Wednesday, May 23, 2007

ကြင်နာလာမဲ့ တနေ့ နေ့ အတွက်

ချစ်သူ နင်အပြစ်ဆိုလဲ
ငါ အချစ်ပိုဆဲ

နင်စိတ်မလိုလဲ
ငါ အရိပ်လိုပဲ နေပါ့ မယ်

နင်မကြင်နာလဲ
ငါ ရင်နာနာနဲ့ ရှင်သန်ဆဲ

နင် ငါ့ ကို ထားရစ်ခဲ့ ဖို့ ကြံစည်လေလို့
ရှောင်ဖယ်လေသလား

နင် အမုန်းစကားတွေဆို
ငါ့ နှလုံးသားတွေ ငို

နင် ကြင်နာလာမဲ့ တနေ့ နေ့ အတွက်
ငါ ရင်ခုန်စွာနဲ့ တရွေ့ ရွေ့ ဘ၀ခရီးဆက်

7 comments:

CMS said...

ဒီကဗျာလေး ကြိုက်တယ်ဗျာ
ဆက်လက်အားပေးနေပါတယ် :)

Mayvelous said...

I like it too. Nice writing. Rolling.

မယ်လိုဒီမောင် said...

ကျေးဇူးနော် ကိုချမ်း ၊ ဒါမျိုးလေးတွေ ကြိုးစားပြီး ဆက်ရေးဦးမယ်

Yan said...

ချစ်သူ နင်ချစ်လိုပေမယ့်
ငါ့မှာ အပြစ်တွေပိုနေလို့
နင်နေလိုပေမယ့်လည်း
ငါမကြိုနိုင်ခဲ့တာပါ..
နင်ရှင်သန်နေချိန်တွေမှာ
ငါလေဆန်ကိုပျံသန်းနေလို့
နင်ငိုနေပေမယ့်လည်း
ငါပြန်မလာလိုတော့ပါ
နင့်ဘ၀ရဲ့ရှေ့ခရီး ပြီးပြည့်စုံစေဖို့
ငါ့ထက်ကြင်နာမယ့်သူ နင်ရှာတွေ့နိုင်ပါစေဟာ….

မယ်လိုဒီမောင် said...

ကိုရန်ရေ ဟတ်ထိသွားတယ် သက်ဆိုင်သူကများ ၀င်ရေးသွားသလားလို့လေ ပြန် check ကြည့်လိုက်မှ ကိုရန်ဖြစ်နေတယ် သိမ်းထားလိုက်တယ်နော် ကျေးဇူးပါ

saw said...

very nice.


thamudaya

MYO HAN HTUN said...

ဟ ဟ .. မိုက်ပါ့ ဗျာ .. နဘေကာရံတွေနဲ့ .. Very Good Poem