Monday, June 11, 2007

လျှာလည်စရာ မြန်မာဟင်းချက်နည်းများ

သူငယ်ချင်းတစ်ယောက်က မေးတယ်။ ပုန်းရည်ကြီး ကို ဘယ်လိုလုပ်စားရင် ကောင်းမလဲဗျ ... လုပ်စားလို့ရတဲ့ နည်းလေးတွေ ညွှန်းပါဦးတဲ့ .....

ပုန်းရည်ကြီးက အညာသူတွေ favorite မလို့
ဟဲဟဲ ညွှန်းလိုက်ဦးမယ်နော်


ပုန်းရည်ကြီးတစ်ထုပ်စာကိုကြက်သွန်နီတစ်ဥပါးပါးလှီး
ကြက်သွန်ဖြူခွါပြီးစားချင်သလောက်ပါးပါးလှီးထည့်
ဆီနဲနဲထည့် ဆားနဲ့အချိုမှုန့်လေးနဲနဲထည့်
လက်နဲ့သေချာနယ်
ကဲ စားလို့ရပြီ သတ်သတ်လွတ်ပုန်းရည်ကြီးသုတ်တစ်ခွက်

ဒါမှမဟုတ် ၀က်သားအစိတ်သားကိုအနေတော်အတုံးလေးတွေလှီး
ပုန်းရည်ကြီးတစ်ထုပ်နဲ့နယ်
ကြက်သွန်နီ နှစ်လုံးလောက်လှီးထည့်
အချိုမှုန့်ထည့် ဆီနှစ်ကျပ်ခွဲသားလောက်ပဲထည့်
ဆားမှန်းထည့်ပြီး နယ်
မီးဖိုပေါ်တင်ပြီး အနံ့လေးမွှေးလာရင် ရေလေးမြုပ်အောင်ထည့်ပြီးရေခန်းအောင်တည်လိုက်ပြီးရော။
ဟော--၀က်သားပုန်းရည်ကြီးချက်

ပုန်းရည်ကြီးထုပ်ကိုတော့ ကိုယ်ဟာသာ ရအောင်ရှာကြပါနော်။
(အမလေး သွားရည်တောင်ကျလာပြီဗျို့။ဒါပေသိ ချက်စားဖို့အချိန်မရှိ။ ချက်နည်းပေးလို့ ချက်ကျွေးချင်ရဲ့ဆိုရင်
ချက်ပြီးရင်တော့ မေးလ်ပို့ လိုက်နော် လာစားပါရစေ)

4 comments:

နိုင်းနိုင်းစနေ said...

ရှလွတ်... အတူနေ ရန်ကုန်က သူငယ်ချင်း အစ်မတွေက ပုန်းရည်ကြီးကို
သုပ်ပြီး ကျွေးဖူးတယ်။ ဆီများလွန်းလို့ ဘယ်လိုမှ စားမတတ်ခဲ့ဘူး။
ဝက်သား ပုန်းရည်ကြီးတော့ ကြိုက်တယ်။ အဆီမများခဲ့ရင်ပေါ့။
သေချာတော့ မစားဖူးသေးဘူး။ တွေ့ဖြစ်ခဲ့ကြရင် ချက်ကျွေးနိုင်ပါစေ။
စားဖို့က အသင့်ပါ.. ဟား..ဟား

MELODYMAUNG said...

၉၉ရေ လာသာလာပါ ရှယ်ချက်ကျွေးမယ် စိုးဇေယျတို့ တော့ မသိစေနဲ့ နော်

Khin Mi Mi San said...

ဟားဟား စားလို့အရမ်းကောင်းတယ် မေးလ်ပို့မလို့ဘဲ ဒါပေမယ့်အနားမှာရှိတဲ့လူနဲ့တင်စားမလောက်လို့ ဆောရီးလ်နော် နောက်တစ်ခေါက်ပေါ့
အဲဒီလို လွယ်လွယ်ကူကူနဲ့စားကောင်း တဲ့ ဟင်းချက်နည်းလေးတွေ ထပ်တင်ပေးပါနော်။မချက်တတ်လို့ ဟီး

One said...

မချက်တဲ့ရင်သယ်စား။