Tuesday, June 5, 2007

အလုပ်ထဲက အမှားများ

လူတိုင်းလူတိုင်း စားဝတ်နေရေး အပါအ၀င် ဘ၀အတွက် အလုပ်လုပ်နေရတာကြောင့် အလုပ်လုပ်ရင်း မှားခဲ့ ဖူးကြမှာပါပဲ။ ပြီးတော့ အမှားထဲက သင်ခန်းစာယူပြီး ရှေ့ လျှောက် မမှားအောင် ပိုကောင်းအောင် လုပ်နေကြတာပေါ့။ ခုလောလောဆယ် အလုပ်ခွင်ထဲ မရောက်သေးရင်လဲ လုပ်ငန်းအမျိုးမျိုးရဲ့ မှားတတ်တဲ့ သဘောလေးတွေသိရအောင် သူများမှားခဲ့ ဖူးတာလေးတွေရော ကိုယ်တွေ့ မှားခဲ့ ဖူးတာလေးတွေရော ပြန်ပြောပြချင်သေးတယ်။

ကျမရဲ့ ပထမခြေလှမ်းက အမှားတစ်ခု

ဒီတစ်ခေါက်ဝင်လုပ်ဖြစ်တဲ့ အလုပ်(အရင် ၃နှစ်တုန်းကပေါ့ ) သတိရသေးတယ်။ ရုံးစ၀င်ဝင်ချင်း professional ကလဲ ပြောင်းထားတာမလို့ ဘာမှလဲ လုပ်စရာမရှိ၊ လုပ်လဲ မလုပ်တတ်သေးတာနဲ့ ပဲ တောက်တိုမယ်ရ လုပ်ရင်းပေါ့ ။ တရက်မှာ cabinet ထဲမှာရှိတဲ့ ဖိုင်တွေကို အားအားယားယား သွားစီထားလိုက်တာ။ G.M က သူကိုယ်တိုင် ဖိုင်တခုရှာဖို့ drawer ကို ဆွဲထုတ်လိုက်ရော မျက်ခုံးမွှေးရော ရှိတဲ့ နှုတ်ခမ်းမွှေးပါ ထောင်သွားတယ်။ ဖိုင်တွေမှာရှိတဲ့ တပ်ထားတဲ့ file name tags တွေက အကုန် တညီတညာထဲ ရက်စွဲ အလိုက် တန်းစီနေလို့ တဲ့ လေ။ ကိုယ်လုပ်ထားတုန်းကတော့ တယ်တော်တဲ့ ငါကွ သပ်သပ်ရပ်ရပ် ရှိလိုက်တာလို့ တောင် ကိုယ့် ကိုယ်ကို ချီးမွမ်းမိသေးရဲ့ ။ ဒါပေသိ အမှန်မှာက file name tags တွေက စွေစွေစောင်းစောင်း အတန်းလိုက်ရှိနေမှ ရှာရလွယ်ကူပါသတဲ့ ။ ကိုယ်က သိမှမသိပဲဟာ (ဟိဟိ)။ G.M ကပြောတယ်။ “ဒါ ဘယ်သူလုပ်ထားတာလဲတဲ့ ” “ကျမလုပ်ထားတာပါလို့ ”(မျက်နှာရမလားတောင် အောက်မေ့ မိသေး) “ဘယ်သူသင်ပေးလဲတဲ့ ” “file name tags တွေက စွေစွေစောင်းစောင်း အတန်းလိုက်ရှိနေမှ ရှာရလွယ်ကူတာ မသိဘူးလားတဲ့ ” ဟဲဟဲ ပြန်ပြောလိုက်တယ်။ “ကောင်းမယ်ထင်လို့ လုပ်လိုက်တာပါ” လို့ လေ။


အသိအစ်ကိုကြီးတစ်ယောက်ရဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အူကြောင်ကြောင်ကြုံခဲ့ ပုံလေးပါ။
(အဲဒီ အစ်ကိုကြီးပြောတဲ့ အတိုင်းပဲ ပြန်ပြောပြပါရစေ။)

အလုပ်သမားဆေးရုံကြီးမှာ ဟောက်စ်ဆာဂျင်ဆင်းတုန်းကပေါ့ ။ ဆေးကုသဆောင်မှာ အဲဒီတုန်းက သမားတော်ကြီးက ဒေါ်သန်းရင်မာ(လူထု ဒေါ်အမာရဲ့ သမီးပါ)။ ဆေးကုဆောင်မှာ ကျနော်တို့ အတူတာဝန်ကျတာ ၃ယောက်ရှိပါတယ်။ တနေ့ တော့ မနက်ပိုင်း ၀ါ့ ဒ် ရောင်းလှည့် နေချိန်ပေါ့ ။ ဟောက်စ်ကနဲတော့ ကျနော်တို့ တွေလဲ ရောင်းဒ်လှည့် နေရင်း တပြိုင်နက်ကို changes တွေကို ပြီးနိုင်သမျှပြီးအောင် လုပ်ရပါတယ်။ ဒီလိုနဲ့ လူနာတစ်ယောက်နားလဲ ရောက်လာရော…အဲဒီ လူနာက ငှက်ဖျားသမားပါ။ မနေ့ ညက ငှက်ဖျားပိုး ဦးနှောက်ထဲ ရောက်သလိုလို သတိတောင်သိပ်မကောင်းပဲ ရောက်လာတာလေ။ အခု ရောင်းဒ်လှည့် ချိန်မှာတော့ တော်တော်သက်သာလာပါပြီ။ ဟောက်စ် ၃ယောက်ထဲမှာမှ တယောက်က ညက နိုက်ဂျူတီကျထားတာပါ။ သူက ဒီလူနာကို ညက သူဘယ်လို လုပ်ပေးထားတယ် ဘာတယ် ညာတယ် ဘွားတော်ကိုပြောပြနေပါတယ်..။ ဘွားတော်က သူပြောတာနားထောင်ပြီးတော့ လူနာမှတ်တမ်းကိုကြည့် လိုက် လူနာကို စမ်းလိုက် လုပ်နေတုန်း ကျန်တဲ့ သူတွေကတော့ လူနာဘေးနားမှာ ၀ိုင်းလို့ ပေါ့ ။ သူနာပြု ဆရာမကြီးတွေနဲ့ တခြားဝါ့ ဒ်ထဲက ၀န်ထမ်းတချို့ ရောပေါ့ အနားမှာပေါ့ လေ။

လူနာက ကရင်ပြည်နယ်ဘက်ကို ခရီးထွက်ပြီး ပြန်လာတာဗျ။ ဒါနဲ့ ကျနော်တို့ လဲ တခု သွားသတိရတယ်။ ကျနော်တို့ နိုင်ငံက ငှက်(ငှက်ဖျား) တွေ ထဲမှာ ကရင်ပြည်နယ်က “ဒေါနငှက်” ဟာ နာမည်ကြီးတယ်ဆိုတာကိုပါ။ ဦးနှောက်ထဲ ငှက်ဖျားပိုးဝင်တာ၊ လူနာဖိတ်စဉ်တတ်တာမှာ သူက ဗိုလ်စွဲပါတယ်။ ဒါနဲ့ ကျနော်က ဘွားတော် လူနာစမ်းတာ စောင့် နေတုန်း အနားက သူငယ်ချင်း ဟောက်စ် နောက်တစ်ယောက်ကို မေးလိုက်ပါတယ်… ထားပါတော့ ၊ သူ့ နာမည်က မောင်လှလို့ ပဲ။ “ဟေ့ ကောင် မောင်လှ.. မြန်မာပြည်မှာ ဘယ်ငှက် က အပြင်းဆုံးလဲ သိလား ….” လို့ ။(ဒီကောင်က မန္တလေးကအောင်လာတာပါ၊ ရှမ်းတရုတ်ကပြားပါ) ကျနော်မေးလိုက်တာကို သူက ပြန်မဖြေပဲ နဖူးကြောရှုံ့ ပြီး စဉ်းစားနေပါတယ်။ အဲဒီအချိန်မှာ ဘွားတော်က သူလုပ်ချင်တဲ့ သွေးစစ်ဆေးမှုတွေ ချရေးခိုင်းလို့ ကျနော်လဲ အာရုံပြောင်းသွားပါတယ်။ ဘွားတော်လုပ်ချင်တဲ့ သွေးစစ်ဆေးမှုတွေ လူနာချတ်ထဲ ကမန်းကတန်းချရေးအပြီးမှာ မမျှော်လင့် ပဲ ခုထိကို နဖူးကြောကြီးတွေ ရှုံ့ နေသေးတဲ့ မောင်လှဆီက စကားတစ်ခွန်း ရုတ်တရက် ထွက်လာပါတယ်။ “ခို” တဲ့ ။ ပထမ ကျနော်ကြောင်နေတယ်။ သူဘာပြောမှန်း နားမလည်လိုက်ဘူး။ ခဏနေတော့ မှ ဘေးက ဆရာမကြီးတွေ ၀န်ထမ်းတွေ အကုန်လုံးက ၀ါးကနဲ ၀ိုင်းရယ်လိုက်ကြတော့ မှ ကျနော့် မေးခွန်းနဲ့ သူဖြေတာ ပြန်ဆက်စပ်မိတော့ တယ်။ ကျနော်မေးလိုက်တာကို ဘေးကလူတွေလဲ ကြားလိုက်ကြတာကိုး။ သူတို့ က အရင် သဘောပေါက်သွားပြီး ထရယ်ကြတော့ တာလေ။
အပြင်းဆုံးငှက်နဲ့ အပျင်းဆုံးငှက် သံတူကြောင်းကွဲ က ဒွတ်ခပေးသွားတာကိုး။ အောင်မယ်.. အနားက သူနာပြု ဆရာမကြီးက ရီနေရင်း ထပ်မေးလိုက်သေးတယ်။ ဘာလို့ လဲ ဆရာရဲ့ ..“ခို“ က အစာကို ကိုယ်တိုင်ရှာမစားပဲ သူများပက်ကျွေးတာ စောင့် ပြီး စားနေကြမလို့ ပြောတာမဟုတ်လားဆိုတော့ ကိုယ်တော်က “အင်း” တဲ့ ….။ ကျနော်တို့ တွေ အူနှိပ်ပြီးကို ရီလိုက်ကြတာ ၀ါ့ဒ် ရောင်းတောင် တော်တော်ကြာမှ ဆက်ဖြစ်ကြတော့ တယ်၊

နောက်ထပ်လဲ သူငယ်ချင်းတွေရဲ့ မှားပုံလေးတွေရှိသေးလို့ ကြုံရင် ထပ်ရေးပါဦးမယ်။ အမှားကြီးတွေ မဟုတ်ပဲ အမှားသေးသေးမှားတတ်ပုံလေးတွေကတော့ နောင်ပြန်ပြောကြရင် ရယ်စရာ ဟာသလေးတွေ ဖြစ်သွားကြတာပါပဲ။

6 comments:

SOE ZEYA said...

ကျွန်တော်မှားတဲ့ အမှားကတော့ သတင်းစရေး ရေးချင်းမှာ ရေးလိုက်တာ ၀တ္တုဖြစ်သွားတယ်။
ကိုယ့်ကိုတော့ ဟုတ်လှပြီပေါ့ အယ်ဒီတာသွားပြတော့ ဟားခံရပါလေရော

ကလိုစေးထူး said...

ကျနော်ကတော့ အလုပ်ထဲမှာမှားတာ..။ အရှည် တလက်မခွဲ ချန်ပြီး အဖြတ်ခိုင်းတဲ့ tool တခုကို တလက်မ ချန်ပြီးဖြတ်မိတော့ တိုသွားရော။

MELODYMAUNG said...

ဒါမျိုးတွေလဲ ဖြစ်တတ်တယ်ပေါ့ နော် ဒါဆို စိုးဇေယျက ၀တ္ထု ရေးဆရာပါရမီပါလို့ ဖြစ်မယ် သည်းထိတ်ရင်ဖိုတွေရေးတာလေ

MELODYMAUNG said...

အဲဒါများ အစ်ကိုစေးထူးရယ် လက်မ၀က်ကို super glue နဲ့ ပြန်ကပ်လိုက် ဟဲဟဲ (စတာပါ)

SOE ZEYA said...

ဘာရေးရမလဲ မသိသေးဘူး စဉ်းစားတုန်း

ဂျစ်တူး - gyit_tu said...

အဟား ရီရတယ် မယ်လိုဒီရေး)