်.. ပြီးတော့ လစာမလောက်တဲ့အကြောင်း ပြောတယ်.. ဆက်စပ်စဉ်းစားလိုက်တော့.. အမယ်လေး.. ဝေးဝေးရှောင်မှပဲ..

MELODYMAUNG said...

ဝေးဝေးပြေးလို့ မရအောင် အချစ်ရေ ဖက်ထားချင်တယ်
သီချင်းဆိုတာပါ မပန်ရယ် သလဲသီးလေးများလို တကန့်စီ တကန့်စီဖတ်နော်
ဒါညိုး ဆက်စပ်စဉ်းစားရဘူး(ပြောရင်လဲ တိုးတိုးပြောလေ .. သူများတွေသိကုန်တော့မှာပဲနော်)

MELODYMAUNG said...

သန့်ဇော်မင်းရေ
ဘာ.ဘာ. ဘာမှဆိုင်ဘူး
ဒါပေသိ ကျွေးပါတယ် ဘိုင်မပြတ်သေးခင်ထိစေတနာရှိ အဟိ

Nay Nay Naing said...

ဒီလိုပါပဲ မမယ်လိုဒီရေ.. လကုန်ပြီဆို လခရတာနဲ့  ဟိုတွက်ဒီတွက်၊ ဟိုပေးဒီပေး၊ ဟိုကုန်ဒီကုန်ဖြစ်ပြီး နောက်မကြာပါဘူး.. နောက်တခါ လခထုတ်ရမယ် ရက်ကို ပြန်မျှော်ရတော့တာပါပဲ..

Min Min said...

ဒါဆို ဆိုးဘူး.. ကျန်သေးတယ်ခေါ်တာပေါ့.. ဟီး .. ဘယ်ဘဏ်မှာ သိမ်းရမှန်းမသိရင် ပြောနော်. .ဖင်လန်မှာ မင်းမင်းဘဏ်ဆိုတာရှိတယ်. အရမ်းအာမခံတယ်။ ဘယ်လောက်အာမခံလဲဆို သွင်းပြီးရင် ပြန်မထုတ်ပေးဘူး . ဟီး

ကလိုစေးထူး said...

ဟိုးခပ်ငယ်ငယ်တုန်းက မေမေတက်တဲ့ကျောင်း (လုပ်သားများကောလိပ်) မဂ္ဂဇင်းထဲမှာ ဖတ်ဖူးတာလေးကို အခု မယ်လိုဒီရဲ့ ပို့စ်နဲ့တွေ့တော့ အဆင်သင့်တာနဲ့ ပြန်ချရေးကြည့်မယ်နော်။ :) လခစားတွေရဲ့ ဘ၀ကို ပေါ်လွင်စေတဲ့ ပြုံးချင်စရာလေးပေါ့…။

ပြတ်တုန်းလပ်တုန်း နှစ်ဆယ့်သုံး
ဟိုချေးဒီချေး နှစ်ဆယ့်လေး
မချေးမငှား နှစ်ဆယ့်ငါး
ရေသောက်ဗိုက်မှောက် နှစ်ဆယ့်ခြောက်
အိတ်မှောက်ဖာသွန် နှစ်ဆယ့်ခွန်
ဖြစ်ချင်ရာဖြစ် နှစ်ဆယ့်ရှစ်
ရနိုးမျှော်ကိုး နှစ်ဆယ့်ကိုး …တဲ့။

စာအုပ်ထဲက ကဗျာကတော့ အဲဒီလောက်ပဲ။ ဒါပေမယ့် ကျနော်က ကျန်တဲ့ နှစ်ရက်အတွက်ကိုပါ ထပ်ဖြည့်ကြည့်ချင်တယ်။ ကျနော်ဖြည့်လိုက်ရင် သိပ်ပျော်စရာ ကောင်းမယ်မထင်ဘူး။ ဖတ်မိတဲ့ သူငယ်ချင်းတွေ ကောင်းမယ်ထင်တာလေး ဖြည့်ကြည့်ကြပါလား။ လခထုတ်ရက်မှာ ပျော်ရွှင်ကြပါစေ။ :)

MYO HAN HTUN said...

စိတ်အားမငယ်ပါနဲ့ ဗျာ။
ဖြစ်ရပ် အမှန်ကို ကြိုတင်မသိခဲ့ရင်လည်း .. ဦးကျော်ဟိန်းဆိုခဲ့တဲ့ .. ဟို “ဘယ်တော့မှ မမေ့ဘူး” သီချင်းလေးထဲက စာသားလေးလို ... “ဒီကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး .. အရာရာအသစ်က ပြန်စလို့ရရင်” ဆိုတာလေးကိုပဲ .. ထပ်ထပ်ပြီး အော်ကာ ဆိုလိုက်ချင်ပါတယ် ဗျာ ..

ကိုတိုး

Myint said...

dear melody maung,

we are from burma today (burmatoday.net, blogger.burmatodaymedia.com) we like your creation. if we have a chance, we will add your blog url in our pages and we want to post your articles in our pages.

thanks for your time and we are waiting for your valuable response. you can reach to us postoffice@burmatodaymedia.com or post your comment in our cbox.

sincerely,

burma today