Thursday, June 7, 2007

“မန္တလေးအချဉ်ပေါင်း”

မန္တလေးနဲ့ ဆိုင်ရာ ဆောင်းပါးလေးတွေကို စုစည်းပြီး လူထုဒေါ်အမာက စာအုပ်လေး ထုတ်ဝေခဲ့ ဖူးပါတယ်။ “ရတနာပုံ မန္တလေး၊ မန္တလေး၊ ကျမတို့ မန္တလေး” ဆိုတဲ့ နာမည်လေးနဲ့ ပါ။ အဲဒီစာအုပ်ထဲမှာ အမေဒေါ်အမာက “ကျမတို့ မန္တလေးက ဖြည်းဖြည်းချင်းမဟုတ်ပဲ မြန်မြန်ကြီးနဲ့ များများကြီး ပြောင်းလဲတဲ့ ကိစ္စမျိုးတွေ၊ မြို့ သက်တမ်းနဲ့ မလိုက် ကြုံတွေ့ နေရပါတယ်။……………………………….. ……………. တကယ်ကတော့ မန္တ လေးဟာ မြန်မာဘုရင်တပါး နောက်ဆုံးတည်ထားသွားတဲ့ မြန်မာ့ မြို့ ၊ မြန်မာ့ ရိုးရာ ယဉ်ကျေးမှုနဲ့ ဗုဒ္ဓသာသနာ အခြေစိုက်ရာ ကျောင်းကန်ဘုရားတွေ အများဆုံးရှိတဲ့ မြို့ ပါ။ ဒီမြို့ မှာ အပြောင်းအလဲတွေ မကြာမကြာဖြစ်လာခဲ့ တော့ ငယ်ရွယ်သူတွေ သိရအောင်ကျမတို့ သိမိတာ၊ မှတ်မိတာ၊ ကြားဖူးနားဝရှိတာတွေကို ရေးထားတာတွေကို တစုတဝေး လူငယ်တွေအတွက် ဖတ်စရာ စာအုပ်ကလေး လုပ်ပေးရင်းနဲ့ မန္တလေးကို မြန်မာတို့ ယဉ်ကျေးမှု မြို့ တော် မန္တလေးအဖြစ်နဲ့ ဆက်လက် ရှင်သန်ပါစေဦးလို့ အလေးအနက် ဆန္ဒပြုကြောင်း အမှာစာ ရေးထားပါတယ်။

စာအုပ်ထဲမှာတော့ မန္တလေးက မလွန်ဈေးအကြောင်း၊ မလွန်ဆန်လှူသင်းအကြောင်း၊ ခေါင်းမှာ ပန်းပန်တာနဲ့ ပါတ်သက်လို့ မန္တလေးသူတွေက ပန်းပန်ဖို့ ပိုလို့ များ ၀ါသနာကြီးသလား အောက်မေ့ မိတဲ့ ဇွန်ပန်းရာသီအကြောင်း၊ မန္တလေးဈေးချို တော်အကြောင်း၊ ဆိုင်းဆရာ စိန်ဗေဒါအကြောင်း၊ ကျောင်းကြီး ရွှေအင်ပင်အကြောင်း အစရှိသဖြင့် စုံလင်စွာ ရေးသား စုစည်းပေးခဲ့ တာဟာ ကျမတို့ မန္တလေးသူ၊ မန္တလေးသားတွေ အတွက် ဖတ်ရှုမှတ်သားစရာ စာအုပ်ရတနာတပါးပါပဲ။ (ထိုစာအုပ်မှ ဆောင်းပါးများအားလည်း အလျဉ်းသင့် သလို ရိုက်၍ တင်ပေးချင်ပါသေးသည်။)


စကားကြီး စကားကျယ်နှင့် နိဒါန်းချီမိ၍ ကျမ အခုရေးချင်တဲ့ အကြောင်းအရာသည် အထက်ပါ ဆောင်းပါးတွေကဲ့ သို့ ကြီးကျယ်၍ မဟုတ်ပါ။ တနင်္လာနေ့ က ဘလော့ ဂါ သူငယ်ချင်းတစ်ယောက် အလုပ်ကိစ္စတခုနှင့် မန္တလေးသွားစရာရှိ၍ ကျမအား ဘာမှာမလဲ မေးမြန်းရာမှ အစပြု၍ ယခုရေးချင်သည့် “မန္တလေး အချဉ်ပေါင်း” အကြောင်းပေါ်လာရခြင်း ဖြစ်ပါတော့ သည်။ “ကျမတို့ လူမျိုးသည် တစ်မြို့ တစ်ရွာကို အလည်သွား၍ပြန်လာသည့် အခါတိုင်း အိမ်မှာ ကျန်ရစ်သူများနှင့် ခင်မင်သည့် မိတ်သင်္ဂဟများအတွက် ရန်ကုန်သွားရင် ရန်ကုန်ပြန်လက်ဆောင်ပေးနေကျ၊ မန္တလေးသွားရင် မန္တလေးပြန်လက်ဆောင်ဆိုတာမျိုးက ပေးနေကျ၊ ဒါကျမတို့ ယဉ်ကျေးမှု၊ ကျမတို့ လူမျိုးရဲ့ ဓလေ့။ အဲဒီတော့ မန္တလေးက ပြန်မဲ့ ဧည့် သည်က မန္တလေးပြန်လက်ဆောင်ဝယ်ပြီးမှ ပြန်တာပါပဲ။” (လူထုဒေါ်အမာ၏ အရေးအတိုင်း ကူးရေးထားပါသည်။)

သို့ ဖြစ်၍ မန္တလေးပြန်လက်ဆောင်အဖြစ် မန္တလေးထိုးမုံ့၊ လမုံ့ ၊ မန္တလေးဖိနပ်၊ အချိတ်ဆင် ယက္ကန်းထည် ချည်ထည်များကို ၀ယ်ယူလာလေ့ ရှိသည်မှာ မဆန်းလှသော်လည်း ကျမမှာသော “မန္တလေး အချဉ်ပေါင်း” ဆိုတာကိုတော့ စားဖူးရန်ဝေးစွ၊ ကြားပင်မကြားဖူးလင့် ကစား ၀ယ်ရန်မှာ ခက်ခဲပေလိမ့် မည်။ သို့ သော် သင်မသိသော်လည်း မန္တလေး ရောက်သည်နှင့် မေးမြန်းစုံစမ်းလျှင်မူကား ငှက်ပျောသီးအခွံ နွှာစားသည်ထက်ပင် လွယ်ပေသေးသည်။ မန္တလေးသူ၊ မန္တလေးသား များအဖို့ ကား အချဉ်ပေါင်းဟူသည် မန္တလေး သူ အများစု၏ အကြိုက်၊ တခါတလေ ယောင်္ကျားလေးများပင် သွားရေကျပြီး စားဖြစ်သေးသည့် သွားရေစာတမျိုး ဖြစ်ပေသေးသည်။ ရန်ကုန်မြို့ ကြီးတွင် နေသော အခါတွင်မူ ဇီးထုပ်၊ အချဉ်ထုပ်များသော် လည်းကောင်း၊(သို့မဟုတ်) စလေဇီးသီး အစေ့လွတ်၊ မာကလာသီးတို့ အား ငရုတ်သီးမှုန့် ၊ အရသာမှုန့် တို့ နှင့် နယ်၍ ရောင်းချသမျှကိုသာ အားပေး စားသုံးရပါသည်။

ကျမတို့ မန္တလေးတွင်ကား သရက်သီး၊ ဇီးဖြူသီး၊ မရမ်းသီး၊ သီးသီး၊ ဂွေးသီး၊ မက်မန်းသီး စသည့် ရာသီပေါ်များကို သင့် တော်သလို လှီးချွတ်၍ အချဉ်တည်ပြီး အရသာရှိအောင် ချဉ်ဖြုံးဖြုံးလေး နှပ်ထားကာ ၀ယ်သူလာသောအခါ ငံပြာရည်၊ ငရုတ်သီးမှုန့် တို့ ဖြင့် သမအောင်နယ်၍ ရောင်းချလေ့ ရှိပါသည်။ ရောင်းချသည့် ပုံစံမှာ ဘုရားကြီး(မဟာမြတ် မုနိဘုရား)၊ တရုတ်တန်းဈေး(ရတနာပုံဈေး)၊ ဈေးချိုတို့ တွင် ဆိုင်ခန်းအနေဖြင့် စားပွဲရှည်ရှည်ခင်းကာ စားပွဲပေါ်၌ လင်ဗန်းများခင်းကာ လင်ဗန်းအသီးသီးပေါ်တွင် နှပ်ထားသော

ထိုအချဉ်ပေါင်းအပုံကြီးကြီးကို ကန်တော့ ပုံ(ပိရမစ်ပုံ) သဏ္ဍန်ဖြင့် လှပအောင် ပြင်ဆင်၍ ရောင်းချခြင်းဖြင့် လည်းကောင်း၊ အချို့ မှာ လက်တွန်းလှည်းပေါ်၌ လေးထောင့် မှန်ပုံးအသီးသီးတွင်ထည့် ကာ ထိုလက်တွန်းလှည်းကိုတွန်း၍ ရပ်ကွက်အသီးသီး၌ လည်းကောင်း၊ ကျောင်းများ အနီးဝန်းကျင်၌လည်းကောင်း၊ ဈေးများအတွင်းတွင် လည်းကောင်း၊ လှည့် လည်၍ ညနေမစောင်းမီအထိ တနေကုန် ရောင်းချလေ့ ရှိကြပါသည်။ ထူးခြားသည်မှာ လက်တွန်းလှည်းလေးတွင် မောင်းလေးချိတ်၍ တနောင်နောင်တီးကာ လှည့် လည်ရောင်းချလေ့ ရှိပြီး စားနေကြ ဖေါက်သည်များ၏ အိမ်အနီးရောက်လျှင် ပိုထုကာ အချက်ပေးလေ့ ရှိလေသည်ကို အစပြု၍ နောင်နောင်သည်(သို့ ) မှောင်မှောင်သည် လာချေပြီဟု ပြောလေ့ ရှိကြပါသည်။

လွန်ခဲ့ သည့် ဆယ်နှစ်ခန့် က ၅ကျပ်၊၁၀ကျပ်ဖြင့် ၀ယ်စား၍ရခဲ့ သော်လည်း ယခုတွင်မူ ၅၀၀ကျပ်ခန့် ရှိပေတော့ မည်။ တကယ်တမ်းတွင်မူ အချဉ်ပေါင်းသည် မိန်းကလေးများအတွက် ကျန်းမာရေးထိခိုက်နိုင်သော်လည်း အလွန်အမင်းကြိုက်သည်ဖြစ်တတ်၍ အခါအားလျော်စွာ မှောင်မှောင်သည်အားစောင့် ၍ ၀ယ်စားလေ့ ရှိပါသည်။ မစားခင်ကတည်းက သွားရေကျ၍ စားပြီး ငရုတ်သီးစပ်ပြီးနောက် ရှူးရှူးရှဲရှဲနှင့် ရေနွေးသောက်ရသည့် အရသာကိုလည်း မမေ့ နိုင်အောင် တမ်းတဆဲ ရှိပါသေးသည်။ သူငယ်ချင်းတို့ လည်း မန္တလေးကို အလည်တခေါက် ရောက်ခဲ့ ရင်ဖြင့် အချဉ်ပေါင်းတော့ စားဖြစ်အောင် စားကြည့် စေချင်ပါသေးသည်။

ကြာသပတေးနေ့ တွင် သူငယ်ချင်း ရန်ကုန်သို့ ပြန်ရောက်လာပြီး “မန္တလေး အချဉ်ပေါင်း” ကို မန္တလေးပြန်လက်ဆောင် အဖြစ် လာပို့ ပေးပါသည်။ ကျမအတွက် အခြား ဘယ်လက်ဆောင်နှင့် မျှ မလဲ နိုင်သော နတ်သုဒ္ဒါတမျှ တန်ဖိုးထားသည့် “မန္တလေး အချဉ်ပေါင်း” ကို ထမင်းမစားခင်လည်း စားလိုက်သေးသည်၊ ထမင်းစားပြီးလည်း စားလိုက်သေးသည်။ ဘလော့ ဂါမိတ်ဆွေများ သွားရေကျရန်အလို့ ငှာ ဓါတ်ပုံ ရိုက်မထားလိုက်မိသည့် အတွက် နောင်တတရားကို ရင်ဝယ်ပိုက်ရင်း ဤဆောင်းပါးကို ရေးသားလိုက်ပါသည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အချဉ်ပေါင်းကို တကူးတက ၀ယ်လာပေးတဲ့ ဘလော့ ဂါ သူငယ်ချင်းနာမည် မမေးကြပါနှင့်။
အသေသတ်ချင်သတ်လိုက် ပြောပြဘူး။ အဘယ့်ကြောင့် ဆိုသော် နောက်တခါ မန္တလေး သွားရင် အော်ဒါများရကာ အကျွန္နုပ်အား အချဉ်ပေါင်းလက်ဆောင်ပေးမည့် စာရင်းမှ မေ့ ကျန်ခဲ့ မည်စိုးသောကြောင့် ဖြစ်လေသတည်း။

8 comments:

M.Y. said...

မယ်လိုဒီရေ..
ရန်ကုန်မှာ လဲကျွန်တော်တို ငယ်ငယ်က ၀ယ်စားနေကျ အချဉ်ပေါင်း နောင်နောင်သည်တွန်းလှည်းလေးတွေကို လဲ အမှတ်ရစေပါတယ်။
ရန်ကုန် ကလူတွေက တော့ မန္တလေး ကလူကြုံဆို မစီမာ ဇီးပေါင်းထုပ်လေးတွေ ကို မက်မက်မောမောပို ရှိကြပါတယ်၊ဒါပေမယ့် နောက်ပိုင်းပျောက်သွားတယ်၊ အဲဒိ မစီမာ မိသားစုလုပ်ငန်း ရဲ့ သမိုင်း..ဘယ်လိုပျောက်သွားတယ်ဆိုတဲ့ အကြောင်းသိရ င် ဖတ်ချင်ပါတယ်။

MELODYMAUNG said...

မစီမာ ဇီးပေါင်းထုပ် စားဖူးသလိုပဲ ဘယ်လိုပျောက်သွားတယ်ဆိုတာတော့ သိဝူး အဟီး :D

CM said...

Hi and thank you for your visit.Unfortunately I do not speak your language,I was just blog hopping and thought of leaving a message.That's the best part of blogging,you come across a whole lot of languages you don't master,from countries you've never been.I wish you a great weekend and hope you'll give me the pleasure of your visit again.Cheers.
Carlos.

Maydarwii said...

အချဉ်ပေါင်း ဆိုတာနဲ့ ဖတ်ရင်းကို သွားရည်တွေစိုလာတယ်။ စားဖူးလို့တော့မဟုတ်ဘူး။ ရေးထားတာဖတ်ရတာနဲ့ကို စားချင်လာလို့။ မန္တလေးလူကြုံရှိရင် မှာဦးမှပဲ။

MELODYMAUNG said...

အညွန်းကောင်းလို့ များများစားပြီး ဗိုက်တွေနာရင်တော့ တာဝန်ယူဘူးနော် မမေ အဟီး :D

naing said...

မျက်စိထဲ မြင်အောင် ရေးထားပါလား ၊ ခံတွင်း ချဉ်လာပါတယ် ခင်ဗျာ ။

MYO HAN HTUN said...

ဖတ်ရင်းနဲ့ မန္တလေး အမှတ် ၇ အလက မှာ ငယ်စဉ်က သူငယ်ချင်းတွေနဲ့ အချဉ်ပေါင်းတွေ ၀ယ်ပြီး နေ့တိုင်းစာသင်ချိန်မှာ တရှူးရှူးတရှဲရှဲ ချွေးပေါက်ကြအောင် ခိုးစားခဲ့ရတာလေးတွေ သတိပြန်ရပါတယ် ဗျာ။

CMS said...

ဒီပို့စ်ကို ဖတ်ရတာ သွားတောင် နည်းနည်းကျိမ်းလာပီ :P