Friday, June 8, 2007

အိမ်ဝေးသူ အလွမ်းများ(၁)

၉၈ကတည်းက မိသားစုနဲ့ ခွဲနေရမဲ့လမ်းကို ကိုယ်တိုင်ပဲကျေနပ်စွာရွေးချယ်ခဲ့တာပါ။
ခုဆို ၉နှစ်ကျော်သွားပြီလေ။
ဝမ်းနည်းတဲ့အခါပဲဖြစ်ဖြစ် ၀မ်းသာတဲ့အခါပဲဖြစ်ဖြစ်အရင်ဆုံးသတိရတာက ချစ်သောမေမေကိုလေ။
အဖေကတော့ပြောတယ် ကိုယ်ကတဲ့ဇာတ်ကိုယ်နိုင်အောင်ကတဲ့။(ဒေါနဲ့အားပေးတာလေ)
ခုချိန်ထိ မိဘတွေရဲ့ပံ့ပိုးမှုအောက်ကမလွတ်သေးပါဘူး။
မိန်းကလေးပေမဲ့လဲ ဒေါင်ကျကျပြားကျကျနေတတ်အောင်ကြိုးစားရင်း နေသားလဲကျနေပါပြီ။
မိသားစုနဲ့ဝေးနေရပေမဲ့ မိသားစုတောင်မရှိအောင်အထီးကျန်တဲ့သူတွေနဲ့စာရင် လွမ်းစရာမိသားစုရှိသေးတာလေးကိုပဲ ဖြေသိမ့်ရင်း ဘ၀ဆိုတာပျော်ရာမှာမနေ တော်ရာမှာနေရင်း ရောက်တဲ့အရပ်မှာ ပျော်အောင်နေတတ်ဖို့ပဲ ကြိုးစားရင်းပျံသန်းနေတဲ့ လေလွင့်ငှက်တစ်ကောင်ပါ။

4 comments:

Zin Ko Latt said...

ကျွန်တော်နဲ့ သိပ်မကွာဘူး။ ကျွန်တော်က ၈နှစ်ပြည့်တော့မယ်။

MELODYMAUNG said...

ဒါဆိုရင် နောက်ထပ် လေလွင့် ၀က် အဲလေ လေလွင့် ငှက်တစ်ကောင် ထပ်တိုးပေါ့ နော် ဟားဟား (J/K)

ကလိုစေးထူး said...

အိမ်ဝေးနေသူချင်း ကိုယ်ချင်းစာစိတ်နဲ့ ဒီပို့စ်ကို ဖတ်သွားပါတယ်။ အမှန်တော့ မယ်လိုဒီ ဒီထက်ပိုတဲ့ ခံစားချက်တွေ ရှိနေမလားပဲ။ (ရေးရတာ အပျင်းထူနေသလားမသိ :P)

MELODYMAUNG said...

ကိုစေးထူးက အိမ်ဝေးသူရဲ့ အလွမ်းများကို ဒီထက်ပိုတဲ့ ခံစားချက်တွေရှိနေဦးမယ် ဆိုတာ သိနေသလိုပဲ။ ဟုတ်တယ် ဖွင့်မပြောချင်တော့ အောင်ကိုရှိတယ်။ ဒါပေသိ ရေးပါဦးမယ်လေ။