Thursday, May 24, 2007

ဒိုင်ယာရီရေ

နင် ငါ့ ဘ၀ထဲက ထွက်သွားပြီး
နင်မရှိတော့ တဲ့ နေ့တွေမှာ
ငါဟာ ငါ့ ကိုယ် ငါ အလုပ်မှာပဲ နစ်မြုတ်လို့
ပိုက်ဆံရရ မရရ လုပ်လို့ ရတဲ့ အလုပ်မှန်သမျှ
ငါ ရှာဖွေ လုပ်နေတော့ တာပေါ့ ။

ထမင်းစားတဲ့ အချိန်တိုင်းမှာလဲ
ငါနဲ့ တူမဲ့ ဟင်းကိုမှ တူအောင်လိုက်စားတတ်တဲ့
နင့် အကြောင်းတွေကို မေ့ထားလို့ ရအောင်ကြိုးစားရင်း
အရသာရှိရှိ မရှိရှိ ၀အောင်စားလို့
ကိုယ်အလေးချိန်တောင် တိုးလာသေးတာပေါ့ ။

ည ဘက်တွေရောက်တိုင်း
ငါတို့ ဖုန်းပြောနေကြ အချိန်တိုင်းမှာ
ပြောနေကြစကားလေးတွေကို သတိမရလေအောင်
တွေ့သမျှလူနဲ့ စကားတွေ ဖောင်ဖွဲ့ ဖို့ ကြိုးစားလိုက်တာ
ခုဆို ငါ့ မြင်ရင်တောင် ဝေးဝေးက ရှောင်ကုန်ကြပြီဟာ။

မုန်းလို့ မရ မေ့ လို့ မရ
နင့် ကို ချစ်ခဲ့ မိတဲ့ ၀ဋ်ဒုက္ခ
အပြစ်ရှိက ချစ်မိသမျှ
ငါ့ နှလုံးသားလေး နင်ပြန်ပေးခဲ့ ပါ။ ။

2 comments:

ကလိုစေးထူး said...

ဒီခေါင်းစဉ်မျိုး ကျနော် နေးတစ်ဖိုရမ်မှာ ဖတ်မိသေးလားပဲ။ ဒါပေမယ့် အဲဒီတုန်းကတော့ မယ်လိုဒီမောင်ရေးလား မရေးလားဆိုတာ သတိမထားလိုက်မိဘူး။ အခုတော့ ဒီဘလော့ဂ်မှာ ဖတ်သွားတယ်။ ကျနော့်စိတ်ထဲမှာတော့ ဘလော့ဂ်ရေးနေတာဟာ တခါတလေမှာ ဒိုင်ယာယီရေးခြင်း ခပ်ဆန်ဆန်ပဲလို့ ထင်မိတယ်။ အမြဲတမ်းတော့လည်း မဟုတ်ဘူးပေါ့။

MELODYMAUNG said...

နေးတစ်ဖိုရမ်မှာ မရေးဖူးပါဘူး မြန်မာကျူးပစ်မှာတော့ ရေးဖူးတယ်လေ