Thursday, June 21, 2007

ငြီးချင်လို့ပါ

ရုံးမှာလဲ အလုပ်တွေကများ
မီးကလဲပျက် မီးစက်ကလဲ ဂွိနေ
ကွန်နက်ရှင်ကမကောင်း ထုံးစံအတိုင်း SPT ပုဂံ ဆိုက်ဘာ
ဘလော့ဂ်မှာလဲ ပို့စ်အသစ်မတင်နိုင်
အလကားမတ်တင်းရထားတဲ့ editor ရာထူးလေးအတွက် stars တွေလဲအချိန်မီပေးရဦးမယ်
ပြီးတဲ့ သူများတွေလဲပြီးကုန်ပြီ
ညပိုင်း ဧည့်သည်ကလဲ သွားတွေ့ ရဦးမယ် O.T ကြေးလဲမရတဲ့ ရုံးအလုပ်
ကံကောင်းပြီလားအောက်မေ့တယ် ဧည့်သည်ပါမလာလို့
ကဲ cyber cafe ကိုသွားပြီး ပို့စ်တွေဖတ်ပြီး stars တွေသွားပေးပါတယ်
ဆိုင်တွေက မြန်မာစာ unicode မရှိဘူး download လုပ်တာလဲ မအောင်မြင်
၁၁ကျပ်ကျ(စိတ်ဓါတ်ကျပြီး) ပြန်ခါနီးတော့မှ သံယောဇဉ်မကုန်ပဲ I.E လေးနဲ့ ဖွင့်ကြည့်လိုက်တော့မှပဲ ဟော မြန်မာစာတွေမြင်ရပြီ
ကဲ လာလေရော့ ပို့စ်လေးတင်ပြီး ငြီးပြီပေါ့
အဲလိုနဲ့ ဆိုင်မှာ ၂နာရီကြာသွားပြီ
အိမ်ပြန်ရတော့မှပဲ နက်ဖြန်မှပဲ ပို့စ်တွေ စတားပေးတော့မယ် အဟီး

1 comment:

ညလေး said...

ဝေဖန်ရေးစမယ် ခေါင်းစဉ်မှားနေတယ်။ သီးချင်းပဲဖြစ်ဖြစ် ခံစားချက်ကို ဖွင့်ဟပြောဆိုတာပဲဖြစ်ဖြစ် “ညည်း” တွားတယ်လို့ရေးပါတယ် ခု “ငြီး” တယ်ဆိုတာ နေထိုင်မကောင်းလို့ ငြီးစီစီဖြစ်နေတယ် ခေါင်းထဲက ငြီးစီစီနဲ့ နေလို့ သိပ်မကောင်းဘူးပြောတာ။ ဟိ ဟုတ်မယ်ထင်တယ် မဟုတ်ရင်လဲ ညလေး မှားနေတယ်ပဲ ထားလိုက်နော်။ :P