Monday, June 4, 2007

ကျမ၏တနင်္ဂနွေ

ထုံးစံအတိုင်း ကျမရဲ့ တနင်္ဂနွေ လေးကတော့ volunteer အလုပ်နဲ့ အချိန်ကုန်ခဲ့ ပြန်တာ။
မနေ့ က မနက် ၆နာရီထ ရေမိုးချိုးပြီး အိမ်မှာ အတူနေ အဆောင်သူပေါ့ နော်၊ အဲဒီ ကောင်မလေးတစ်ယောက်ရယ် ရုံးက ကောင်မလေးရယ် ၇နာရီမှာ ဆုံပြီး ပန်းဆိုးတန်းဆိပ်ကမ်းကိုသွား searchers အဖွဲ့ လူစုပြီး လူစုံတော့ ၇နာရီခွဲမှာ လက်မှတ်ဝယ်ပြီး ဒလဘက်ကမ်းကို သဘောင်္နဲ့ ကူး ၁၀မိနစ်ကျော်ကျော်စီးပြီး ဒလဘက်ကိုရောက်ရော။ သဘောင်္လက်မှတ်ဝယ်ကတည်းက light house အဖွဲ့ နဲ့ လဲ တွေ့ တယ်။ သူတို့ လဲ ၈ယောက်လောက် ကိုယ့် ဘက်အုပ်စုကလဲ ဆရာဝန်အပါ ၉ယောက်ဆိုတော့ ဒီတပါတ် အုပ်စုတော်တော်တောင့် တာပေါ့ ။ ဒီနှစ်အုပ်စုလုံးရဲ့ ဦးတည်ရာ အရပ်က အတူတူပဲ။ ဒလကနေ ၁နာရီ လောက်ကားစီးရအောင်ဝေးတဲ့ ကော့ မှူးမြို့ နယ် ဆင်ခြံကျေးရွာက အောင်ဇမ္ဇူ ဘုန်းကြီးကျောင်းလေးဆီကိုပါ။ သူတို့ light house အဖွဲ့ က ၉တန်း ၁၀တန်းတွေကို ကျူ ရှင်သဘောမျိုး အခမဲ့ စာသင်ပေးပြီး ကျမတို့ searchers ကတော့ ဘုန်းကြီးကျောင်းဝင်းထဲက ကုသိုလ်ဖြစ် ကျေးရွာဆေးပေးခန်းလေးမှာ ဆရာဝန်နဲ့ အတူ volunteer အဖြစ် ကိုယ်လုပ်နိုင်တာလေး ၀င်ကူလုပ်ကြတာပေါ့ ။


ဒီနေ့ တော့ လာတဲ့ လူနာ အရေအတွက်က ၆၀ ကျော်ရှိပါတယ်။
နှစ်ကုန်ပိုင်းအထိဆိုရင်တော့ ၁၀၀ကျော်လောက်ရှိလာမယ်လို့ ခန့်မှန်းမိကြပါတယ်။ ဆင်ခြံ ကျေးရွာနဲ့ ရွာနီးချုပ်စပ်အပြင် အတန်ငယ်ဝေးတဲ့ ရွာများဆီကနေ ၁နာရီကျော် လမ်းလျှောက်ပြီးမှ လာပြရတဲ့ လူနာတွေလဲ ရှိပါတယ်။ ဘုန်းဘုန်းရဲ့ မိန့် ကြားချက်အရဆိုရင် ဆေးထိုးအပ်နဲ့ ဆေးထိုးပြီးရောဂါဝေဒနာ ကုရကောင်းမှန်းကို လွန်ခဲ့ တဲ့ ၁၀နှစ်ကျော်လောက်မှာမှ စတင်သိရှိကြပြီး ရွာမှာဆိုရင်လဲ ဆေးမှူးကလွဲလို့ ဆရာဝန်မရှိသေးပါဘူး။ တချို့ ဆိုရင် ၆လလောက် ချောင်းဆိုးနေတာကြာပေမဲ့ ဆေးမြီးတို နဲ့ ချောင်းဆိုးပျောက်အောင် လုပ်နေပေမဲ့ ကိုယ့် ကိုယ်ကို တီဘီဖြစ်လို့ ဖြစ်နေမှန်းလဲ မသိရှာကြ ပါဘူး။ သူတို့ အနေနဲ့ တကယ့် တကယ် ရောဂါကုသဖို့ ရာဆိုရင်လဲ ကော့ မှူးမြို့ ထိသော်လည်းကောင်း ရန်ကုန်မြို့ ထိသော်လည်းကောင်း လာရောက် ကုသရတဲ့ စရိတ်ကုန်တဲ့ အတွက်လဲ မတတ်နိုင်ကြပါဘူးတဲ့။ ခုလိုမျိုး အောင်ဇမ္ဇူဘုန်းကြီးကျောင်းက ဦးဇင်းရဲ့ ဦးဆောင်မှုနဲ့ ကျမတို့ searchers-myanmar အဖွဲ့ ရဲ့ ပံ့ ပိုးကူညီလှူဒါန်းမှုကြောင့် ခုလို ကုသိုလ်ဖြစ် ကျေးရွာဆေးခန်းလေးတစ်ခု ဖွင့် နိုင်တာဟာာ ဒီပရဟိတ ဂေဟာမှ လူငယ်များအပြင် နီးစပ်ရာ ရွာနီးချုပ်စပ်မှ နွမ်းပါးပြီး ကျန်းမာရေးဗဟုသုတ မရှိသေးသူများ၏ ကျန်းမာရေးကို အတန်အသင့် အထောက်အကူပြုနိုင်မှာ ဖြစ်လို့ ဒီကုသိုလ်ဖြစ် ဆေးခန်းလေး ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ဆေးဝါးများ၊ ဆေးခန်းအသုံးအဆောင်ပစ္စည်းများ၊ ရံပုံငွေနှင့် လုပ်အားဒါနများ လိုအပ်လျက်ရှိရာ မိမိတို့ ဆန္ဒရှိသရွေ့ ကုသိုလ်ပါဝင်ကြရန် နှိုးဆော်လိုက်တယ်နော်။
တကယ်လို့ လူမှုရေးလုပ်ငန်းတွေကို ကူညီလုပ်ကိုင်ဖို့ စိတ်ဝင်စားတယ်ဆိုရင်ဖြင့် searchers-Myanmar နဲ့ လာရောက် လက်တွဲနိုင်ဖို့ ဖိတ်ခေါ်ပါရစေ။
ဒေါင်းလုပ်ယူရန်။။ searchers အကြောင်း(၁)
searchers အကြောင်း(၂)
အသင်းဝင် ပုံစံ(၁)
အသင်းဝင် ပုံစံ(၂)


8 comments:

Maydarwii said...

မယ်လိုဒီမောင်တို့ အဖွဲ့ကို သာဓုခေါ်ပါတယ်ရှင်။

MELODYMAUNG said...

မမမေ ရေ လာလည်ပြီး ကွန့် မန့် လေးမှာ သာဓုခေါ်သွားတာကျေးဇူးပါ ဆက်လက်ပြီး ကြိုးစားဆောင်ရွက်နေပါမယ်

ah nai said...

ဒီကနတ်ဆိုးလည်းသာဓု ခေါ်ပါတယ်
ငရဲ ပြည်ပို့ ဖို့  လူတွေလိုက်ကြည်နေတာ
မမယ်လိုဒီကိုတော လုပ်ရပ်အတွက်.. သာဓုခေါ်ပါတယ်

နတ်ဆိုး

MELODYMAUNG said...

သာဓုခေါ်ဖေါ်ရတဲ့ နတ်ဆိုးလဲ နတ်ကောင်းကြီးဖြစ်ပါစေ

Miss said...

မမမယ်လိုဒီတို့အဖွဲ့ကို..သာဓုလည်းခေါ်တယ်....အားလည်းအားကျပါတယ်..
စနိုး

မောင်ဂျက် said...

အမရေ အဲ့ဒီ ဒေသက ဆေးခန်းမှာ ဘာဆေးဝါးတွေလိုပါသလဲ။ ဒေသအလိုက် ဘာရောဂါတွေ အဖြစ်များပါသလဲ ၊ ကျောင်းသားလေးတွေ ဖတ်စာအုပ် စာရေးကိရိယာ ဘယ်လောက်လိုပါသလဲ ကျောင်းသား ၊ လူနာ ဘယ်လောက်ရှိပါသလဲ ၊ အ၀တ်အစားတွေရော လို ပါသလား ။ ရေးသားပြီးသားရှိရင်လဲ အားနာစွာနဲ့ ပြန်တောင်းဆိုလိုက်ပါတယ်။
judsonjoseph@gmail.com သို့ data ပို့ပေးမည်ဆိုက ကျေးဇူးအထူးတင်ပါသည်။

MELODYMAUNG said...

ဒေသအနေနဲ့ ကတော့ လုံးဝ ကျန်းမာရေးအသိပညာ ဗဟုသုတမရှိခဲ့ တော့ ဘာဆေးပေးပေး ဆေးတိုးတယ်ဆိုရမှာပဲ ၂ရက် ၃ရက်သောက် ရောဂါပျောက်တာပဲ။
အများဆုံးပေးရတဲ့ ကုရတဲ့ ဆေးတွေကတော့ အားဆေး။ အကိုက်အခဲပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေးနဲ့ ယားနာလိမ်းဆေးတွေပါ။ 3CC ဆေးထိုးအပ်တွေလဲ များများလိုပါတယ်။ ထိခိုက်ဒါဏ်ရာအတွက် လိမ်းဆေး နဲ့ မေးခိုင်ကာကွယ်ဆေးမျိုးတွေလဲ လိုအပ်ပါတယ်။ ဆရာဝန်ကို သေချာပြန်မေး ပေးပါဦးမယ်။ လောလောဆယ် လူနာအရေအတွက်က ၆၀ကျော်နေပါပြီ။ ၁၀၀ကျော်ဖြစ်လာမယ်လို့ တော့ ခန့် မှန်းထားပါတယ်။ ကျောင်းသားအရေအတွက် ၂၅၀ကျော်ရှိပါတယ်။ ကျောင်းသားတွေ အတွက် ပညာသင်စရိတ်ကိုလဲ အလှူငွေတွေနဲ့ မတည်ထားပေမဲ့ ဗလာစာအုပ်၊ စာရေးကိရိယာတွေလဲ နည်းများမဆို လှူမယ်ဆိုရင်လဲ ၀မ်းသာစရာပါပဲ။ အတိအကျ အသေးစိတ် အချက်အလက်တွေကိုလဲ မေးလ် ပို့ လိုက်ပါ့ မယ် ကိုဂျက်ရေ။

MYO HAN HTUN said...

ကျွန်တော်လည်း လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်ကလုပ်ခဲ့ဖူးပါတယ် .. မမယ်လိုဒီမောင်နဲ့အဖွဲ့ကို သာဓု သုံးကြိမ်ခေါ်ပါတယ်။