Wednesday, May 30, 2007

ကျမ၏ ဘလော့ ဂ်အိမ်လေး (သို့ ) ချမ်းမြေ့ ရိပ်မြုံ

ချမ်းမြေ့ ရိပ်မြုံ အိမ်လေးတွေကို Home Sweet Home ဟု အမည်တပ်ကြသည်ကို တွေ့ ဖူးပါသည်။ ကျမ၏ ဘလော့ ဂ်အိမ်လေးကိုလည်း Blog Sweet Blog ဟု နာမည်ပေး ကင်ပွန်းတပ်လုပ်ရန် စဉ်းစားမိပါသည်။ ကျမ၏ ချမ်းမြေ့ ရိပ်မြုံ ဤဘလော့ ဂ် အိမ်လေးကို နာမည် မပေးခင် ဤအိမ်လေး ဖြစ်ပေါ်လာရခြင်း ကိုပြောပြချင် ပါသေးသည်။

မကြာသေးမီနှစ်များက ကျမတို့ ၏နိုင်ငံသည်လည်း သူများနိုင်ငံများစွာနည်းတူ ဆဲလ်ဖုန်းနှင့် ကွန်ပြူတာသည် ဆယ်ကျော်သက်၊ နှစ်ဆယ်ကျော်သက် လူငယ်များ၏ အသက်သွေးကြောအဖြစ် ရောက်ရှိလာပြီး ကြီးမားကျယ်ပြန့် သော လူမှုဆက်သွယ်ရေး ကွန်ယက်ကို ဖြန့် ကျက်စေပါသည်။ ဆဲလ်ဖုန်းနှင့် အင်တာနက်တို့ သည် အကျိုးများစွာ ရှိကြောင်းကို လူတိုင်းသဘောတူကြပါသည်။ ဆဲလ်ဖုန်းကို ဆေးစွဲသလိုစွဲကာ သူငယ်ချင်းများနှင့် မပြတ်ဆက်သွယ် နေတတ်သော လူငယ်များရှိသကဲ့ သို့ အင်တာနက်ဖွင့် ပြီး မနက် ၃နာရီထိ ထိုင်ကြည့် တတ်သော သို့မဟုတ် အွန်လိုင်းသူငယ်ချင်းများနှင့် chatting လုပ်နေသော လူငယ်များလည်းရှိရာ မိဘများနှင့် ပညာရှင်များသည် ဤသို့ အချိန်ဖြုန်းနေကြသောလူငယ်များအတွက် စိုးရိမ်ပူပန်စရာ ဖြစ်လာပါသည်။

ကျမအနေဖြင့် မူ ဆဲလ်ဖုန်းလဲ အကြာကြီးမပြောချင်၊ chatting လုပ်ဖို့ လဲ စိတ်မ၀င်စား၊ အလုပ်ကလဲ များသည်မဟုတ်လား။ သို့ ပေမဲ့ ဖိုရမ်တခု၌ active member အဖြစ် ၀င်ရောက်ဆွေးနွေးလိုက် ကိုယ်မသိတာလေးတွေ သိသင့် သိထိုက်တာလေးတွေ ၀င်ဖတ်လိုက်နှင့် အချိန်ကုန်ခဲ့ ရာမှ ကိုယ်ပိုင် ၀ဘ်စာမျက်နှာ (web page) ဖွင့် ၍ ရုပ်ပုံများ၊ ဗွီဒီယိုများ၊ နေ့ စဉ်မှတ်တမ်းများ ဖန်တီးနိုင်ခွင့် ရှိသော ဘလော့ ဂ်(blog) သို့မဟုတ် weblog ဟုခေါ်သော အင်တာနက် ဆိုဒ်အများအပြားရှိကြောင်း သိလာရသည်။ ထိုသို့သော ဘလော့ ဂ်တခု ဖန်တီးစေခြင်း၏ ဆွဲဆောင်မှုမှာ မိမိသည် မည်သို့ သော လူစားဖြစ်ကြောင်းနှင့် မိမိ၏ ထင်မြင်ယူဆချက်၊ ခံစားချက်များကို ဖေါ်ပြခွင့် ရခြင်း၊ မိတ်ဆွေ သူငယ်ချင်းများနှင့် အဆက်အသွယ် မပြတ်စေခြင်းတို့ ဖြစ်သည်။ ဤသို့ ဖြင့် ဖေဖေါ်ဝါရီလ၏ တစ်ရက်တွင် ကျမ၏ချမ်းမြေ့ ရိပ်မြုံ ဖြစ်လာမည့် ဘလော့ ဂ်လေးကို ဖန်တီးမွေးဖွါးခဲ့ ပါသည်။

ပထမစစချင်းတွင်မတော့ ဘာအကြောင်းရေးရမည်မှန်းလဲ ကျမမသိပါ။ သူများ blog တွေကို အရင်လိုက်ဖတ်ပါသည်။ ဓါတ်ပုံ၊ ပန်းချီ၊ ဒီဇိုင်းလှလှလေးတွေနှင့် blog တွေ၊ ကဗျာတွေ ခံစားချက်တွေ အရေးအသားကောင်းတဲ့ ၀တ္ထုတိုတွေနှင့် blog တွေ၊ အတွေးအခေါ် ကောင်းတွေနှင့် အထွေထွေဗဟုသုတရတဲ့ blog တွေ၊ သီချင်းတွေ ဟာသတွေ စာအုပ်တွေ ဝေမျှထားတဲ့ blog တွေ၊ up to date ဖြစ်တဲ့ စက်ရပ်သတင်းနဲ့ blog တွေ စသဖြင့် သူတို့ အသီးသီးရဲ့ blog တွေကို ဖတ်ရင်း သင်ယူရင်းနဲ့ ပဲ ကိုယ့် ဘလော့ ဂ်လေးမှာလဲ ကဗျာတွေ ရေးတယ်၊ ၀တ္ထုတိုတွေ ရေးပါတယ်။ နှလုံးသားနဲ့ ခံစားပြီးရေးတဲ့ အချစ်တွေလဲပါတယ်၊ အလွမ်းအဆွေးတွေလဲ ပါတယ်၊ ကြည်နူးစရာလဲ ပါတယ်၊ နေ့ တဓူဝ ကိုယ့် ရဲ့ လုပ်ငန်းဆောင်တာတွေလဲ ပါတယ်၊ ကိုယ့် ရဲ့ ဒိုင်ယာရီလဲ ပါတယ်၊ မြန်မာပြည်ထဲက စပ်မိစပ်ရာ အကြောင်းလဲ ပါတယ်၊ တခါတလေ သူငယ်ချင်းတွေ အကြောင်းလဲ ပါတယ်။ ဒီလိုနဲ့ တစတစ ကျမရဲ့ ဘလော့ ဂ်အိမ်လေးမှာ အခန်းငယ်လေးတွေ၊ အခန်းကျယ်လေးတွေ အစီအရီနဲ့ အပီအပြင်ရုပ်လုံးပေါ်လာတယ်။ တချိန်တည်းမှာ ဒီဇိုင်းလေးတွေ လှအောင်လည်း ကြိုးစားပြင်ဆင်ရတာပေါ့ ။

ကျမက လက်တွေ့ ဘ၀မှာ ကိုယ်ပိုင်အိမ်နဲ့ နေမနေရတာ မိဘတွေနဲ့ ခွဲနေကတည်းက ခုထိဆို ၉နှစ်တာကာလတောင် ကြာရှည်ခဲ့ ပြီဆိုပါတော့ ။(တမျိုးတော့ မထင်ပါနဲ့ လေ။ မန္တလေး ကနေ ရန်ကုန်မှာ လာနေတာ အဆောင်ပဲ နေဖြစ်တာမလို့ ပါ။) ဒါကြောင့် အိမ်လာလည်တဲ့ သူငယ်ချင်း အပေါင်းအသင်းဆိုတာ ဒီနေ့ ထိဆိုရင်တောင်မှ ဆယ်ယောက်မကျော်ပါဘူး။ ဒါပေမဲ့ အွန်လိုင်းမှာတော့ ကျမရဲ့ ကိုယ်ပိုင် ဒီဘလော့ ဂ်အိမ်လေးကို လာလည်ကြတဲ့ အပြင်လောကနဲ့ မခြား ရင်းနှီးနွေးထွေးတဲ့ သူငယ်ချင်းမိတ်ဆွေတွေ ကတော့ ရာနဲ့ ချီတာမလို့ နဲနဲတောင် ဘ၀င်မြင့် စရာပါ။

ကျမရဲ့ ဘလော့ ဂ်အိမ်လေးက ဘာကြောင့် ကျမအတွက် ချမ်းမြေ့ ရိပ်မြုံလေး ဖြစ်ရသလဲ ဆိုတော့ ချစ်ခင်ဖွယ်ရာကောင်းတဲ့ ဧည့် သည်တွေလဲ လာတယ်လေ။ မုံ့ ကျွေးခိုင်းတဲ့ သူတွေလဲ ရှိသလို ကျမကို ရေခဲရေပဲတိုက်လို့ ကပ်စေးနှဲတယ် ထင်ပြီးပြောတဲ့ သူတွေလဲ ရှိတာ။ ဒါပေသိ အဲဒီလို ပြောခံရတာကိုက ကျမအတွက် နွေးထွေးစေတာပါ။ ကျမဘ၀မှာ အထီးကျန်ခဲ့တယ်ဆိုတဲ့ ခံစားချက်က လုံးဝမရှိတော့ သလောက် အရည်ပျော်ပျောက်ဆုံးသွားခဲ့ တာပါ။ ကျမရဲ့ ဘလော့ ဂ်အိမ်လေးမှာ ဧည့် ခံရေးသားထားတဲ့ ပို့ စ်လေးတွေကို “ဆက်ရေးနော်--- အားပေးနေတယ်”တို့ ၊ ဧည့်သည်တွေလာဖတ်လို့ အဆင်ပြေအောင် တနေ့ ထက်တနေ့ ပြင်ဆင်နေတာကို “ကြိုးစားနော်” တို့ ၊ “များများရေးနော်---စာရေးတာကောင်းတယ်” “ကဗျာလေးတွေ ကြိုက်တယ်” စတဲ့ စတဲ့ ချီးမွမ်းမှု၊ အားပေးမှု တွေအပြင် မသိသေးတာ မတတ်သေးတာတွေကို ဂရုတစိုက် သင်ပြပေးမှု။ ဒီလို လက်ဆောင်ပေါင်းများစွာကို ကိုယ်စီကိုယ်ငှ အပ်နှင်းသွားတဲ့ ဘလော့ ဂ်မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ စည်ကားပျော်ရွှင်ရတဲ့ ဒီအိမ်လေးကိုမှ ကျမရဲ့ ချမ်းမြေ့ ရိပ်မြုံ မဖြစ်ရင် ဘယ်ကမ္ဘာမှာမှ သွားရှာလဲ ထပ်တူတွေ့ စရာ အကြောင်းမရှိပါဘူးလေ။

စာအရေးအသားကောင်းလွန်းလို့ ကျမအားကျရတဲ့ ဘလော့ ဂါအစ်ကို တစ်ယောက်ဖြစ်တဲ့ ကိုကလိုစေးထူးက ပြောဖူးတယ် “ စာပေနယ်ဆိုတာ ဈေးတန်းကြီးတခုနဲ့ တူတယ်” လို့ ထင်မိပါတယ်တဲ့ ။ အဲဒီဈေးတန်းထဲမှာ ကော်ဖီဆိုင်လဲ ရှိ၊ ပန်းဆိုင်လဲ ရှိ၊ သစ်သီးဆိုင်လဲ ရှိ၊ အရက်ဆိုင်လဲ ရှိတာပေါ့ တဲ့ ။ ကော်ဖီဆိုင် ၀င်မလား၊ အရက်ဆိုင်ဝင်မလား သင်ကြိုက်ရာရွေးချယ်ပါ။ အရက်ဆိုင်မှာ လူစည်ကားတာတော့ မကောင်းလှပါတဲ့ ။

အဲဒီလိုပါပဲ ကျမတို့ ဘလော့ ဂါရပ်ဝန်းက ဘလော့ ဂ်အိမ်လေး တွေမှာလည်း စာရေးဆရာ၊ ကဗျာဆရာ၊ ကွန်ပြူတာပညာရှင်၊ ဆရာဝန်၊ ဂျာနယ်လစ်၊ tarot ဗေဒင်ဆရာ စသဖြင့် အိမ်ရှင်အသီးသီးရဲ့ ဘလော့ ဂ်အိမ်လေးတွေမှာ တည်ခင်းဧည့် ခံထားတဲ့ ကဗျာ၊ ဆောင်းပါး၊ ၀တ္ထုတို(နှလုံးသား အာဟာရ ရသ)၊ နည်းပညာ နဲ့ သတင်းအချက်အလက်(သုတ)၊ အတွေးအခေါ်(သို့ ) အတွေးအမြင်၊ လူမှုဝန်းကျင်၊ ထွေရာလေးပါး စပ်မိစပ်ရာ ကွိစိကွစ ပို့စ်လေးများကို ဖတ်ရှုရင်း၊ ဝေမျှရင်း၊ ခံယူရင်း၊ ဝေဖန်ရင်း သင်ကြိုက်ရာ ရွေးချယ်လို့ လာလည်ဖို့ လှိုက်လှဲနွေးထွေးစွာကြိုဆိုရင်း ဖိတ်ခေါ်ပါရစေ ချစ်မိတ်ဆွေရေ။

7 comments:

Yan Aung said...

သားကတော့ ကော်ဖီရောင်းတဲ့ ဘီယာဘားကို ၀င်မယ်.
ဒါမှ ကိုယ်ဘာသောက်တယ်ဆိုတာ ဘယ်သူမှ မသိမှာလေ...
ဟတ်ဟတ်ဟတ်...

CMS said...

ဒီပို့စ်လေးကိုဖတ်ရတာ နွေးထွေးမှုကို ခံစားရတယ်ဗျာ :)
ဒါနဲ့ .... အစ်မက မန်းလေးကလား ?

MELODYMAUNG said...

ကိုရန်တို့ ကတော့ ဂယ်ပဲ စကားထဲ က ဇာတိပြ ဟွန်း
ဟုတ်တယ် ကိုချမ်းရေ မန်းလေးကပါ

tzm said...

ကျွန်တော်လည်း ကိုရောင်အန် အဆိုကို ထောက်ခံတယ်ဗျို့...

ဒါနဲ့.. စကားမစပ်.. ခုရော လာလည်တာ ဘာကျွေးမှာလဲ.. :P

ကလိုစေးထူး said...

မရောက်တာ နှစ်ရက်လားမသိ ရှိသွားပြီ။ ကျနော် တခုလောက် တောင်းဆိုချင်တယ်ဗျ။ ဘလော့ဂါတွေထဲမှာ ညီမမယ်လိုဒီမောင်လိုမျိုး အဆောင်နေ (သတိမထားမိတာဘဲလား မသိ) ရှားသလိုပဲ။ အဆောင်က သူငယ်ချင်းတွေ အကြောင်း၊ သူတို့ရဲ့ ဘ၀ ရပ်တည်ရတဲ့ ပုံစံလေးတွေ၊ ပြီးတော့ ညီမမယ်လိုဒီမောင်ရဲ့ လုပ်ငန်းခွင် အတွေ့အကြုံလေးတွေ (ရေးလို့ရတဲ့ အကန့်အသတ် ရှိသလောက်) ပေါ့။ ရေးပေးနိုင်ရင် ဖတ်ချင်တယ်။ မောင်ရန် ပြောတာ မိုက်တယ်။ ကော်ဖီရောင်းတဲ့ ဘီယာဘားသွားမှ..ဟဲဟဲ။ မြန်မာပြည်မှာတုန်းကတော့ အအေးထဲမှာ ဟိုဒင်းဟိုဟာရောပြီး ခပ်တည်တည်သောက်ဖူးတယ်။ :D

MELODYMAUNG said...

ဘာကျွေးမှာလဲပဲမေးနေကြတယ် အီးကော့တေးသောက်ဆ

MELODYMAUNG said...

ကိုကလိုစေးထူးရေ အဆောင်က သူငယ်ချင်းတွေ အကြောင်း၊ သူတို့ရဲ့ ဘ၀ ရပ်တည်ရတဲ့ ပုံစံလေးတွေ၊ ပြီးတော့ လုပ်ငန်းခွင် အတွေ့အကြုံလေးတွေ (ရေးလို့ရတဲ့ အကန့်အသတ် ရှိသလောက်) ဖတ်ချင်တဲ့သူရှိမှတော့ ရေးဦးမှာ မြှောက်ပေးရင်ကွေးနေအောင် ကတယ် ဟဲဟဲ