Monday, June 18, 2007

ယဉ်ယဉ်လေးသာရူးလို့ နေ

အမှတ်တမဲ့ တွေ့မိရာမှ
လျှပ်ပြက်သလို အဖြစ်အပျက်တွေက
ငါ့ ရဲ့ အပြစ်မဲ့ ကမ္ဘာလေးကို အမှောင်ချသွားသတဲ့ …

ပြောမထွက်သင့်တဲ့ စကားလုံးတွေကို အန်ချခဲ့ တဲ့
အသုံးမကျတဲ့ ပါးစပ်ပေါက်တခုနဲ့
ခါးသီးတဲ့ မင်းရဲ့ စကားသံတွေကို နားမထောင်တော့ တာတောင်
ပဲ့ တင်ထပ်ကြားစေတဲ့ နားတစုံရယ်
မင်းရဲ့ ပါးပြင်ထက်က ဖမ်းစားမှုထောင်ချောက်မှန်းမသိ
အပြုံးတုတခုနဲ့ ပါးချိုင့် လေးကိုမှ တပ်မက်မိတဲ့ မျက်လုံးတစုံရယ်ကြောင့်….


စဉ်းစားဥာဏ်မဲ့ မီးသင့် ဦးနှောက်ငယ်နဲ့
ခံစားမှုကင်းနှလုံးသားကျောက်ဖြစ်ရုပ်ကြွင်းအဖြစ်
အကြွင်းမဲ့ အချိန်ကာလတခုအထိဖန်တီး
မျှော်လင့်ချက်မဲ့ လမ်းမထက်က ဒီခရီး
ငါ မငြီးပဲ ဆက်လှမ်းနေရင်း
မာယာကင်းတဲ့ အချစ်စစ်တခုတလေများ
မတွေ့ နိုင်မှန်းသိ ရှာဖွေကြည့်မိ
ယဉ်ယဉ်လေးသာ ရူးလို့ နေ၏….

5 comments:

တပြည်သူ အိမ့်ချမ်းမြေ့ said...

kabyar lay ka chit sa yar layy :)

MYO HAN HTUN said...

မောင်ကိုတိုး တစ်ယောက်တည်း ယဉ်ယဉ်လေးရူးနေတာများမှတ်ရ .. သူလည်းယဉ်ယဉ်လေးရူးတတ်သားပဲ .. :P

MYO HAN HTUN said...

Style ကတော့ မိုက်တယ် .. မြင်းကြီးပေါ်ခွစီးပြီး ဓါတ်ပုံရိုက်ထားတာ .. ပခန်းကိုကြီးကျော်ရဲ့ စတိုင်ကို သဘောကျလို့လား .. ? .. :P :P :P

MELODYMAUNG said...

ပခန်းကိုကြီးကျော်မြင်းကြီးစီးတဲ့ style တော့ မသိဘူး
အရက်သောက်ပြီး ကြက်ကြော်နဲ့ စားတဲ့ ပုံစံတော့ ကြိုက်သားပဲ ဟဲဟဲ :P

ဂျစ်တူး - gyit_tu said...

မယ်လိုဒီ.. ကိုတိုးပြောသလို.. သူနဲ့ ယဉ်ယဉ်လေးရူးဖို့ အဖော်တယောက် တိုးလာပြီနော် အဟဲ ။

ဒီကဗျာလေး ကြိုက်တယ် မယ်လိုဒီရေ ။