Monday, May 28, 2007

ကျမ၏တနင်္ဂနွေ

မနေ့ က မြင်သာမြို့ ဦးမိဘမဲ့ ကလေးကျောင်းကို လုပ်အားပေးပေါ့နော်။ အဲဒီကျောင်းအတွက် ဘလော့ ဂ်တစ်ခုဖန်တီးပေးထားပြီး ကျောင်းရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို ဒီဘလော့ဂ်လေးမှာ up to date တင်နိုင်အောင် အဲဒီကျောင်းမှာနေတဲ့ ကျောင်းသားနှစ်ယောက်ကို သွားပြပေးဖြစ်တယ်။ မြို့ထဲကနေ နေ့လည် ၁၂နာရီ ခွဲလောက်မှာ၂၀၃စီးပြီး ၁နာရီ ၄၅လောက် ကျောင်းကိုရောက်တယ်။ ထုံးစံအတိုင်းမီးမလာလို့ တဲ့ မီးစက်နှိုးပြီး ကွန်ပြူတာသုံးရတယ်။ ကျောင်းသားက စိတ်ဝင်တစားနဲ့ လိုက်လံ မှတ်သားတာရော connection က dial up မလို့ နှေးတာရောကြောင့် သိသင့် သိထိုက်တာလေးတွေပြပေးရင်း ပို့စ်အသစ်တခု အစမ်းတင်ကြည့် ရင်းနဲ့ တင် ၄နာရီခွဲသွားတယ်။ ကျောင်းလေးက ဆင်းရဲပါသေးတယ်။ အလှူရှင်တွေလိုသေးတာပေါ့ ။

ကြည်နူးစရာတခုက ကျမ ဒီဘလော့ဂ်လေးကို ကိုယ်ဘာသာ ဧပရယ် ၃၀လောက်တုန်းက တင်ထားပေးခဲ့တာကို အမေရိကားက အလှူရှင်လောင်းတစ်ယောက်က တွေ့သွားပြီး ဖုန်းနဲ့ ဦးဇင်းဦးပညာစာရဆီကို ဆက်သွယ်လာပြီး အလှူ ငွေ မြန်မာကျပ်တစ်သိန်းလှမ်းလှူပါတယ်တဲ့ ။ ဒီအကြောင်းကို ဘုန်းဘုန်းကပြောပြတော့ ကျမ ဘယ်လိုဝမ်းသာကြည်နူးမိမှန်းတောင် ပြန်မပြောတတ်ပါဘူး။
ပြီးတော့ ကျမတို့ ပို့စ်အသစ်တခု အစမ်းတင်ကြတော့ ကျောင်းဆောင်သစ်ဆောက်ပြီးတဲ့ အကြောင်းလေး တင်ဖြစ်တယ်လေ။ ဒီကျောင်းဆောင်လေးပေါ့ ။
မေလ ၃ရက်နေ့ မှာ စတင်ဆောက်လုပ်ပြီး ၂၃ရက်နဲ့ အပြီး ကျောင်းဖွင့် ချိန်အမီလေ။ မေလ ၂၆ရက်နေ့မှာ ပြီးစီးပါတယ်။ အလျား ၇၂ပေနဲ့ အနံ ၂၅ပေရှိပြီး စာသင်ခန်း ၆ခန်းတွဲ တစ်ထပ်ကျောင်းဆောင်လေးပါ။ စာသင်ခန်း တစ်ခန်း ကို ကျောင်းသား ၃၀ကနေ ၄၀ခန့် သင်ကြားနိုင်ပြီး အလယ်တန်းကျောင်းသားတွေအတွက် အဆောင်သစ်ပါ။ ဒီနှစ်မှာ ၈တန်းထိလက်ခံပြီး ကျောင်းအပ်လက်ခံထားတာ မိဘမဲ့ ကလေး ကျောင်းအိပ်ကျောင်းစား ၁၇၄ဦးနဲ့ အပြင်အနီးတ၀ိုက်က လာတက်တာ ၁၁ဦး စုစုပေါင်း ၁၈၅ဦးရှိပါတယ်။ ကျောင်းဆောင်ဆောက်လုပ်ငွေ ကုန်ကျစရိတ်က ကျပ်ငွေ ၄၃သိန်းရှိပါတယ်။ ပြင်ပအလှူရှင်တွေရဲ့ အလှူငွေနဲ့ ကျောင်းရံပုံငွေတွေပေါင်းပြီး ဆောက်လုပ်တယ်လို့ သိရပါတယ်။ အဲဒီ ပြင်ပအလှူရှင်တွေထဲမှာ နှစ်ဆန်း၂ရက်နေ့ က မြန်မာကျူးပစ် အွန်လိုင်းသူငယ်ချင်းများ(ကျမတို့ အုပ်စု) ရဲ့ အလှူငွေတွေလဲ ပါတယ်လို့ ဘုန်းဘုန်းကပြောတော့ ဒီကျောင်းဆောင်သစ်လေးကို မြင်ရတာလည်းကြည်နူးရတာပါပဲ။
ကဲ သူငယ်ချင်းမိတ်ဆွေတွေရေ ဒီကျောင်းလေးရဲ့ ဘလော့ ဂ်လေးကိုလဲ သွားလည်ကြပြီး လှူချင်တဲ့ အလှူရှင်တွေကိုလဲ လက်တို့ လိုက်ကြပါဦးနော်။

5 comments:

ghost07 said...

i just know that . my native coutry has alot monastice school for poor children.


jimmy

နိုင်းနိုင်းစနေ said...

ဖတ်ရတာ ကြည်နူးစရာလေးပါ မိလိုဒီ
သာဓု သုံးကြိမ်ခေါ်ပါတယ်... လှူနိုင်အောင်လဲ ကြိုးစားမယ်.
ကျေးဇူး..မိလိုဒီ

MELODYMAUNG said...

ကျေးဇူးပါ နိုင်းနိုင်းစနေရေ နောက်လဲ မှတ်ချက်လေးတွေရေးပေးဦးနော်

Hey ghost07,
yes, of course.There are a lot of monastic school for poor children and orphanage. We should search and help them as much as we can. Am I right?

Yan Aung said...

သာဓုဗျာ သာဓု သာဓု
ခုလို ကူညီတဲ့ မယ်လိုဒီတစ်ယောက် ဘဲချောချောလေးနဲ့ ငြိပါစေ
သို့
ဘလော့ဂါကောင်လေးချောချောလေးနဲ့ ဆီဗုံးမှာ ဇာတ်လမ်းဖြစ်ပါစေ
ဟတ်ဟတ်

MELODYMAUNG said...

တကယ်ပဲ ဆုတောင်းပေးနေလိုက်တာ ချက်ချာကြီး