Thursday, June 14, 2007

အချိန်မီသာပြင်ဆင်ခွင့် ရှိခဲ့ ရင်

ဘ၀မှာ အဆိုးဝါးဆုံး ကံကြမ္မာတွေရှိချင်ရှိမယ် ... အဆိုးဝါးဆုံး ဆုံးဖြတ်ချက်တွေချချင်ချမိမယ် ...
ဘ၀ရဲ့ နောင်တ အရဆုံးအချိန်တွေ ၀မ်းနည်းအရဆုံး အချိန်တွေထဲမှ တစ်ခုသော အခြေအနေ ကို အခုပြောင်းလဲခွင့် ရမယ်ဆိုရင်...
အဲ့ဒီ ပြောင်းလဲချင်တဲ့ အရာဟာ...ဘာလဲတဲ့ တစ်ယောက်ကမေးတယ်

လူဆိုတာ ကိုယ်မှားခဲ့တဲ့ ကိစ္စအတွက် နောင်တရတတ်ပါတယ်။ အဲဒီအမှားကို လက်ခံပြီး အမှန်အဖြစ် ပြောင်းလဲနိုင်စွမ်း ရှိမရှိနဲ့ပဲဆိုင်တာပါ။ ပြောင်းလဲနိုင်ခဲ့ပြီဆိုရင် ဒီလူဟာ အနာဂတ်မှာ ပိုတော်၊ ပိုကောင်းလာမှာ အမှန်ပါ ...လို့ လဲ တစ်ယောက်ကထပ်ဖြည့် တယ်


အမှားဆိုတာအမှန်တရားရဲ့မိခင် ဆိုတဲ့စကားလို ဘ၀မှာရရှိခဲ့တဲ့ အမှားတွေကနေသင်ခန်းစာယူပြီး အမှန်တရားတွေကိုပြန်လည်မွေးဖွားနိုင်ကြပါစေ။ ဘ၀မှာပြင်လို့ရတဲ့အမှားနဲ့ပြင်လို့မရတဲ့အမှားတွေ ရှိနေတတ်တာမို့ ပြင်လို့ရတဲ့အမှားတွေကို အတိတ်သင်ခန်းစာတွေကနေ ပြန်ပြင်နိုင်ကြပါစေဗျာ၊
ကျွန်တော့်အတွက်တော့ခုချိန်ထိပြင်လို့မဆုံးသေးဘူးဗျို့ ၊ (ပြင်လို့ရတဲ့အမှားတွေကိုပြောတာပါ)၊
ပြင်လို့မရတဲ့အမှားတွေကတော့နောင်တရနေယုံကလွဲလို့..................................... ..........ဆိုပြီးတော့ လဲ တစ်ယောက်ကရင်ဖွင့်တယ်။

ကျမအတွက်တော့ ပြန်ပြင်ခွင့်သာရှိမယ်ဆိုရင်
အရင်၉နှစ်ထိ အချိန်တွေကိုပြန်ရွှေ့ပြီး မန္တလေးမှာပဲ မိဘတွေလုပ်ငန်းကိုလုပ်ပါတယ်။
ခုတော့ မမီနိုင် မပြီးဆုံးနိုင်တဲ့ပညာရပ်တွေသင်ရင်း
ရန်ကုန်မှာပဲ ပေါက်တဲ့နဖူးမထူးပြီမို့ လခစားဝန်ထမ်းလာလုပ်နေရပါတယ်။
ခုမှတော့ နောက်ပြန်လဲမလှည့်နိုင်(ချင်)တော့ပါဘူး။
နောက်တခါ ဒီလိုမမှားရအောင်စဉ်းစားရင်းနဲ့ နိုင်ငံခြားလဲသွားဖို့ မကြိုးစားဖြစ်သေးဘူးလေ။ ကျမ၀န်ခံချင်ပါတယ်..နောင်တရမှာကိုကြောက်နေတာကိုပေါ့

ကဲ စာဖတ်သူ သင်လည်းစဉ်းစားကြည့် ပါဦး အချိန်မီသာ ပြင်ဆင်ခွင့် ရှိမယ်ဆိုရင်…

9 comments:

naing said...

ပေါက်သွား သော နဖူး အတွက် အနာကပ် ဆေးပလာစတာလေး လာ ပို့ တာ ပါ ။

jimmy said...

MAMELODY

my opion. if u think " u know urself mistake. it is good thought.but, u should not wrong second time the same mistake" . if i am wrong. correct to me freely



jimmy

jimmy said...

MAMELODY

my opion. if u think " u know urself mistake. it is good thought.but, u should not wrong second time the same mistake" .it is more important. if i am wrong. correct to me freely



jimmy

chit said...

dear melody,
let say it's ego or fear or both...both factors are not good as they shut down ur capability.if u r not comfortable with ur situation, i encourage u to figure out...good luck in facing reality and endeavours
182

MELODYMAUNG said...

Hi Naing,
ဆေးပလာစတာလေး လာ ပို့ တာ ကျေးဇူးပါ ။ များများပို့နော် ပိုရင် ပြန်သွင်းရအောင်လို့ ဟီဟိ :D

pandora said...

မှားတယ် မမှားဘူးဆိုတာ တခါတခါတော့ ချက်ချင်းမသိနိုင်ပါဘူး မယ်မောင်ရယ်။ ဆုံးဖြတ်ချက်တစ်ခုဟာ အပြောင်းအလဲတွေ ဖန်တီးပေးနိုင်ပြီး အဲဒီ အပြောင်းအလဲအတွက် လောလောဆယ် မကျေနပ်နိုင်ပေမယ့် ကောင်းတာတစ်ခု နောက်တော့ ဖြစ်ချင်ဖြစ်နေမှာ။ Blessing in disguise တွေလည်း ရှိတတ်ပါတယ်။
လောလောဆယ်တော့ Appreciate what you have ပေါ့နော်။
ပျော်ရွှင်နိုင်ပါစေ။
အင်း.. ဆိုင်လားတော့မသိ။ ပြောမိတယ်။ မှားလည်း ခွင့်လွှတ်နော်။း)

MELODYMAUNG said...

မပန်ရေ နောက်တော့ ဖြစ်ချင်ဖြစ်လာမဲ့ ကောင်းတာတစ်ခု ကိုပဲမျှော်လင့် ချက်နဲ့ ဆက်နေနေရတာပါ။ လောလောဆယ်တော့ Appreciate what you have ဆိုတာလေး မေ့ နေတာ ခုလိုသတိပေးတာ ကျေးဇူးပါနော်။

tzm said...

အမရေ.
ပြန်ပြင်လို့သာ ရမယ်ဆိုရင် ပြင်ချင်တာတွေ များလွန်းလို့ ဘယ်ကစပြီး ဘယ်လိုပြင်ရမလဲတောင် မသိတော့ပါဘူး... ဒါနဲ့ဘဲ... ဒီတိုင်းဘဲကောင်းပါတယ်လို ဖြေတွေးလိုက်ရတယ်ဗျာ... :D

tzm

Karaweik ကရ၀ိတ် 妙声鸟 (Alvin) said...

How I wish I can read in မြန်မာစာ so that I can be precise in giving assistance. I shall dispense according to what I can guess from the comments here.

The Chinese has a word for affinity due to kamma or past-life links... it is called 缘 (pronounced as "yuan"). Sometimes, people or happenings come into your life because there is this affinity to resolve... be it 'wholesome' or 'unwholesome'. Since it can be both ways, it is neutral in overall nature. It comes, so accept it as it is... I guess we should not judge things but always learn from the experiences.

When we faced the ups and downs of life, we have to have a certain amount of calmness in us and practice equanmity (in Pali, it is known as "upekkhā"). When there is calmness, wisdom arises.

I am wishing you to meet many "kalāyanamitta" (it means "beneficial friends" in Pali) who will make your life-journey meaningful in many ways.

:)