Saturday, May 26, 2007

သန်းခေါင်ယံညရဲ့ တမ်းချင်း

အသက်ရှုလိုက်တိုင်းမှာ
သတိရနေတာ မင်းကို ငါ…
စဉ်းစားလိုက်တိုင်းမှာ
ပေါ်လာတာက မင်းအကြောင်းတွေပါ…

သန်းခေါင်ယံညရဲ့ တမ်းချင်း
ကောင်းကင်မှာလဲ ကြယ်တစ်စင်း
ငါချစ်တာလဲ တစ်ယောက်ထဲ မင်းပေါ့ …

မင်းလိုရာဆောင်ကြဉ်း
ကြည်ဖြူစွာ အရာရာ ငါမငြင်း
မင်းအတွက် ထာဝရ ငါ့ ရဲ့ ချစ်ခြင်းပါ...

ပိုင်ဆိုင်လိုဖို့ မစဉ်းစားပါ
စေလိုရာသာ စေလိုက်ပါ
နေသာသလိုသာ နေလိုက်ပါ
ငါရင်မဆိုင်နိုင်တာ မေ့ ခိုင်းမှာကိုပေါ့ …

2 comments:

LIN LET KYAL SIN said...

ဒီကဗျာလေးကြိုက်တယ်မမ။ အမြဲအားပေးနေလျက်နော်။

MELODYMAUNG said...

မကြိုက်ပါနဲ့ ညီမလေးရေ ချစ်ရလွမ်းရတာကောင်းဝူး အမြဲအားပေးနေတာကျေးဇူးနော်